Monday 7 October 2013

မှန်ကန်သော Miss Myanmar တစ်ဦး ဖြစ်စေဖို့...


ဆောင်းပါးရှင်-ဇော်လွင်ဝင်း

မကြာခင် ရက်ပိုင်းက Miss Universe ပြိုင်ပွဲဝင်ဖို့ မြန်မာနိုင်ငံမှာ ပြိုင်ဘက်ကင်း မြန်မာ့အလှမယ် (Miss Myanmar) တစ်ဦးကို တိုင်းသိ ပြည်သိ ရွေးချယ်ခဲ့တယ်။... သူဟာ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုရမယ့် (၀ါ) မြန်မာပြည်ရဲ့ အိုင်ကွန် တစ်ဦး ဖြစ်လာတယ်။...

အဲ့ဒီလို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ သန်း ၆၀ ထက်များသော မြန်မာပြည်သူတွေကို ကိုယ်စားပြုမယ့်သူကို ဘယ်လိုပုံစံနဲ့ ရွေးချယ်ခဲ့တာလဲ...

ဒီနေရမှာ စာရေးသူ ဥပမာ တစ်ခုအနေနဲ့ ဘောလုံးအားကစားနဲ့ ပမာနှိုင်းလို့ သုံးသပ်ကြည့်ချင်ပါတယ်။..

စာရေးသူတို့ မမွေးခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်အချိန်လောက်က မြန်မာ့လက်ရွေးစင် အသင်းဆိုတာ

အာရှမှာ ထိပ်သီးအသင်းတစ်သင်းပါ... ပွဲတိုင်းနိုင် မြန်မာ့လက်ရွေးစင် အသင်းနဲ့ ပြိုင်ရဖို့ အာရှအသင်းတွေ နောက်တွန့်လေ့ရှိတယ်။...

အဲ့ဒီလို အာရှမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကစားသမားတွေကို ဘယ်လိုပုံစံရွေးချယ်ခဲ့ကြသလဲလို့ ပြန်လည် လေ့လာကြည့်မိတယ်။

ကစားသမားကောင်း တစ်ယောက်ဟာ ရပ်ကွက်အဆင့် ဘောလုံး ပြိုင်ပွဲမှာ ရပ်ကွက်လက်ရွေးစင်ဖြစ်လာဖို့ ရပ်ကွက် ပဏာမလက်ရွေးစင်အဖြစ်ကစလို့ အရွေးချယ်ခံရတယ်။ ရပ်ကွက်ထဲမှာ အတော်ဆုံးအဖြစ် လက်ရွေးစင် ဖြစ်လာတော့ မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲ ဆိုပြီး ရပ်ကွက်ပေါင်းစုံက ဘောလုံးသမားကောင်းတွေ ၀င်ပြိုင်ရတယ်။ အဲ့ဒီလို ရာဂဏန်းမျှသော ဘောလုံးသမားတွေထဲကမှ ခြေစွမ်းပိုင်းကအစ စိတ်ဓါတ်ပိုင်း စာရိတ္တပိုင်းအထိ ကြည့်ပြီး ပဏာမ မြိဲ့နယ် လက်ရွေးစင် ဆိုပြီးအရွေးခံရတယ်။ ဒီအဆင့်နဲ့ အရွေးခံရဖို့ တော်တော်လေး အရည်အချင်း ပြည့်ဝဖို့လိုသလို ခက်ခဲကြပါတယ်။

ပဏာမ မြို့နယ်လက်ရွေးစင်ကစားသမားတွေထဲကမှ လေ့ကျင့်အပြီး မြို့နယ်အဆင့် လက်ရွေးစင်တွေ ထပ်မံ ရွေးချယ်လို့ မြို့နယ်ပေါင်းစုံ ဆိုပြီး (ခရိုင်အဆင့်) ပြိုင်ပွဲတွေ ဆက်လက် ကျင်းပပြိုင်ဆိုင်ရတယ်။

