Monday 21 October 2013

ပြည်မြို့ ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ဗုံးလန့်


၂၀၁၃ ခုနှစ် အောက်တိုဘာ(၂၀)ရက် ည(၈)နာရီကျော်အချိန်ခန့် ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်ဘုရားကြီး အရှေ့ဘက်စောင်းတန်း ဘုရားရင်ပြင်တော် လှေကားအဆင့်(၃)ဆင့် ကြမ်းပြင်ဝဲဒေါင့်တွင် ကျွတ်ကျွတ်အိတ်အမည်းအတွင်း
ပလပ်စတစ်အဖြူအကြည်အားထည့်၍ ကျွတ်ကျွတ်ကြိုးအဖြူရောင် နှင့် ပတ်လျှက် မိုင်း/ဗုံး ဟုထင်ရသောမသင်္ကာအထုပ်(၁)ထုပ်တွေ့ရှိခဲ့သည်။


အဆိုပါကိစ္စနှင့်စပ်လျှမ်း၍ အခင်းဖြစ်နေရာသို့ ဒ.က.စ(ပြည်)မှစစ်ဦးစီး (ပထမတန်း) ဒုဗိုလ်မှုးကြီးကျော်စွာမောင်နှင့်အဖွဲ့ ၊စအရ(၉၁၁)မှ တပ်ဖွဲ့ဝင် များ၊ခရိုင်ရဲမှုး(ပြည်မြို့)၊မြို့နယ်အုပ်ချုပ်ရေးမှုး(ပြည်မြို့)၊မြို့နယ်ရဲမှုး(ပြည်မြို့)နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဘုရားဂေါပကအဖွဲ့ဝင်များရောက်ရှိစစ်ဆေးရှင်းလင်း
ခဲ့ရာ အထက်ဖော်ပြပါ ပစ္စည်းများသာတွေ့ရှိခဲ့ရပြီး အခြားပေါက်ကွဲစေတတ်သော ပစ္စည်းတစ်စုံတစ်ရာတွေ့ရှိခြင်းမရှိခဲ့ပါ အခြေအနေမှာအေးချမ်းစွာရှိနေပါကြောင်း နှင့် ဘုရားဖူးလာပြည်သူများ အေးချမ်းစွာဖူးမျှော်လျှက်ရှိကြောင်း
သတင်းရရှိခဲ့ပါသည်။

ပြည်သတင်း


ပြန်လည်မျှဝေပေးပါတယ်။
21.10.2013

No comments:

Post a Comment