88 မျိုးဆက်သစ်များ လှုပ်ရှားနေပါတယ်
ရန်ကုန်မြို့ ချမ်းမြေ့ရိပ်သာကျောင်းဆရာတော်ကြီး၏
မင်္ဂလာသက်တော် (၈၅)နှစ် မြောက် အထိမ်းအမှတ် ပူဇော်ပွဲ အခမ်းအနားကို
သြဂုတ်လ၊(၂၅)ရက် နံနက်(၀၉း၀၀)နာရီက ရ န်ကုန်မြို့ ချမ်းမြေ့ရိပ်သာကျောင်း
သိမ်ဓမ္မာရုံကြီးတွင်ကျင်းပခဲ့ရာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ဂျင်မီနှင့်အဖွဲ့တက်ရောက်ခဲ့သည်။ အဆိုပါ ချမ်းမြေ့ရိပ်သာဆရာတော်ကြီး၏ မင်္ဂလာသက်တော်(၈၅)နှစ်ပြည့် အထိမ်းအမှတ်ပူဇော်ပွဲတွင် ချမ်းမြေ့ရိပ်သာဆရာတော်ကြီးနှင့်တပည့်
ဒယကာ၊ဒယကာမများက စုပေါင်း၍ ရခိုင်ပြည်နယ်၌ မီးလောင်ဖျက်ဆီးခံခဲ့ရသော
ဗုဒ္ဓသာသနိက အဆောက်အအုံများ ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက်လှူဒါန်းငွေ ကျပ် ၉,၁၃၂,၀၀၀/ ကိုးဆယ့်တစ်သိန်းသုံးသောင်းနှစ်ထောင်ကျပ် တိတိ ကို ၈၈မျိုးဆက်ကျောင်းသားများမှ တဆင့် ပေးအပ်လှူဒါန်းရာ မင်းကိုနိုင်နှင့်အဖွဲ့က လက်ခံရယူခဲ့သည်။
ယနေ့သြဂုတ်လ၊(၂၅)ရက်နေ့လည်(၂)နာရီက ရန်ကုန်မြို့ရွှေဂုံတိုင်ရှိတော်ဝင်နှင်းဆီတွင်
အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်လျှက်ရှိသည့် အသင်းအဖွဲ့များ၏
ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဟောပြောဆွေးနွေးပွဲ
(၇)ကြိမ်မြောက်ကို ကျင်းပခဲ့ရာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က အရပ်ဘက်လူမှူအဖွဲ့အစည်းများ ဘာကြောင့် အားကောင်းရန်လိုအပ်ပါသလဲ ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးခဲ့သည်။
No comments:
Post a Comment