Sunday, 26 August 2012

အိုင်ဒီယာလော်ဂျီ မျက်နှာဖုံး................။


by Shae Shae Century on Sunday, August 26, 2012 at 4:14am ·
နိုင်ငံရေးလောကမှာလည်း အများအကျိုး တိုင်းကျိုးပြည်ကျိုးအတွက် နိုင်ငံရေးလုပ်ပြီး အသက်စွန်.သွားတဲ့ အာဇာနည်တွေ အများကြီးရှိပါတယ်။ အလားတူပဲ အများအကျိုး၊ တိုင်းကျိုးပြည်ကျိုးဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ကိုလ်ကျိုးအတွက် ကောက်ကျစ်စဉ်းလဲ့မှု
မျိုးစုံ၊ လီမ်ညာလှည်စားမှုမျိုးစုံ၊ သုံးပြီး မရှက်မကြောက် လုပ်ကြသူတွေလည်း အများကြီးရှိပါတယ်။ ပထမ အမျိုးအစားထက် အဆတစ်ရာ
ပိုများတယ်လို့တောင်ပြောလိုက်ချင်တယ်။ နိုင်ငံရေး မသမာသူက စီပွားရေး မသမာသူထက် ပိုကြောက်စရာ ကောင်းတယ်။ စီပွားရေးသမား.
ကပိုက်ဆံပဲရှိတာ ပါဝါမရှိဘူး။ နိုင်ငံရေးမသမာသူတွေကြတော့ ပိုက်ဆံရော ပါဝါပါအစွမ်းထက်လက်နက်နှစ်မျိုးစလုံး ကိုင်ထားနိုင်သူတွေ..
ဖြစ်တယ်..။ ဒါကြောင့်ပိုအန္တရာယ်ရှိတယ်။ ပြီတော့ နိုင်ငံရေးသမားလက်ထဲမှာ လူထုကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ၀ါဒ (အိုင်ဒီယာလော်ဂျီ.)
ရှိသေးတယ်.။ မသမာသူတွေက ၀ါဒတစ်ခုကို ယုံကြည်လက်ခံသယောင် မျက်နှာဖုံးစွပ်ပြီး မှာ ကိုယ်ကျိုးရှာတာဖြစ်လေတော့ တော်ရုံနဲ့
လူတွေက သူတိုရဲ သရုပ်မှန်ကို မသိကြဘူး။ မျက်နှာဖုံးစွပ်ထားတဲ့ ၀ါဒ ကို သာကြည်ပြီးထောက်ခံအားပေးလေ့ရှိတယ်.။ အဲဒီလို နိုင်ငံရေး
မသမာသူတွေကိုရော ဘယ်လိုလုပ်ပြီး မိတ်ဆွေအဖြစ် စိတ်ချယုံကြည်လို့ ဖြစ်မှာလဲ

၊ ရန်သူလို့ ပဲ သဘောထားရမှာပေါ့......။
· · · Share

No comments:

Post a Comment