Sunday 26 August 2012

တရားမျှတ လွတ်လပ်ခြင်းမှသည် ထာဝရ ငြိမ်းချမ်းရေးဆီသို့ 


မိတ်ဆွေ အတွက် ဦးဦးဖျားဖျား။

ဖိတ်စာရိုက်တုန်းရှိပါသေးတယ်။
သက်ဆိုင်ရာကတော့ လူ ၂၀၀ ပဲ ခွင့်ပြူတယ်ပြောပါတယ်။ ပြေလည်မှုမရသေးပါ။
တက်ရောက် မိန့်ခွန်းပြောမယ့် လူကြီးတွေ ရဲ့ ကိုယ်ရေးရာဇ၀င်တောင်းလို့။
မဖြစ်နိုင်ကြောင်း ဖြစ်နိုင်တာကို ပူပေါင်းဆောင်ရွက်နေကြောင်း
ဘဘဦးဝင်းတင်က အခမ်းအနားကိုတက်မယ် ဒါပေမယ့် ဒီလိုတောင်းယင်
စကားမပြောဘူးလို့ပြောပါတယ်။အလုံမြို့နယ် ရဲတပ်ဖွဲ့မှုးကို ကျွန်တော်က
ပြောပြပါတယ်၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ. ဖြစ်လို့
လူသားအားလုံးနဲ့သက်ဆိုင်လို့ စိတ်ဝင်စားသူတွေ
တက်ရောက်ယင် လူအရေအတွက် အတိမ်းအစောင်းရှိနိုင်ကြောင်း။ခုထိ စာပို့ထားပေမယ့် ဘာမှတော့အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။ဒီနှစ်နဲ့ဆို
ကျွန်တော်လုပ်တာ ၃ကြိမ်ရှိလာပါပြီ။ သူတို့ခွင့်မပြုလဲ ဆက်လုပ်မှာပါ။ ငြိမ်းချမ်းရေး၊
ဒီမိုကရေစီရေး၊လူ့အခွင့်ရေး တို့အတွက် အနစ်နာခံခဲ့သူတွေ၊ဦးဆောင်နေကြသူတွေနဲ့
လှုပ်ရှားနေသူ အဖွဲ့တွေ၊ စာပေနဲ့ အနုပညာရှင်တွေ လည်းဖိတ်မှာပါ ။ ဒီနှစ်ကတော့ စိတ်မကောင်း
ဖြစ်မိတာ လူမစုံလို့ပါ။ထောင်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ ကိုအကြောင်း အမျိုးမျိုး
ခေါင်းစဉ်တွေနဲ့ ဖမ်းထားတာ ကျန်နေသေးလို့ပါ။ဒီနှစ်လဲ ဖမ်းဆီခံ ဒီမိုကရေစီ အင်အားစုတွေ
လွှတ်ပေးရေးနဲ့ အခြားတောင်းဆိုမှုတွေပါပါ့မယ်။နိုင်ငံတော်သမ္မတနဲ့ပါလီမာန်ကိုတင်မှာပါ။
ဒီမိုကရေစီနိုင်ငံမှာ ဒီမိုကရေစီ အင်အားစုတွေထောင်ထဲမှာရှိနေတာ။ဒီမိုကရေစီအစိုးရရဲ့
ဂုဏ်သိက္ခာတရားနဲ့ မညီညွတ်ပါဘူး။ပြီးခဲ့တဲ့နှစ်ကတော့ ဖမ်းဆီခံ ဒီမိုကရေစီ
အင်အားစုများကိစ္စ၊ဧရာဝတီမြစ်စုံကိစ္စ၊တိုင်းရင်းလက်နက်ကိုင်များအရေးကိစ္စ နဲ့ပတ်သတ်လို့
စစ်မှန်သော ဒီမိုကရေစီ အစိုးရမှန်လျှင် ပြည်သူတွေရဲ့အသံကိုနားထောင်ပြီး အကောင်းဆုံး
ဆောင်ရွက်ပေးဖို့ ကျွန်တော် မေတ္တာရပ်ခံခဲ့ပါတယ်။ ဘဘဦးတင်ဦးလဲ ဖမ်းဆီခံ ဒီမိုကရေစီအင်အားစုတွေလွှတ်ပေးရေးတောင်းဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဂျိုးငှက်များလဲလွှတ်ပေးခဲ့ပါတယ်။ဒီနှစ်လဲ ထာဝရ ငြိမ်းချမ်းရေးကိုဦးတည်မယ်
အပြူသဘောလဲဆောင်မယ့် တောင်းဆိုချက်တွေ ပါပါ့မယ်။ ငြိမ်းချမ်းရေး၊ဒီမိုကရေစီရေး၊
လူ့အခွင့်ရေးလိုလားသူများနဲ့ ပူးပေါင်းဆောင်ရွက်လိုသူများကို အကြမ်းမဖက်အမျိုးသားလှုပ်ရှား
သူများကိုယ်စား ကျွန်တော်ကိုလူမော်လတ်မှဖိတ်ခေါ်ပါတယ်။
အားလုံးအတွက် မေတ္တာဖြင့်

ကိုလူမော်လတ်

ဆက်သွယ်ရန် blue.peaceforu@gmail.com
phone 09421063210 (ကိုလူမော်လတ်)

No comments:

Post a Comment