Saturday, 11 August 2012
သက်ဆိုးရှည်တုန်းပဲလား.. ဆောင်းပါးရှင် ရန်အောင်
Yan Aung
အစိုးရသစ်လက်ထက်မှာ ကုမဏီတွေနဲ့ပေါင်းပြီး လယ်သမားများကို လုပ်စားနေတဲ့ ဌာနဆိုင်ရာဝန်ကြီးတွေ သက်ဆိုးရှည်တုန်းပဲလား..။
စပ်မျိုးစပါးသည် စပါးစိုက်ပျိုး ထုတ်လုပ်ရေးအတွက် ဆောင်ရွက် ရမည်ဖြစ်သော်လည်း စနစ်တကျ စမ်းသပ်မှု မလုပ်ဘဲ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် မသင့်ကြောင်း စပ်မျိုးစပါးတွင် မျိုးစေ့အ ရည်အသွေး၊ ဒေသအလိုက်ရောဂါ၊ ပိုးမွှားကာက
ွယ်နှိမ်နင်းမှု၊ ရေ မြေနှင့် ရာသီဥတု၊ တည်ငြိမ်သည့် အထွက်နှုန
်း၊ တောင်သူတွက်ခြေကိုက်မှု၊ ပြည်တွင်းပြည်ပ ဈေး ကွက် ရောင်းတန်းဝင်မှု စသည့် အခြေအနေများနှင့် ကိုက်ညီမှုရှိ မရှိ စနစ်တကျ စမ်းသပ်မှုများ ဆောင်ရွက်သင့်ကြောင်း
''စိုက်ပျိုးရေးမှာ မြေမှန်၊ မျိုး မှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ဆိုသော ဆောင်ပုဒ်ရှိပါတယ်။ မိုးစပါးကို စက်တင်ဘာ ၁၅ ရက် ထက် နောက်ကျမစိုက်တို့ဆိုတာ ပညာရှင်တိုင်း သတိထားပါတယ်။ တာဝန်ရှိသူတစ်ဦးက ဇွတ်စိုက် ခိုင်းတဲ့အတွက် ကောင်းပါတယ် ဆိုတဲ့ စပါးမျိုးဟာ တင်း ၂၀ မှ ၅၀ သာ ထွက်ခဲ့တာ နေပြည်တော်ဒေသမှာ မနှစ်က ကြုံတွေ့ကြရပြီး ဖြစ်ပါတယ်"
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီး၊ (စိုက်ပျိုးရေးပညာရှင်) အမျိုးသားလွှတ်တော်တွင် တင်ပြချက်..။
''ရုပ်မြင်သံကြားမှာတွေ့လို့ အလျင်လိုရွာကို လာစုံစမ်းတာ။ ဧက ၃၀ လောက်စိုက်တဲ့ လယ်သမားကြီးက ပြောတယ်။ မစိုက်ချင်နဲ့တဲ့။ ငါတို့က နှစ်သိန်းကို အတိုးမပါဘဲရတယ်။ လေးသိန်းဈေးဆိုတဲ့ အာမခံလည်း
ရှိတယ်။ ဒီဟာစိုက်ရင် ရေကော၊နည်းကော၊ ရိတ်တာ သိမ်းတာကောရလို့ စိုက်တာတဲ့"
ကိုတင်ထွန်း (လယ်သမား)
''ပြောသာပြောနေတာ။ တင်း ၂၀၀ တကယ်ထွက်တယ်ဆိုတာ မကြားသေးဘူး။ တကယ်သာ ထွက်ရင် ကျွန်တော်တို့လို ပွဲစားကုန်သည်တွေ၊ ခင်ဗျားတို့လို မီဒီယာတွေ၊ လယ်သမားတွေကို ခေါ် ပြီး ရှေ့မှာတင် ရိတ်သိမ်းပြလိုက်ပေါ့။ နောက်ပြီး ၀ယ်တဲ့ကုမ္ပဏီ တွေ လာဦးမယ်သာပြောတာ လောလောဆယ်ထိတော့ ဒီကုမ္ပဏီတစ်ခုကပဲ ၀ယ်နေတာတွေ့တယ်"
