Sunday 27 October 2013

စစ်သားကြီးတွေကိုင်တဲ့ လက်နက်ကြားထဲမှ ဒေါ်အောင်ဆန်းစုကြည်

ပြည်သူတွေမြတ်နိုးဂုဏ်ယူရတဲ့စစ်တပ် ဖြစ်ဖို့ဒေါ်စုလိုလားတယ်ဆိုတာ အားလုံကိုအသိပေးပြီး ဖြစ်ပါ တယ်။ 
ဓာတ်ပုံ- ကိုစိုးဝင်း

မြန်မာနိုင်ငံမှာ ပြည်သူလူထုက ချစ်ခင်မြတ်နိုးပြီးတော့ ဂုဏ်ယူတဲ့ စစ်တပ်မျိုး ရှိစေချင်တယ်လို့ 
ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတာဟာ အမျိုးသားရေးစိတ်ဓါတ်ကြီးမားတဲ့ မြန်မာ့ အမျိုးသားရေး
ခေါင်းဆောင်ဆိုတာ အားလုံးကို ကမ္ဘာကြီးကို ယနေ့ သိစေခဲ့တာပါဘဲ .။ 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၃ နှစ်တာအတွင်း ပထမဆုံး ဥရောပ ခရီးစဉ် တလျှောက်လုံးမှာ သူရဲ့ သွားလာလုပ်ဆောင်မှု မှန်သမျှကို မြန်မာပြည်သူတွေ အပါအ၀င်၊ နိုင်ငံ တကာက စိတ်ဝင်တစား စောင့်ကြည့်ကြ၊ ကမ္ဘာ့မီဒီယာ၊ မြန်မာ့မီဒီယာတွေက ပုံစံမျိုးစုံနဲ့ တင်ပြကြသလို သတင်းဓာတ်ပုံတွေ ထွက်ပေါ်လာတိုင်း မြန်မာပြည်သူတွေ အထူးစိတ်ဝင်တစား ပြောဆိုဖြစ်ကြတာ က
တော့ သူ့ရဲ့ ရဲရင့်တဲ့  လှုပ်ရှားမှုတွေပါဘဲ ဥရောပကို ခရီးထွက်တယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ ရဲ့ ပြောင်မြောက်တဲ့ ခရီးစဉ်အတွက်ဗြိတိန်နေမ၀င်တော်ဝင်တပ်ထဲမှာ မြန်မာပြည်သူတွေအတွက် အားကျစရာ၊ စစ်တပ်ထဲအထိသွားပြ မိန့် ခွန်းတွေ ချွေပြနေတာ မြန်မာလူမျိုးတစ်ဦး အနေနဲ့ ဂုဏ်ယူ ၀င့်ကြွား ပြော ဆိုစရာ ခေါင်းစဉ်တခုဖြစ်ခဲ့ပါတယ်။ 


အားလုံးသိတဲ့အတိုင်းပေါ့ Facebook လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် အကြောင်း ပြောဆိုကြတဲ့အခါ သူ့ရဲ့ အကြောင်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ စိတ်ဝင် တစား ပြောဆိုကြတာကို တွေ့ရပါတယ်။ 

ဥရောပ ခရီးစဉ်တလျှောက်လုံး ဒေါ်စုဘာတွေလုပ်နေတယ်ဆိုတာကို ဥရောပကိုရောက်နေတဲ့ မြန်မာနိုင်ငံ သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားလွန်းလို့  နောက်ဆုံး အင်္ဂလန်ဝန်ကြီးချုပ်ကိုယ်တိုင် က လေးစားလျက် ယုံကြည်လျက်ရှိနေကြောင်း ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ကြောင့် ကမ္ဘာက ပို သိသွားရတယ်။ 

ဒေါ်စုရဲ့ကမ္ဘာကျော်တဲ့ မိန့် ခွန်းတွေကြောင့် ပြောဆိုကြတာတွေ တွေ့ရသလို မြန်မာအစိုးရကလည်း သူတို့ ရဲ့ သတင်းစာထဲမှာ ဥရောပခရီးကိုသွားတာစိုးစိုးစဉ်းစဉ်းမှ ဖော်ပြခြင်းမရှိကြောင်း အခုထိတွေ့ နေ ရပါသေးတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဥရောပတိုင်းသားတွေအပေါ် သူ့ နံမည်တလုံးတည်းကြားရုံနဲ့  လွှမ်းမိုးမှု ရှိတယ်၊ မရှိဘူးဆိုတာကို သေချာမသိနိုင်ပေမယ့် အိမ်နီးချင်း အာရှနိုင်ငံတွေပေါ်ကိုတော့ ပျားရေစက်လို ချိုမြိန်တဲ့လွှမ်းမိုးမှု တစုံတရာ ရှိနေခဲ့ပါတယ်။ 



ယခုလည်း ဗြိတိန် ခရီးစဥင်္ပြီးရင် အီတလီ ခရီးစဉ်တွေမှာလည်း အီတလီလူထုကိုသာမက စိတ်ဝင်စား တဲ့ နိုင်ငံခြားသူတွေရဲ့ အာရုံကို ဒေါ်အောင်ဆန်းစုကြည် က ဘယ်လိုဖမ်းစားနိုင်ဦးမလဲဆို တာ 
စောင့်ကြည့်နေရဦးမှာပါ ။ 

ကိုထွန်းဝေ (တိုကျို)

No comments:

Post a Comment