Friday 25 October 2013

ဒေါ်စုနှင့် ဘီဘီစီ အင်တာဗျူး (ဘာသာပြန်)

အင်တာဗျူးဗီဒီယို  https://www.youtube.com/watch?v=CIF_fTYCy4o





  • Suu  ။        ။    ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကျမတို့ ရောက်နေပြီဆိုပြီး လူတွေက အလွယ်တကူ လက်ခံထင်မှတ်နေတယ်လို့ ကျမ ထင်ပါတယ် ။ ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းဟာ အရှိန်အဟုန်နဲ့ ဖြစ်နေပြီဆိုပြီးတော့ပေါ့လေ.....။  တကယ်တော့ အဲဒီလိုမျိုး လုံးဝ မဟုတ်ပါဘူး ။ အခြေခံဥပဒေကို ဖတ်ကြည့်သူတိုင်း  ကျမတို့ဘာကြောင့် ဒီလို အခြေခံဥပဒေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်မလာနိုင်သလဲ ဆိုတာ နားလည်နိုင်ပါလိမ့်မယ် ။
 

  • Mishal Husain  ။        ။ လွန်ခဲ့တဲ့နှစ်တွေမှာ မြင်ခဲ့ရတဲ့ အပြုသဘောပြောင်းလဲတိုးတက်မှုတွေကြားထဲမှာ သိပ်ပြီး စိတ်မချမ်းသာစရာကောင်းလှ ၊ မလွယ်လှတဲ့ အဖြစ်တွေကလည်း ရှိနေတယ်နော် ။ အထူးသဖြင့် မြန်မာမွတ်ဆလင်တွေကို ဦးတည်ထားတဲ့ အကြမ်းဖက်ပဋိပက္ခတွေပေါ့ ။ အဲဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဒေါ်စု ဘယ်လိုမြင်ပါသလဲ ။ တချို့က ဒါကို မျိုးတုန်းသတ်ဖြတ်နေမှု ( ethnic cleansing ) လို့ ပြောနေကြတယ် ။
  • Suu  ။         ။ မဟုတ်ပါဘူး ။ မျိုးတုန်းသတ်ဖြတ်မှုဆိုတာ မဟုတ်ပါဘူး ။ ဒါက ပြသာနာအသစ်တစ်ခုဆိုပါတော့....၊ ဒါပေမယ့် ပြသာနာအဟောင်းနဲ့လည်း ပတ်သက်နေပါတယ် ။ ဒီနေရာမှာ ကျမ သိစေချင်တာက မြန်မာ့လူဘောင်အဖွဲ့အစည်းထဲမှာ သဟဇာတဖြစ်ဖြစ် ပေါင်းစည်းနေထိုင်နေကြတဲ့ သဘောထားမျှတတဲ့ မွတ်ဆလင်တွေ အများကြီး ရှိတယ် ဆိုတာပါဘဲ ။ ဒီပြသာနာတွေဟာ မနှစ်က စပေါ်လာတာပါ ။ ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း နှစ်ဖက်စလုံးမှာ စိုးရွံ့ထိတ်လန့်မှုတွေ ရှိနေလို့ လို့ ထင်ပါတယ် ။  ဒီစိုးရွံထိတ်လန့်မှုတွေဟာ မွတ်ဆလင်တွေဘက်မှ မဟုတ်ပါဘူး .......... မြန်မာတွေဘက်ကလည်း ရှိနေတယ် ဆိုတာကို အားလုံးသဘောပေါက်နားလည်ဖို့ လိုပါတယ် ။


  • Mishal Husain   ။          ။   ဓါးစာခံအများစုဟာ မွတ်ဆလင်တွေဆိုတာကို ဒေါ်စု လက်ခံပါသလား ။ မွတ်ဆလင်တွေကို စနစ်တကျ ဦးတည်တိုက်ခိုက်မှုတွေရှိခဲ့တယ်ဆိုတာ အထောက်အထားလည်း ရှိနေပါတယ် ။

  • Suu  ။           ။ ဟုတ်ပါတယ် ။  မွတ်ဆလင်တွေကို ရည်ရွယ်ပြီးလုပ်တာတွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် အကြမ်းဖက်မှုကို  ဗုဒ္ဓဘာသာဝင်တွေလည်း ရင်ဆိုင်ခံစားခဲ့ရတာပါဘဲ ။ နှစ်ဖက်စလုံးမှာ ကြောက်ရွံမှုတွေ ရှိနေတယ် ။ ဒါကဘဲ ဒီပြသာနာတွေကို ဦးတည်ဖြစ်စေခဲ့တာပါ ။ အားလုံးကို ကျမနားလည်စေချင်တာက ဗုဒ္ဓဘာသာဝင်တွေရဲ့ တုန့်ပြန်ခြင်းတွေကလည်း ကြောက်ရွံစိုးထိတ်မှုကို အခြေခံတယ် ဆိုတာပါဘဲ ။ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မွတ်ဆလင် အင်အား ( global Muslim power ) သိပ်ကြီးမှန်း လူတိုင်း သိနေကြတယ် ဆိုတာ ကျမတို့အားလုံးလက်ခံကြမှာပါ ။ ကမ္ဘာ့နေရာတော်တော်များများမှာ ဒီအင်အားကို သိမြင်ကြသလို ကျမတို့နိုင်ငံမှာလည်း သိမြင်ကြပါတယ် ။ ဒီလိုကြောက်လန့်မှုတွေ ရှိနေတော့....။


