Sunday, 26 August 2012

ဆီးရီးယားနိုင်ငံ အာဏာရှင်


ဆီးရီးယားနိုင်ငံ အာဏာရှင် သမ္မတဘာရှာ အယ်လ်-အာဆတ်ဒ် ရဲ့ နာမည်ကတော့ အတော်မွှေးနေပါတယ်။ နိုင်ငံတွင်းဆန္ဒပြသူအရပ်သားတွေ နှစ်သောင်းငါးထောင်ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီးပါပြီ။ ပြီးခဲ့တဲ့ တစ်လထဲမှာပဲ လူ၄၀၀၀ သတ်လိုက်ပါတယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။ မနေ့က သောကြာနေ့မှာပဲ လူ ၁၄၀ သေခဲ့ကြရပါတယ်တဲ့။ ကမ္ဘာ့ကုလ ကြားဝင်ညှိပေးသူ ဆီရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အာရပ်အဖွဲ့ချုပ်သံတမန် ကိုဖီအာနန် (ကုလသမဂ္ဂအတွင်
းရေးမှူးချုပ်ဟောင်း) လည်း လက်မြှောက်ပြီး အလုပ်ကထွက်သွားပါပြီ။ ဆီးရီးယားနိုင်ငံ ဟာ ဆန္ဒပြကြမှုတွေကို အကြမ်းဖက်နှိမ်နင်းလို့ အခုဆို ပြည်တွင်းစစ်ကို ဦးတည်သွားပါပြီ။ ယူအန်တပ်တွေလည်း ရုတ်သိမ်းသွားပြီ။ အခုဆိုရင် ဆီရီးယားဒုက္ခသည်အရေအတွက်ဟာ နှစ်သိန်း ကျော်သွားပြီး အများစုဟာ တူရကီနိုင်ငံမှာခိုလှုံနေကြရတာဖြစ်ပါတယ်။ဆီးရီးယားနိုင်ငံမှာ နိုင်ငံတကာသတင်းထောက်တွေ ပျောက်နေတယ် ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆီးရီးယား လွတ်မြောက်ရေး တပ်မတော် FSA နဲ့ အတူလိုက်ပါ သတင်းယူနေတဲ့ ဂျပန်သတင်းထောက် မိကာ ယာမာမိုတို (Mika Yamamoto ) ဟာ တိုက်ပွဲတခုနဲ့ ကြုံရပြီး သေဆုံးသွားသလို သူနဲ့ အတူသွားရောက်နေတဲ့ အယ်လ်ဟူရာ (Alhurra) TV သတင်းထောက် ၂ဦးကတော့ ပျောက်ဆုံးနေပါတယ်။

ဆီးရီးယားနိုင်ငံအရေး ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြီးအရေးယူဖို့ဆွေးနွေးတော့လည်း ရုရှား နဲ့ တရုပ်က ပြိုင်တူ ဗီတိုအာဏာ ( power of veto )သုံးပြီးပယ်ချလိုက်တယ် ပြိုင်တူ ဗီတို (double veto)နဲ့ ပြိုင်တူကန့်ကွက်ကြတာခံလိုက်ရပါတယ်။ အခုဆိုရင် ဆီးရီးယားနိုင်ငံက မြို့အတော်များများမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယားတပ်တွေက သူပုန်တွေကို နှိမ်နင်းနိုင်ဖို့အတွက် ဒမတ်စကတ်စ်မြို့ဆင်ခြေဖုံးဒေသတွေကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လေယာဉ်ပေါ်က ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်နေပါတယ်။ ဆီးရီးယားနိုင်ငံ အာဏာရှင် သမ္မတဘာရှာ အယ်လ်-အာဆတ်ဒ် ကတော့ ဒုတိယ ဆာ့ဒန်ဟူစိန် ဘဝ ဒါမှမဟုတ် ကဒါဖီဘဝ မျိုး မကြာမီရောက်လေတော့မလား မေးခွန်းထုတ်နေကြပါပြီ။

No comments:

Post a Comment