ခရိုင်အဆင့်ကနေ ခရိုင်ပေါင်းစုံ (တိုင်းနဲ့ပြည်နယ်အဆင့်) ပြိုင်ပွဲတွေပြိုင်လို့ နောက်ဆုံးမှ ပဏာမ မြန်မာ့လက်ရွေးစင်အဆင့် ဆိုပြီး အရွေးခံရတယ်။

ကဲစဉ်းစားကြည့်ဗျာ.... ပဏာမ လက်ရွေးစင်အဆင့်ရောက်လာတဲ့ ကစားသမားဆိုရင် တော်တော်လေးကို ဒေါင်ဒေါင်မြည်နေပြီ. စိတ်ဓါတ်ပိုင်းကစလို့ ဘောလုံးအရည်အသွေး အတော်လေး ထူးချွန်နေပြီလေ..

အဲ့ဒီလို ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ဘောလုံးအသင်းတစ်သင်းကို ထပ်မံလေ့ကျင့်ပေးပြီး မြန်မာ့လက်ရွေးစင် ဆိုပြီး မြန်မာပြည်သူ သန်းပေါင်းများစွာကို ကိုယ်စားပြုလို့ နိုင်ငံတကာ ပြိုင်ပွဲတွေ လွှတ်လိုက်တဲ့အခါ မြန်မာပြည်သူတွေ စိတ်ချမ်းသာကြရမယ့် ရလဒ်တွေ သရဖူတွေ ဆောင်ကျင်းလာနိုင်ခဲ့ကြတယ်။...

အဲ့ဒီလို ပြိုင်ပွဲတွေကို စနစ်တကျ ဘက်လိုက်မှုကင်းကင်းနဲ့ ကျင်းပနေချိန်ကတော့ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းဟာ အာရှမှာ ချန်ပီယံအသင်း တစ်သင်းလို အောင်မြင်မှုသရဖူတွေ ဆောင်းနိုင်ခဲ့ပေမယ့် နောက်ပိုင်း မြန်မာ့ လက်ရွေးစင် အသင်းဟာ ကျလာလိုက်တာ အခုဆိုရင် အရှေ့တောင် အာရှမှာတောင် ကိုယ့်ကို နိုင်တဲ့အသင်းတွေ များလာပြီ.. ကိုယ်နိုင်တဲ့အသင်းကလည်း တစ်သင်း နှစ်သင်းလောက်သာရှိတော့တယ်.. ဒါကရော ဘာ့ကြောင့်လဲ..

အရင်ကလို ရပ်ကွက်အဆင့် လက်ရွေးစင် လူရွေးချယ်ပွဲကို သန့်သန့်ရှင်းရှင်း မလုပ်ကြတော့ပဲ ရပ်ကွက်လူကြီးရဲ့အမျိုး၊ ရပ်ကွက်လူကြီးရဲ့ သား/သမက်၊ ရပ်ကွက်လက်ရွေးစင်နည်းပြရဲ့ တပည့် စသည်ဖြင့် နီးစပ် ပါတ်သက်ရာလူတွေကို ရွေးချယ်ကြတော့တာပါပဲ။ အဲ့ဒီလိုပဲ မြို့နယ်အဆင့်၊ ခရိုင်၊ တိုင်း ကနေစလို့ မြန်မာ့လက်ရွေးစင် အဆင့်အထိကို ကိုယ့်တပည့်၊ သူ့တပည့်၊ ပါတ်သက်ရာ ပါတ်သက်ကြောင်းတွေ ရွေးချယ်လိုက်ကြတာ ဘောလုံးသမားကအစ ဘောလုံးအဖွဲ့ချူပ် ဥက္ကဌ အထိ ၀က်ဝက်ကွဲပေါ့...

အဲ့ဒီလို အကျင့်ပျက် ခြစားမှု ကနေ ရလာတဲ့ ရလဒ်ကလည်း အခုဖြစ်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းရဲ့ အဆင့်အတန်းကို မီးမောင်းထိုးပြနေသလို မြန်မာပြည်သူတွေက ဘယ်တော့မှ စိတ်ချမ်းသာရတယ် မရှိလောက်အောင်ပါပဲ...

