Sunday 26 August 2012

Apple ကုမ္ပဏီ ရဲ့ ဂုဏ်သိက္ခါအောင်ပွဲတစ်ခု


Samsung Electronic ကုမ္ပဏီ နဲ့ Apple ကုမ္ပဏီ နှစ်ခုဟာ မိုလ်ဘိုင်းဖုန်းတွေနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်ချိုးဖောက်တယ်ဆိုပြီး ကယ်လီဖိုးနီးယားပြည်နယ်မှာ တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်နေကြရာမှာ မနေ့က သောကြာနေ့ ဩဂုတ်လ၂၄ရက်နေ့မှာတော့ Samsung က Apple ကုမ္ပဏီကို နစ်နာကြေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ ထောင်ကျော် ( အတိအကျက ၁့၅ ဘီလီယံ) ပေးရမယ်လို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်တယ်
။ Samsung ဘက်ကပြန်ပြောတာက Apple ကုမ္ပဏီက iPhone အကြောင်း ၂၀၀၇ ခုနှစ်မှာ လူထုကို စတင်အသိပေး မိတ်မဆက်ခင် ၂၀၀၆ ခုနှစ်ကတည်းက သူ့ရဲ့ ကွန်ပျူတာလို သုံးနိုင်တဲ့ လက်ကိုင် Smart ဖုန်း တွေကို ထုတ်လုပ်နေတာပါတဲ့။ ဒါပေမယ့် Apple ကထုတ်တဲ့ iPhone တွေရော Samsung ကထုတ်တဲ့ Galaxy ဖုန်း တွေပါ ပုံစံတူ ဒေါင့်ကွေး လေးထောင့်ပုံအချိုးလေးတွေ ဖြစ်ကြပြီး ဖုန်းရဲ့ မျက်နှာပြင်ကို ထိနှိပ် အသုံးပြုရတဲ့ Touch Screen နည်းပညာကို သုံးတာချင်းကလည်း တူညီနေကြတာဖြစ်ပါတယ်။

အခုလို ထိပ်တန်း Electronic ကုမ္ပဏီကြီး နှစ်ခုကြား သူခိုးအဖြစ်စွပ်စွဲပြောဆိုအမှုဆင်ပြီး သန်းပေါင်းများစွာ လျော်ကြေးအတွက် တရားစွဲထားကြတဲ့ ဒီအမှုကြီးဟာ Apple ကုမ္ပဏီက အနိုင်ရသွားခဲ့ပြီး Samsung Electronic ကုမ္ပဏီက အယူခံဝင်ရတော့မှာဖြစ်ပါတယ်။ တရာရုံးရှေ့မှာ သတင်းထောက်တွေရဲ့အမေးအမြန်းခံနေရသူ ဓါတ်ပုံထဲမြင်ရသူကတော့ တရားရှုံးသွားတဲ့ Samsung Electronic ကုမ္ပဏီ ရဲ့ အကျိုးတော်ဆောင်ရှေ့နေကြီး Kevin Johnson ဖြစ်ပါတယ်။ Apple ကုမ္ပဏီထုတ် iPhone and iPad တွေရဲ့ စက်မှုတော်လှန်ရေးအောင်မြင်မှုတိုက်ပွဲတစ်ခု သာမက Apple ကုမ္ပဏီ ရဲ့ ဂုဏ်သိက္ခါအောင်ပွဲတစ်ခု ပဲလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်ဗျာ။
 
ကိုဇော်ဝင်း ဆီမှ ကူးယူတင်ပြပါတယ်

No comments:

Post a Comment