Friday 25 October 2013

ပြတ်သားတဲ့ဝန်ကြီးချုပ်



ဒေါ်အောင်ဆန်းစုကြည် ကို ဗြိတိန်နိုင်ငံက အခိုင်အမာ ထောက်ခံကြောင်း ဂျာနယ်လစ် တွေကို ပြတ်ပြတ်သားသားပြော နေတဲ့ ၀န်ကြီးချုပ် ကင်မ္မရွန်း ဖြစ်ပါတယ်။


သူဘာပြောခဲ့သလဲ

ဝန်ကြီးချုပ် ကင်မရွှန်း ဟာ ဒေါင်းနင်းလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပြီး သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြောင်းလည်းရေးအတွက် ကြိုးပမ်းမှုတွေကို ထောက်ခံဖို့ ကျတော်တို့ တတ်နိုင်တာမှန်
သမျှ အကုန်လုပ်ဆောင်သွားမယ်လို့ပြောဆိုလိုက်တယ် ။ " ဒီနိုင်ငံမှာ လူတွေက ခင်ဗျား ကို အင်မှတန်မှကို လေးစားကြတယ် ။ ကျတော်က ခင်ဗျားကို အလေးစားဆုံး လူတွေထဲကတစ်ယောက်ပါ " အရေးကြီးဆုံးပေးချင်တဲ့သတင်းစကားက မြန်မာနိုင်ငံက တိုးတက်မှုတွေဟာ စဉ်ဆက်မပျက် ဖြစ်ဖို့လိုအပ်တယ် ၊ အဓိကအားဖြင့် အခြေခံဥပဒေကိုပြုပြင်တာ ကျတော်တို့မြင်ချင်တယ် " ၀န်ကြီးချုပ်က ပြောပါတယ် ။ " ခင်ဗျားရဲ့ ဥပမာ ၊ ခင်ဗျားရဲ့ ယုံကြည်ချက်ပေါ်မှာ ဇွဲရှိမှုတွေက ဗြိတိန်နိုင်ငံတစ်ဝှမ်းက သူတွေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့သူတွေ အတွက် အင်မတန်ကြီးမှာတဲ့ စိတ်ဓာတ်စေ့ဆော်မှု ပါပဲ

" မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကြိုးပမ်းမှုခေါင်းဆောင်ကို နိုင်ငံခေါင်းဆောင် ဖြစ်မလာနိုင်အောင် ဖယ်ထုတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လုံးဝ မှားယွင်းတဲ့ရွေးကောက်ပွဲဖြစ်မှာပဲ ။ မြန်မာအစိုးရဟာ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို မဖြစ်မနေ ပြောင်းရမယ်ဆိုတာ နိုင်ငံတကာ ကနေ ဖိအားပေးအောင် ကျတော်တို့
( ဗြိတိန်နိုင်ငံ) လုပ်နိုင်တာတွေအားလုံးကို လုပ်ဆောင်သွားမယ် " လို့ မစ္စတာကင်မရွန်းက ပြောကြားလိုက်တယ် ။ ဂျာနယ်လစ်ကမေးလာတဲ့ ဘာသာရေးလွတ်လပ်မှုနဲ့ နိုင်ငံသားဖြစ်မှု နဲ့ပက်သက်တဲ့မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည် ယခုလိုဖြေကြားလိုက်ပါတယ် - "
ဒါက သမ္မတ နဲ့ သူ့ရဲ့အစိုးရအဖွဲ့က timeframe ချပြီး လုပ်ဆောင်ရမှာ ၊ နိုင်ငံသားဖြစ်မှုနဲ့
အခြားအစိုးရက ကိုင်တွယ်ရမယ့် ဘယ်အရာမဆို ကို Policy တစ်ခုချပြီး ဒါကို အချိန်အတိုင်းအတာ
တစ်ခု (timeframe) သက်မှတ်ပြီး လုပ်ဆောင်ရမှာ " " ကျမ ရှင့်ကို timeframe (ပြဿနာတွေဖြေရှင်းဖို့ အချိန်အတိုင်းအတာ) ချပြစေချင်ရင် ၊ ကျမ သမ္မတ ဖြစ်လာမှာကို ကျိန်းသေအောင်လုပ်ပေးဖို့ လိုတယ် " ၀န်ကြီးချုပ်က ယခုလို ထပ်ဖြည့်ပြောခဲ့ပါတယ် " ဒါတကယ့်ကို ပြောင်မြောက်တဲ့အချက်ပဲလို့ ကျတော်ထင်ပါတယ် ၊ အဲ့ဒီနေ့ထူးနေ့မြတ်ရောက်ပြီးရင် ခင်ဗျား (ဒေါ်စု) ကို အမှတ် ၁၀ ဒေါင်းနင်းလမ်း ကနေ ကြိုဆိုဖို့ ကျတော်တို့ အင်မတန်မှကို စောင့်မျှော်နေပါတယ် "

ကိုထွန်းဝေ
ပြန်လည်မျှဝေပေးပါတယ်.

25.10.2013

No comments:

Post a Comment