Wednesday 13 November 2013

ဒေါ်အောင်ဆန်းစုကြည်ဇာတာ ကိုတွက်ကြည့်ခြင်း


ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြား ဆန်းပြားသောဇာတာကို လေ့လာကြည့် မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်၏ လဂ်သည်မဟုတ်မခံတတ်သော၊အတိုက် အခိုက်အလွန်များသော၊ လေးပစ်ရန်ချိန် ရွယ်ထားသော ပုံပါရှိသည့် ဓနုလဂ်ဖြစ် သည်။ တနင်္လာဂြိုဟ်သည် ကန်ရာသီမှာ ရှိသောကြောင့် လဂ်ဆယ်တန့်ကိန်းအိမ် တွင် ကန်စန်းအဖြစ် ရပ်တည်သဖြင့် ကန် ကြာပေါက်သော ဇာတာဟုဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓနုလဂ်မှ (၉) တန့်သခင်ဂြိုဟ်တနင်္ဂနွေဂြိုဟ်နှင့် (၁၀) တန့်သခင် ဗုဒ္ဓဟူးဂြိုဟ်သည် ပထနီ အိမ်တွင်း ပူးယှဉ်နေသောကြောင့်အလွန် အားကောင်းသော ဗုဒ္ဓတိဿရယုဒ်ရရှိ သည်။ 


ပထနီအိမ်ဖြစ်သော နိုင်ငံခြား ဂြိုဟ်အိမ်တွင် ဤယုဒ်ရရှိသူများသည် နိုင်ငံတကာအပေါ် သြဇာသက်ရောက်မှု ရှိခြင်းနှင့် နိုင်ငံတကာ၏ ချစ်ခင်လေးစား မှု အထူးခံရသော ဇာတာဖြစ်သည်။ ထို့ ကြောင့်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဖြစ် ရုံမျှမက ကမ္ဘာ့နိုင်ငံအသီးသီးက ချီးမြှင့် သော၊ နိုင်ငံတကာ ဆုပေါင်းများစွာ ရရှိ ခဲ့ခြင်းပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဇာတာ၏ ထူးခြားချက်ကို ဆက်လက်လေ့လာကြည့် လျှင် အကောင်းဘက်သို့ ရောက်ချိန်နီး တိုင်းအဆိုးများနှင့် ကြုံတွေ့ရတတ်သည်။ အနီးကပ်ဆုံးရောက်ရှိနေသော ၂၀၁၃ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ် ဇန်န ၀ါရီလတွင် မကောင်းသော ဂြိုဟ်စီးဂြိုဟ် နင်းများကျရောက်ချိန်တွင် ဂြိုဟ်သွားနှုန်း များလည်း ဖောက်ပြန်နေသဖြင့် ကံကြမ္မာ ဆိုးများ၊ အရေးအခင်းများ၊ ပေါက်ကွဲမှု များစသည့်မကောင်းသော ကံကြမ္မာတစ် ခုခု ရုတ်တရက် မထင်မှတ်ဘဲ ကြုံတွေ့ ရတတ်သည်။ ထိုအချိန်တွင် ဒေါ်အောင် ဆန်းစုကြည်သည် ကံမကောင်းသော အချိန်ဖြစ်သဖြင့် ရုတ်တရက်ကျန်းမာရေး ထိခိုက်ခြင်း၊ မတော်တဆ ထိခိုက်မှုဖြစ် ခြင်း၊ ပြဿနာကြီးငယ်အသွယ်သွယ်ကြုံ တွေ့ရတတ်ခြင်းစသည့် မကောင်းသော ဆိုးကျိုးတစ်ခုခု ကြုံတွေ့ရလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဓနုလဂ် များ၊ မေထုန်လဂ်၊ ကန်လဂ်နှင့် ကုမ်လဂ် များသည် ရန်ဂြိုဟ်များ ပူးယှဉ်နေပါက ဤအချိန် ဤအခါတွင် အန္တရာယ်များ ကျရောက်တတ်သဖြင့် သတိထားရမည့် အချိန်ဖြစ်သည်။

ထိုအချိန်တွင် မြန်မာနိုင်ငံ၏ ဘာ သာရေးဂြိုဟ်ဖြစ်သော ကြာသပတေး ဂြိုဟ်သည် ရန်ဂြိုဟ်များနှင့်ယှဉ်တွဲ၍ သွားနှုန်းဖောက်ပြန်နေသဖြင့် ဘာသာ ရေးနှင့်ပတ်သက်သော ပေါက်ကွဲမှုများ၊ အရေးအခင်းများ၊ ဘာသာရေးနှင့်ဆိုင် သော ပြဿနာများသည် မထင်မှတ်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာတတ်သည်။

အရေးကြီးသော နေ့ရက်များမှာ (၄)ဂဏန်း (၈)ဂဏန်းရောက်သည့် နေ့ ရက်များသည် အထူးအရေးကြီးသည့် နေ့ ရက်များဖြစ်သည်။ အထူးသဖြင့် ဒီဇင်ဘာ (၂၂)၊ ရက်၊ (၂၆)ရက်၊ (၃၁)ရက်နှင့် ဇန်န၀ါရီလ (၄)ရက်၊ (၈)ရက်များသည် မကောင်း သောဆိုးကျိုးများ သိသိသာသာ ပြင်း ပြင်းထန်ထန် ဖြစ်ပေါ်စေတတ်သည်။ ဖြစ်ပေါ်လာခဲ့သည်ရှိသော် ကြိုတင်သိရှိ ထားခြင်းဖြင့် စုပေါင်းကာကွယ် ဖြေရှင်း နိုင်စေရန် ရည်ရွယ်၍ တင်ပြခြင်းဖြစ်ပါ သည်။ ယခုကဲ့သို့ ဂြိုဟ်များသွားနှုန်း ဖောက်ပြန်ပုံကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကြီးဖြစ်ခဲ့ဖူးသည့် သာဓက များ အထင်အရှားရှိခဲ့ဖူးပါသည်။

