Sunday, 26 August 2012

အမေစုနဲ့  သာသနာ

အမေစုနဲ့  သာသနာ
*************

ဘာသာတရားကို ကိုင်းရှိုင်း
သာသနာတော်ကို အလေးပေး
တကျော့ထူးတဲ့ ကောမှူးမှာ
တရားကိုဦးထိပ်ထားတဲ့ အမေ
မေတ္တာ တရားကကြီးမား



အရှေ့ မှာ လေပြည်
အနောက်မှာ နေခြည်
နေပြည်တော်မှာ လေနီကြမ်း
အမေ့ ရင်ထဲမှာသာသနာမိုးရွာတော့
အမေ့သွားရာလမ်းကို
သားတို့ သာဓုသုံးကြိမ်
မှန်းမျှော်ကာခေါ်ကြည့်လိုက်ပါတယ်

"အမေ.......
အနေဝေးပေမယ့်
အဖြေလေးတွေးကြည့်ရင်တော့
လောကရဲ့ဇာတ်ခုံပေါ်မှာ
လှည့်ကွက်ကောင်းတဲ့
အမေ့ ရဲ့ အတတ်ပညာတွေနဲ့ 
မေတ္တာတရား ပက်ဖြန်း
ထပ်ခါတစ်လည်းလည်း
အရာရာတွေ ပြောင်းပြနေပေမယ့်
အမေ့ရင်ထဲက ...
ဗုဓ္ဒသာသနာကထွန်းကားနေဆဲပါ။

အို...
ပြည်သူရဲ့ အမေ
စံပြုထိုက်စေ
့မြင့်မြတ်တဲ့ ဇွဲ
ရဲရဲနီလို့ သံမဏိခဲမို့ 
ရှေ့ ဆောင်လမ်းပြကြယ်အလား
သာသနာမှာ
အမေ့လိုရာပြည့်စေချင်ပါတယ်.......အမေ။

ကိုထွန်းဝေ 27.8.2012 ။



ဓါတ်ပုံ ကော့မှူး တတိယအကြိမ်ခရီးမှ ယူသုံးခဲ့ပါတယ်။

No comments:

Post a Comment