Monday 7 October 2013

ဗုဒ္ဓဘာသာရဲ့ အဆုံးစွန်ဆုံး အရသာ


ကမ္ဘာပေါ်မှာ အသားအရောင်နှင့် လူမျိုးရေး အမျိုးသား အမျိုးသမီး ခွဲခြားမှုမရှိပဲ လွတ်လပ်ခွင့် အရှိဆုံး ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်ပါတယ်။ မည်သူမဆို ဗုဒ္ဓဘာသာရဲ့ အဆုံးစွန်ဆုံး အရသာဖြစ်တဲ့ ၀ိမုတ္တရသ .. နိဗ္ဗာန်အရသာကို ခံစား နိုင်ပါတယ်။ ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရား ဖြစ်နေ၍လည်း အများ မျက်မုန်းကျိုးခြင်းကို ခံရပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းမှု အရှိဆုံး ဘာသာတရား ဗုဒ္ဓဘာသာကို
အကြမ်းဖက်သမားများက ၎င်းတို့အကြမ်းဖက် ဘာသာကဲ့သို့ ဗုဒ္ဓဘာကိုလည်း ကမ္ဘာမှ အထင်လွဲ အမြင်လွဲ ဖြစ်အောင် ကမ္ဘာ့မီဒီယာ များ ဖြစ်တဲ့ BBC VOV RFA စသော မီဒီယာများနှင့် တွဲဘက်၍၎င်း၊ ကမ္ဘာသိ ထင်ရှားသောပြီး ဘာသာရေး ကောင်းစွာ မသိသော ပုဂ္ဂိုလ်များကို ချဉ်းကပ်၍၎င်း အထက်လမ်း အောက်လမ်း နည်းစုံစွာဖြင့် ကြိုးစားလျက် ရှိပါသည်။ ၎င်းအကြမ်းဖက်ဘာသာ အကြမ်းဖက် သမားတို့၏ လှည့်ကွက်ထဲ မဝင်မိစေရန် ဗုဒ္ဓဘာသာဝင် အားလုံးတို့သည် အမြဲတမ်း ... မျက်စိဖွင့် .နားစွင့် .. ထားကာ အမှားကို အမှား အမှန်ကို အမှန် သိမြင်အောင် ကြိုးစားကြရမည်။ မီဒီယာမှ အမှန်မြင်အောင် ဖြန့်ဝေကြဖို့လိုကြောင်း .. ရန်ကုန်မြို့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ အတူလက်တွဲနေထိုင်ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲက မီးမောင်း ထိုးပြလျှက် ရှိသည်။

ထေရဝါဒ တို့တိုင်းပြည်'s photo.



ပြန်လည်မျှဝေပေးပါတယ်

No comments:

Post a Comment