  • Mishal Husain  ။         ။ နှစ်ဖက်စလုံးမှာ ကြောက်လန့်မှုတွေ ရှိတယ် ဆိုရင်တောင်မှ ခံစားရတဲ့အတိုင်းအတာ ပဏာမချင်း မညီဘူး ဆိုတာကို ဒေါ်စု လက်ခံမလား ။ မြန်မာမွတ်ဆလင် တစ်သိန်းလေးသောင်းလောက် အိုးအိမ်တွေ စွန့်ပြီး ဒုက္ခသည်စခန်းတွေမှာ သွားနေကြရတယ်လေ ။ သူတို့က ဒီတိုက်ခိုက်အကြမ်းဖက်မှုတွေရဲ့ အဆိုးဆုံးဒုက္ခတွေကို ခါးစည်းခံရသူတွေပါ ။

  • Suu  ။       ။ ဗုဒ္ဓဘာသာတွေအများကြီးလည်း မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားခဲ့ကြရတာပါဘဲ  ။ ဒုက္ခသည်စခန်းတွေမှာ အကြောင်းမျိုးစုံနဲ့ ရောက်နေတဲ့  ဗုဒ္ဓဘာသာတွေလည်း အများကြီးပါ ။ အများစုဟာ ထိုင်းမှာပါ ။ ကမ္ဘာအနှံ့မှာလည်း ပြန့်နေတာပါဘဲ ။ ဒါက အာဏာရှင်အစိုးရလက်အောက်မှာ ကျမတို့ ခံစားခဲ့ရတဲ့ ဒုက္ခတွေရဲ့ ရလာဘ်ပါ ။ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ နေရင် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တတ်ကြတော့ပါဘူး ။ အာဏာရှင်အစိုးရတစ်ရပ်ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ တစ်ယောက်ကို တစ်ယောက် မယုံကြည်မှုကို မွေးဖွားစေပါတယ် ။

  • Mishal Husain  ။        ။ ဒါပေမယ့် လူတိုင်း သူတို့ လုပ်ရပ်အတွက် တာဝန်ယူတတ်ရမယ် မဟုတ်လား ။

  • Suu  ။       ။ ဒါပေါ့ ။  တရားမျှတအောင် တာဝန်ယူဖြေရှင်းပေးမှုတွေ ရှိအောင် အစိုးရက ကြပ်မတ်လုပ်ဆောင်ပေးရပါမယ် ။


  • Mishal Husain   ။        ။ ဒါပေမယ့် လူတွေ ကိုယ့်လုပ်ရပ် အပေါ်တာဝန်ယူမှု ရှိအောင်တော့ အစိုးရက မဆောင်ရွက်ပေးဘူးနော် ။ အထူးသဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးဝီရသူလေ ။ အရင် သူက ထောင်ကျနေခဲ့တာ..... ၊ နောက်တော့ သူ့ကို လွှတ်ပေးလိုက်ကြတယ် ။ အခုကျတော့ သူက ပြည်သူတွေထဲမှာ သိပ်ကို လွှမ်းမိုးပြီး ပေါ်ပြူလာ ဖြစ်နေတယ်  ။ ပြီးတော့ လူမျိုး ၊ ဘာသာနဲ့ ယုံကြည်မှု မတူသူတွေကို ခွဲခြားခြိမ်းခြောက်တဲ့ hate speech တွေ ဟောနေတယ်.....မွတ်ဆလင်တွေကို ခွေးတွေလို့ ပြောတာမျိုး ၊ မြန်မာအမျိုးသမီးတွေကို မွတ်ဆလင်တွေက ခိုးနေပါတယ်ဆိုပြီး အပြစ်တင်နေတာမျိုးတွေပေါ့ ။ အဲဒီလို  hate speech  မျိုးကို ဒေါ်စုအနေနဲ့ ရှုတ်ချသလား ။
 