နေပြည်တော်ဒေသခံ ဆန် စက်လုပ်ငန်းရှင် ကိုနေစိုး
Nayminthu Y
အခု စိုက်ခိုင်းနေတဲ့ ပုလဲသွယ်စပ်မျိုးစပါးဟာ တစ်ဧကကို တင်း၁၅၀ ကနေ၂၀၀ လောက်ထွက်တယ်လို့ပြောပြီးစိုက်ခိုင်းနေပါတယ်. တကယ်ရမရတော့ မသိဘူး. တစ်ဧကအတွက်မျိုး ဓာတ်မြေသြဇာ အလုပ်သမားစရိတ် တခြားပြည်တွင်းစပါးနဲ့ စာရင်အလုပ်ပိုတာ စုစုပေါင်းကုန်ကျစရိတ်အတော့ကိုများပါတယ်. တစ်ရာကိုသုံးသိန်းနဲ့ ဝယ်မယ် ပြောပြီးတကယ်မဝယ်ပါဘူး မြို့နယ်တစ်ခုကို ဧကဘယ်လောက်ဆိုပြီး ခွဲတမ်းချထားပါသေးတယ်. မြို့နယ်မန်နေဂျာတွေက တခြားမလုပ်ဘဲ ပုလဲသွယ်ပဲ အတင်းစိုက်ခိုင်းနေတော့ လယ်သမားများတကယ်နစ်နာနေပါတယ်.
Thant Sin
ဝန်ကြီးဦးမြင်.လှိုင် မိသားစုပိုင် တဲ.--မြင်.ဇေယျာ ကုမ္မဏီ အကျိုးရှိအောင် တောင်သူတွေ ကို ပုလဲသွယ်စပ်စပါး စိုက်ခိုင်နေတာပါ
Win Thaung ဦးမြင့်လှိုင်ရဲ့စပ်မျိုးစပါးတော့သွားမစိုက်လိုက်ပါနဲ့ဗျာ။ရှမ်းမြောက်မှာလဲဆင်းရွှေလီနဲ့လုပ်စားသွားပြီးပြီ။ကျွန်တော်တို့သီပေါမှာလဲအဲဒီဆင်းရွှေလီမျိုးအတွက်မြို့ပေါ်ကလုပ်ငန်းရှင်တွေဆီက၁သိန်းကျပ်(အခုငွေတန်ဖိုးနဲ့ဆို၁၀သိန်းမကတန်တယ်)မတရားတောင်းသွားတာ။ပြန်ပေးပါမယ်ဆိုပြီးမ၀တကိုအတင်းတောင်းခိုင်းတာ။မပေးတဲ့ထမင်းဆိုင်ကိုစည်ပင်နဲ့ရဲပေါင်းပြီးနေ့ခင်းကြီးအတင်းဝင်ပြီးဆိုင်ပိတ်ခိုင်းတာဗျာ။ပြည်သူပိုင်သိမ်းတဲ့အတိုင်းဘဲ။အခုထိလဲအဲဒီငွေပြန်မရပါဘူး။အဲဒီတုန်းမ၀တဥက္ကဌတော့ဒီစိတ်နဲ့သီပေါမှာဘဲသေသွားပြီ။ငွေကိုယ်တိုင်ကောက်ပေးတဲ့လူကတော့ပြည်ခိုင်ဖြိုးပါတီမှာအခုထိရှိသေးထင်ရဲ့။ငွေကောက်တုန်းကပြန်ပေးပါမယ်ဆိုပြီးလက်မှတ်ထိုးထားတဲ့ဂတိစာရွက်တွေကိုတော့မြို့သူမြို့သားတွေသိမ်းထားကြတုန်းဘဲ။လက်မှတ်ထိုးတာကဦးမြင့်လှိုင်တော့မဟုတ်ဘူးပေါ့။အကျွင်းအကျန်စားတဲ့ေxးတွေပေါ့။
13Unlike · · Share
Subscribe to:
Post Comments (Atom)
No comments:
Post a Comment