မနေ့က
မန္တလေးအမျိုးသမီးတစု တက်တက်ကြွကြွနဲ့ ဘဘသခင်လှကြိုင်အတွက် အလှူငွေနဲ့
သွားကန်တော့ကြတာ၊ငွေတွေ ကို စနစ်တကျနဲ့ ဖြစ်စေဖို့ ဘဏ် account
ဖွင့်ပေးနေတာတွေကြည့်ပြီး အတွေးပေါင်းများစွာနဲ့ အိပ်ပျော်သွားပါတယ်။
မနက်လင်းလို့ ကြည်လင်တဲ့ စိတ်နဲ့ အေးမြတဲ့
အလင်းရောင်းအောက်မှာ အတွေးတွေကို ပြန်ကောက်ကြည့်မိတော့။ အော်------
တတိုင်းပြည်လုံးရဲ့  ကျွန်ဘ၀က လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့တဲ့
သခင်ကြီးတယောက်က တိုင်းပြည်နဲ့ပြည်သူပြည်သားတွေ ကျွန်ဘ၀က
လွတ်မြောက်ခဲ့ပေမဲ့ သူကတော့ ဘ၀ကို ခက်ခဲစွာနဲ့ဖြတ်သန်းခဲ့ရတဲ့အပြင်
ပြည်သူ့မေတ္တာနဲ့အသက်ဆက်ခဲ့တာ (၃) နှစ်လောက်တောင်ရှိခဲ့ပြီတဲ့။ ကျနော်တို့က
ဒါလေးကိုပဲ မြင်ပြီး လမ်းဘေးမှာ အလှူခံနေရတဲ့ ဘဘ အဘိုအိုတယောက်၊
လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ သခင်တယောက်က အခုလို ဖြစ်နေပါလားဆိုတဲ့
အမြင်လေးနဲ့ပဲ မြင်မယ်ဆိုရင် ပြည့်စုံမယ်မထင်ပါဘူးခင်ဗျာ။ ရဲဘော်သုံးကျိတ်
အဖွဲ့တွေက တိုင်းပြည်ဟာ ကမ္ဘာ မှာ ဆိုးဝါးလွန်းတဲ့
သမိုင်းအမဲစက်ကြီးဖြစ်တော့မယ်။ စစ်တပ်က စစ်တပ်အလုပ် ပဲလုပ်ကြပါ။
တိုင်းပြည်အာဏာကို ပြည်သူတွေလက်ထဲထည့်ပေးပြီး တိုင်းရင်းသား အခွင့်အရေး
တွေအတိုင်း လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ကြပါစေ လို့ မဆလ ခောတ်
ဦးနေ၀င်းကြီးနှင့်ခောတ်အဆက်ဆက် စစ်အာဏာရှင်တွေကို အကြိမ်ကြိမ်
မေတ္တာရပ်ခံခဲ့ကြတယ်။ ဘယ်စစ်ခေါင်းဆောင်တွေမှာ ဂရုမစိုက်ခဲ့ပဲ အာဏာကို
ယစ်မူးနေကြပါတယ်။ အခုတော့ ပါးစပ်နဲ့ ပြောလို့ မရတဲ့ အစိုးရ ပညာတော့
ပေးမယ်ကွာဆိုပြီး ဘဘသခင်လှကြိုင်ကတော့ ထိုင်ခုံပုလေး တလုံး ဆွဲ၊ တုတ်ကောက်
တချောင်းနဲ့ ပဲခူး တံတားကြီး ပေါ်မှာ ပြည်သူ့  မေတ္တာကို ခံယူရင်း
တိုက်ပွဲဝင်လိုက်တာလက်ရှိ အစိုးရ နှင့် စစ်မှုထမ်းဟောင်းတွေလဲ အရှက်ကို
ကွဲလို့၊ အော်------ အခုတော့လဲ ဘဘ သခင်လှကြိုင်ရဲ့  တုတ်ကောက်နဲ့
ခိုင်ခုံပုလေးက စစ်အစိုးရ တရပ်လုံးတင်မက ကမ္ဘာကြီးကိုပါ
တုန်လှုပ်သွားပါပေါ့လား။
မဟာမိုးဇက် ပေးပို့ ထားပါတယ်။
No comments:
Post a Comment