Saturday, 11 August 2012

မက်လုံး လေးတွေ

ဆောင်းပါးရှင် ရန်အောင် တူရကီနိုင်ငံခြားရေးဝန်ကြီးက ရခိုင်ကိစ္စကို OIC အစည်းအဝေးတွင် တင်ပြပေးမည်ဟု ပြောကြားခဲ့ပါတယ်.။ ဒေါ်လာသန်းငါးဆယ် ရန်ပုံငွေရထားတယ်ဆိုပြီး မြန်မာအစိုးရကို မက်လုံးပေးထားပါတယ်..။ OIC ဆိုတာ Organization of the Islamic Conference ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံရှိကာ တကမ္ဘာလုံးက မွတ်စလင်တိုင်းကို ထောက်ပံ့နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်..။ ဆော်ဒီမှာ အခြေစိုက်သလို UN မှာ အမြဲတမ်းကိုယ်စားလှယ်တစ်နေရာ ရထားပါတယ်..။ တူရကီဟာ OIC အဖွဲ့ဝင်နိုင်ငံဖြစ်သလို အခုလာတဲ့ကိစ္စဟာလည်း OIC ရဲ့ စေခိုင်းချက်ကြော င့် ရောက်လာရခြင်းဖြစ်တယ်လို့ ယူဆပါတယ်..။ အဲဒါကို ပြန်လည်လေ့လာကြည့်ရင် လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေ ကတည်းက ဟန်ညောင်ဝေတို့ စခဲ့တဲ့ ဇာတ်လမ်းဆိုတာ ထင်ရှားပါတယ်..။ ၄င်းရဲ့ EORO BURMA OFFICE နဲ့ OIC နဲ့ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုရေးအတွက် လက်မှတ်ထိုးခဲ့တာ ၂၀၁၀ လောက်ကပါ။ အဲဒီအတွက် ရတဲ့ ရန်ပုံငွေ ဒေါ်လာ နည်းမယ်မထင်ပါဘူး။ အခု ပြည်ထောင်စုဝန်ကြီးတွေ တိုင်းရင်းသားငြိမ်းချမ်းရေးအတွက် အားကိုးနေရတဲ့ ဘန်ကောက်အခြေစိုက် Think-Tank ပညာရှင် အမည်ခံထားသူတွေနဲ့အတူ ဟန်ညောင်ဝေဟာ ငြိမ်းချမ်းရေးပွဲစားအဖြစ် ပါဝင်လာတာလည်း ထူးခြားပါတယ်..။ နောက်တစ်ချက်က ပြည်တွင်းက MJN ဆွေးနွေးပွဲမှာ ပညာရှင်အဆင့် ဆိုပြီး ပြည်တွင်းက ဖူးဖူးမှုတ် မိန့်ခွန်းပြောခွင့်ပေးထားတဲ့သူတွေနဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အမည်ခံသူတွေထဲမှာ အမျိုးသားသစ္စာဖောက်လုပ်ပြီး ရခိုင်ဒေသကို ဒေါ်လာသန်း အနည်းငယ်နဲ့ ဖဲ့ပေးဖို့ ကြိုးစားနေတဲ့သူတွေ ပါဝင်နေတာကို ရင်နာပါတယ်.။ အလားတူ နော်ဝေအခြေစိုက် ပြည်ပမီဒီယာတစ်ခုဖြစ်တဲ့ DVB ဒေါ်လာသုံးသိန်း အလွဲသုံးစားမှုဖြစ်ချိန်မှာ ရုတ်တရက် ယာယီ CEO ရာထူး ခေတ္တရယူခဲ့တဲ့ ဟန်ညောင်ဝေကြောင့် DVB ရဲ့နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာကို ပြလိုက်တဲ့ လုပ်ချက်တစ်ခုဆိုတာ ထင်ရှားပါတယ်.။ အခုလက်ရှိ အခြေအနေတွေ၊ အစ္စလာမ်ဘာသာဝင်နိုင်ငံများရဲ့ ဖိအားတွေနဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာရဲ့ အရင်းအမြစ်တွေကိုလေ့လာကြည့်ရင် ရခိုင်ကိစ္စအတွက် ပြည်ပက ဟန်ညောင်ဝေကဲ့သို့သော ဒီမိုလုပ်စားများ၊ ပညာရှင်အမည်ခံ ကြောင်သူတော်များ ပြည်တွင်းနေ အတွင်းစည်းက အဂတိလိုက်စားသူ အမျိုးသားသစ္စာဖောက် သက်ဆိုင်ရာဝန်ထမ်းများ၊ ဆယ့်ငါးနှစ်လောက်အတွင်းမှာ ဆွေစဉ်မျိုးဆက်ဇယားမရှိဘဲ မှတ်ပုံတင်ရကာ နိုင်ငံတော်သူဌေးဖြစ်လာတဲ့ ဘင်္ဂလီများကို လွှတ်တော်အမတ်အဖြစ် စင်ပ်ါတင်ပေးသောပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ၊ မြန်မာလူမျိုးဟု လုံးချ ခေါင်းစဉ်တပ်ကာ အမတ်အဖြစ် သတ်မှတ်ပေးသူရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ လွှတ်တော်ထဲတွင် ဘင်္ဂလီအမတ်တစ်ယောက်၏ ဆွေးနွေးမှုကို ပြည်ခိုင်ဖြိုး ဟုသောအစွဲကြောင့် မည်သို့မျှ မကန့်ကွက်ပဲ ငုတ်တုတ်ထိုင်ကြည့်နေသော နှစ်ပေါင်းများစွာ တန်းစီ သစ္စာဆိုခဲ့သည့် လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဖြစ်နေဆဲဖြစ်သည့် အပြောကောင်းသော ဦးရွှေမန်း တို့အား.... ကြိတ်မနိုင်ခဲမရ ဒေါသထွက်ရင်းနဲ့သာ...။

No comments:

Post a Comment