Sunday, 26 August 2012

ဒီငြိမ်းလင်း မွေးနေ့ သို့ ..... ငါ …အားဆေးတွေ တိုက်ခဲ့တယ်

ဒီငြိမ်းလင်း မွေးနေ့ သို့ .....
ရေးသူ- ကိုထွန်းဝေ (ဂျပန်)
ဒီဇိုင်း Ko Myoe

ဒီငြိမ်းလင်း ဆိုတဲ့ မွေးနေ့ ရှင်
လူကောင်က သေးသေး
စိတ်ဓါတ်က ပြင်းပြင်း
အကောင်သေးပေမဲ့
အဆိပ်ပြင်းတဲ့ မင်းလိုလူ
ထောင်တွေကိုအံတု
ခံစားချက် ပြင်း
ကြောက်စိတ်မရှိတဲ့
ငပွေးလေး


ဗမာပြည်မှာ ဒီရဲ ဒီမင်း ဒီဖွတ်ဆို တဲ့
အာဏာသားတွေကို
မင်းရဲ့ ဘ၀စာမျက်နှာထဲမှာ
ဆွဲဖြဲပစ်လိုက် ညီလေး
လျှပ်စီးတွေ တဖြန်းဖြန်းလက်တဲ့အလား
ပြည်သူလူထုကို ဘယ်ဘက်ပုခုံးနဲ့ 
အလုပ်အကြွေးပြုမယ့်လူသား
ရိုးသားကြိုးစား
အပြစ်ကင်းမဲ့ စွာ
မင်းလုပ်နေတဲ့
တော်လှန်ချစ်စိတ်က
ကျောင်းသားသမဂ္ဂကို
ထူထောင်မယ်တဲ့လား
မွေးနေ့ ရှင်ရဲ့ အပြုံးက
အားသစ်တွေစု ဖို့  သမိုင်းက
စိန်ခေါ်နေပြီ ဟေ့။

ဒီငြိမ်းလင်း ရဲ့ ဘ၀တွေ
အတိတ်က တမ်တခြင်း များစွာနဲ့ 
ထောင်တံခါးဝ ရဲ့ နာကျင်ခြင်းရနံ့တွေ
ရှိုက်မိတိုင်း သံတိုင်ကြားထဲ
ထပ်မသွားစေချင်
ကောင်းကင်ထက်က အလင်းပျောက်ကြယ်ဟာ
အသက်စတေးဖို့ ….
…………………..
ပါးပါးလေးနဲ့ 
တန်ဘဲလှော်လှော်
တော်ဘဲလှန်လှန်


မနက်ဖြန်မွေးနေ့ ကို

ငါ …အားဆေးတွေ တိုက်ခဲ့တယ်

အနှစ်တစ်ရာ လိုတဲ့ဆုနဲ့ ပြည့်ပါစေ

-ကိုထွန်းဝေ (ဂျပန်)

No comments:

Post a Comment