Monday 28 October 2013

ဒေါ်အောင်ဆန်းစုကြည်နဲ့ပုတ်ရဟန်းမင်းကြီးဖရန့်စစ်တို့ တွေ့ဆုံ(ရုပ်/သံ)






ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံ AGI သတင်းဌာန၏အဆိုအရ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာ့ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံကာ အာရှနှင့်ပေါင်းကူးတံတားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ထိုတွေ့ဆုံခြင်းဟာ တနင်္လာနေ့မှာ ဖြစ်ပါတယ်။ တိုင်းမ်သတင်းစာအရ ဤတွေ့ဆုံခြင်းဟာ မှတ်သားဖွယ်ရာ နောက်ဆက်တွဲများ ဖြစ်ပေါ်လာမည့် သမိုင်းဝင်တွေ့ဆုံမှု့ဖြစ်လာမည်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒါတွေဟာ ချက်ချင်းပြောင်းလဲမည်ဟု မဆိုနိုင်သော်လည်း နိုင်ငံရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု့အဆင့်တွေမှာ တကယ့်ကို မှတ်သားဖွယ်ရာတွေ ဖြစ်လာမည်ဟု ဆိုထားပါတယ်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်သည် မြန်မာ့ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည်အား တနင်္လာနေ့တွင် လက်ခံတွေ့ဆုံကြောင်း သိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်မှာ ဥရောပတခွင်ကို အလည်အပတ်ရောက်ရှိနေပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် an honorary citizen of Rome အဖြစ် ချီးမြှင့်ခံခဲ့ရပြီး ဖြစ်ပါတယ်။ ယခု ပုပ်ရဟန်းမင်းကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏တွေ့ဆုံခြင်းဟာ အင်မတန်မှ လှိုက်လှိုက်လှဲလှဲရှိပါတယ်။ ၎င်းတို့၏တွေ့ဆုံခြင်းတွင် ယဉ်ကျေးမှု့တွေ့ဆုံခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဖြစ်ခဲ့ကြသည်ဟု သိရပါတယ်။ ဤအကြောင်းအရာအား ပုပ်ရဟန်းမင်းကြီးသည် အင်မတန် တန်ဖိုးထားလှသည်ဟု သိရှိရပါတယ်။ ဖာသာရ်လွန်ဘာဒီ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာအပြည့်ရှိပြီး အင်မတန်အရေးပါတဲ့သူ အဖြစ် ဖော်ကြူးထားပါတယ်။ ထို့အပြင် တမန်တော်ကြီးများနန်းတော်မှာ ပြုလုပ်သည့်တွေ့ဆုံမှု့မှာလည်း အင်မတန်မှ ပြတ်သားမှု့ပေါ်လွင်လှသည်ဟု သိရှိရပါတယ်။

No comments:

Post a Comment