  • Suu   ။         ။ ကျမက အမုန်းနဲ့ပတ်သက်ရင် ဘယ်လို အမုန်းမျိုးကို မဆို ရှုတ်ချပါတယ် ။ ရှင်ပြောသလို အစိုးရက ဒီကိစ္စမှာ တာဝန်ယူဖြေရှင်းပေးတာမျိုး  မရှိဘူးဆိုတာလည်း ဟုတ်ပါတယ် ။ ကျမအနေနဲ့ ရှင်တို့ကို တိုက်တွန်းချင်တာက အစိုးရကို မေးခွန်းထုတ်ကြဖို့ပါဘဲ.....သူတို့ရဲ့ ပေါ်လစီတွေဟာ ဘာလဲ ၊ အစိုးရအနေနဲ့ ဒီကိစ္စကို ပြေလည်စေဖို့ ဘာတွေလုပ်ဖို့ ကြိုးစားနေသလဲ ၊  ဘာတွေရော လုပ်နေသလဲ ၊ မလုပ်ဘူးလဲ စသည်ဖြင့်ပါ ။
                     ကျမတို့အစကတည်း ပြောခဲ့ပါတယ် ။ တရားဥပဒေစိုးမိုးမှုဟာ မရှိမဖြစ်ပါဘဲ ။ ဘာလို့လည်းဆိုတော့ မတူညီမှုတွေကို အတူတကွ အဖြေရှာဖို့ မလုပ်နိုင်ခင် အားလုံးစိတ်ထဲမှာ စိတ်ချလုံခြုံမှုရှိတယ်လို့ ခံစားမိမှ ဖြစ်မှာပါ ။ သူတို့စိတ်ထဲမှာ အိပ်နေတုန်းအသတ်ခံရမယ် လို့ ခံစားနေရရင် သဟဇာတဖြစ်မှုတို့ ၊ တစ်ယောက်ကိုတစ်ယောက် နားလည်လာအောင် ကြိုးစားဖို့ဆိုတာတွေကိုလည်း ဆွေးနွေးကြတော့မှာ မဟုတ်ပါဘူး ။

                   ဒီတော့ ကျမပြောချင်တာက အတိုက်အခိုက်ပါတီဝင်တွေဖြစ်တဲ့ကျမတို့ကို ဘယ်လို ခံစားနေရသလဲ ၊ ဘာတွေလုပ်ဖို့ရှိလဲ မေးနေမယ့်အစား အစိုးရကို မေးဖို့ တိုက်တွန်းပါရစေ ။ ဘာလို့လည်းဆိုတော့ ကျမတို့အနေနဲ့ အစိုးရတစ်ရပ် လုပ်ရမယ့် ကိစ္စတွေကို လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးမှာ မရှိပါဘူး ။ ရှင်တို့အနေနဲ့ လက်ရှိအစိုးရကို သူတို့ ပေါ်လစီတွေဟာ ဘာတွေလဲ ၊ သူတို့အနေနဲ့ ဒီပြသာနာကို ဘယ်လို ဖြေရှင်းကိုင်တွယ်နေသလဲ ၊  သူတို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ်ရှိသလဲဆိုတာ မေးသင့်ပါတယ် ။
 
  • Mishal Husain  ။        ။ ပုဂိုလ်ရေးမေးခွန်းမေးရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ဘယ်အရာတွေကများ လိုက်လျောညီထွေနေဖို့ ခက်ခဲခဲ့သလဲ  ။ ဒေါ်စုရဲ့ ဘ၀က အရမ်းကို ပြောင်းလဲသွားခဲ့တယ်လေ ။

  • Suu  ။        ။ ပွင့်ပွင့်လင်းလင်းပြောရရင်  ထူးထူးခြားခြားတစ်ခုခုကို လိုက်လျောညီထွေအောင် နေနေရတယ်လို့ မထင်ပါဘူး ။ အခြေအနေတွေကတော့ အသစ်တွေပေါ့လေ......ဒါပေမယ့် ကျမ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလက အခြေအနေတွေထက် ပိုပြီး ထူးခြားနေတယ်လို့တော့ မဟုတ်ပါဘူး ။

  • Mishal Husain   ။        ။ ဒါပေမယ့် ဟိုတစ်စ ဒီတစ်စ ဖြစ်နေတဲ့  မိသားစုဆက်ဆံရေးတွေ  ၊ သူငယ်ချင်းမိတ်ဆွေနဲ့ ဆက်ဆံရေးတွေကို အခုပြန်ပြီး ရတာ  ...... အကြာကြီး ဖြတ်တောက်ခံခဲ့ရတဲ့အဆက်အသွယ်တွေကို အခုမှ ပြန်ရတာတွေကရော......။

  • Suu  ။      ။ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ပြန်ပြီး အဆက်အဆံလုပ်လို့ရပါတယ် ။ သိပ်ပြီး မစစ်မှန်တဲ့ သူငယ်ချင်းမိတ်ဆွေဆိုတာကတော့ ကျမနဲ့ နီးနီးကပ်ကပ်ဆက်ဆံရင် အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ ဟိုးအရင်ကတည်း လမ်းခွဲခဲ့ကုန်ကြပါပြီ ။ တစ်ဖက်ကလည်း  ပြန်လာတဲ့ လူတွေတချို့ ရှိပါတယ် ။ ဒီလိုဆိုလည်း ကျမကတော့ လက်ခံတာပါဘဲ ........လူတွေကို တချိန်လုံး ကိုယ်ယုံကြည်ရာကို ပြောဆိုရဲဖို့၊  သတ္တိရှိနေဖို့ မျှော်လင့်နေလို့ မရဘူးဆိုတာ ကျမလက်ခံပါတယ် ။
                                    *******************************************

မူရင်းဘာသာပြန်သူ  Spring Flower
25.10.2013

No comments:

Post a Comment