ပြည်သူတွေရင်ထဲမှာလည်း "ငါတို့ကို ကိုယ်စားပြုနေတဲ့ ကစားသမားတွေပါလား" လို့ ရင်ထဲမှာ ရောက်မလာလောက်အောင်ကို အခြေအနေ ဆိုးခဲ့တယ်။

ဥပမာလေးရှည်သွားပြီ..

Miss Universe ပြိုင်ပွဲအတွေ မြန်မာ့ပြည်သူ သန်း ၆၀ ကျော်ကို ကိုယ်စားပြုမဲ့ မယ်မြန်မာ ( Miss Myanmar) ရွေးပုံကိုမေးခွန်းထုတ်ချင်တာပါ.. မကြာခင်က ရွေးချယ်လိုက်တဲ့ မယ်မြန်မာဆိုတာ ဘယ်လိုပုံစံနဲ့ ရွေးချယ်လိုက်တာလဲ.. ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင် နဲ့ တိုင်းနဲ့ပြည်နယ် အဆင့်ကနေ စိတ်ဓါတ်၊ စည်းကမ်း၊ အရည်အသွေး စသည်ဖြင့် ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ အဂတိကင်းကင်းနဲ့ စနစ်တကျ ရွေးချယ်ခဲ့တာလား...

ဒါမှမဟုတ် ရပ်ကွက်အဆင့်ကနေ စလို့ ရပ်ကွက်လူကြီးနဲ့ မရှင်းတဲ့သူ၊ ရပ်ကွက်လူကြီးသားရဲ့ ပေးစာ ကမ်းစာကို စားနေတဲ့သူ စသည်ဖြင့် နီးစပ်ရာကနေ တဆင့် အဂတိလိုက်စားလို့ မယ်မြန်မာ ပြိုင်ပွဲအထိရောက်ခဲ့တာလား..

ဒါမှမဟုတ် ဗဟိုအဆင့်မှာပဲ လျှောက်လွှာတွေ လက်ခံလို့ မယ်ကမ္ဘာပြိုင်ပွဲဝင်ရမယ့် မယ်မြန်မာ ဆိုတာကို ရွေးချယ်လိုက်တာလား...

စာရေးသူဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက Miss Myanmar ဖြစ်ခဲ့တဲ့ သူတစ်ယောက်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ချင်စိတ်နဲ့ ဒီဆောင်းပါးလေးကို ရေးခဲ့တာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပါရစေ..

ဆိုလိုရင်းက Miss Universe ပြိုင်ပွဲဝင်မယ့် မြန်မာပြည်သူ သန်း ၆၀ ကျော်သော ပြည်သူတွေကို ကိုယ်စားပြုမယ့် Miss Myanmar ရွေးချယ်ရေး ပုံစံကိုသာ မေးခွန်းထုတ်ချင်တာ ဖြစ်ပါတယ်။

အရွေးခံ၇တဲ့ Miss Myanmar တစ်ယောက်ကိုလည်း စိတ်ဓါတ်၊ စည်းကမ်း၊ အကျင့်စာရိတ္တ၊ အရည်အသွေးကစလို့ ဘက်ပေါင်းစုံမှာ မြန်မာနိုင်ငံရဲ့ စံပြတစ်ယောက်အဖြစ် မြင်ချင် တွေ့ချင်ပါ...

ဟိုးအရင် စစ်အစိုးရလက်ထက်တုန်းက အကယ်ဒမီ ရွေးပွဲမှာ ဘန်းကိုင်ဖို့အမျိုးသမီး မော်ဒယ်တွေကို ၀န်ကြီးတွေက သေချာ (စမ်းသပ်ပြီး) ရွေးတာပါ ဆိုတာမျိုး သတင်းမထွက်စေဖို့ကိုလည်း ရည်၇ွယ်ပါတယ်....

Miss Myanmar အဆင့်ကနေ Miss Universe အဆင့်အထိ ဂုဏ်ယူဝင့်ကြွားနိုင်သော မြန်မာ့အမျိုးသမီးများ ပေါ်ထွန်းလာနိုင်ပါစေ..

(ဇော်လွင်ဝင်း)

No comments:

Post a Comment