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး ဦးတည်ချက်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်း ပေါ်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှား ဆောင်ရွက်နေကြောင်း တွေ့ရှိရပေ သည်။ အထူးသဖြင့်NLDပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြားကာမတ္တကြားဖူးကြကုန်သော ပြည် သူလူထုကြီး ထဲထဲဝင်ဝင် သိရှိစေခြင်း အကျိုးငှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှင်းလင်းပွဲများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးတို့ကို ပြည်သူလူထု ဆန္ဒကောက်ယူပွဲများကိုပါ မြို့နယ် အသီး သီးနေရာအနှံ့အပြား လုပ်ဆောင်လျက် ရှိပါသည်။

ယင်းကဲ့သို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တော့မည်ဆို လျှင် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူး ပြောင်းလာခဲ့ပုံကို တစေ့တစောင်း ပြန် ပြောင်းကြည့်ဖို့ လိုအပ်လာမည်ဟု ယူဆ မိပါသည်။ နိုင်ငံတော်အာဏာကို ပြင်း ပြင်းထန်ထန် ဆုပ်ကိုင်ထားသော ဗိုလ် ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်က အာဏာကို သွေးတစ်ပေါက်မှမကျစေဘဲ ရွေးကောက်ပွဲများပြုလုပ်၍ အေးချမ်း သာယာစွာ လွှဲအပ်ပေးသောအခါ နိုင်ငံ တကာ အသိုင်းအ၀ိုင်းက ကောင်းချီးသြဘာပေးခဲ့ကြ သည်။ မြန်မာ ဒီမိုကရေစီပုံသဏ္ဌာန် သည် ပိတ်ထား သော ချိပ်ကိုဖြုတ်ပြီး ဖွင့်ပြီးဖြစ်သော်လည်း တံခါးရွက်များ သည်ကား စေ့ထားဆဲဖြစ်သဖြင့် လက်ရှိ ကျင်လည် လှုပ်ရှားနေသော မြန်မာ့ဒီမို ကရေစီသည်ရင့်ကျက်တည်ငြိမ်နေသော ဒီမိုကရေစီနိုင်ငံကြီးများ၏ ဒီမိုကရေစီစံ နှုန်းများနှင့် နှိုင်းယှဉ်၍လည်းကောင်း၊ တိုင်းတာ၍လည်းကောင်း ရနိုင်ကောင်း သော အချိန်အခါမဟုတ်သေးပါ။

အာဏာရှင်စနစ် အငွေ့အသက် များနှင့် မွှမ်းထုံနေသော လက်ရှိမြန်မာ ဒီမိုကရေစီသည် သည်လမ်းကို သည် ပန်းပန်၊ ဒီခရီးကို ဒီထီးဆောင်း၊ သည် ကွေ့ကို သည်တက်နှင့် လှော်ခတ်နေရ သည့်အချိန်ကာလဖြစ်သည်။ ဤသို့ ရုန်း ကန်လှုပ်ရှားနေရသော အကျပ်အတည်း ကာလမျိုးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးသော ““ကျားရှေ့ရောက်နေတဲ့ အချိန်၊ တစ်ယောက်နှင့်တစ်ယောက် စိတ်ကောက်နေလို့မဖြစ်ဘူး။ အားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းတိုက်နိုင်မှ၊ လွတ် လပ်ရေးဆိုတာရမှာဖြစ်တယ်””ဟူသော ဗိုလ်ချုပ်ထုံးကို နှလုံးမူဖို့အချိန် ရောက်ရှိ နေပါသည်။

ဤသို့ဆိုလျှင် အဖာတစ်ရာ၊ အကွဲ တစ်ရာနှင့် လှော်ခတ်နေရသော ပြည် ထောင်စုလှေကြီးပေါ်တွင် လိုက်ပါလာ ကြကုန်သော သမ္မတကြီးနှင့် အစိုးရအဖွဲ့ ၀င်များ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ် မတော်သားများ၊ လွှတ်တော်ဥက်္ကဋ္ဌကြီး များနှင့် လွှတ်တော်ကိုယ်စားလှယ်တော် ကြီးများ၊ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ် ကြီးများ၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများသည် ထိပ်တိုက်ရင်ဆိုင်မှုများ၊ သဘောကွဲလွဲမှု များ ဖယ်ရှားကြ၍ အဖာတစ်ရာ အကွဲ တစ်ရာ ပြည်ထောင်စုလှေကြီး တိမ်း မသွားအောင်၊ မှောက်မသွားအောင်၊ နောက်ကြောင်းပြန်လှည့်မသွားအောင်၊ တစ်ဖက်နှင့်တစ်ဖက် အတတ်နိုင်ဆုံး ဖြေ လျှော့ကြကာ၊ ဥမကွဲသိုက်မပျက်၊ စည်း စည်းလုံးလုံး ညီညီညွတ်ညွတ် ပျော်ပျော် ပါးပါး လှော်ခတ်သွားကြမည်ဆိုလျှင် ဒီမို စံချိန်စံနှုန်းများ ကိုက်ညီသော ဒီမိုကရေစီ ပန်းတိုင်ကြီးဆီသို့ မလွှဲဧကန်ရောက်ရှိ နိုင်ပေလိမ့်မည်။

ဆရာတိုး(စမ်းချောင်း)
မူရင်း San 00

ပြန်လည်မျှဝေပေးပါတယ်။
13.11.2013

No comments:

Post a Comment