Monday 15 July 2013

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အောက်မေ့ဖွယ် အထိမ်းအမှတ် ကဗျာ ပြိုင်ပွဲ



၂၅နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အောက်မေ့ဖွယ် အထိမ်းအမှတ်
ကဗျာ ပြိုင်ပွဲတခုကို ကိုရီးယားနိုင်ငံအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲမှ ကြီးမှူး၍ စီစဉ်ထားပါသည်။

ဆုရွေးချယ်ရေး အဖွဲ့ အနေဖြင့် အမေရိကန်နိုင်ငံမှ ဆရာ တက္ကသိုလ် ဘုန်းကြွယ်၊ မြန်မာနိုင်ငံမှ ဆရာ ငြိမ်းဝေ(ကဗျာ့အိုးဝေ) ထိုင်းနိုင်ငံမှ ဆရာ မောင်လွမ်းဏီတို့မှ အသီးသီး ရွေးချယ်သွားမည်ဖြစ်ပြီး ဆုရွေးချယ်ရေးအဖွဲ့မှ ရွေးထားသည့်အမှတ်များထဲမှ အမှတ်အများဆုံးရရှိသူများကို ကဗျာဆုကြေးအဖြစ်
ပထမဆု အမေရိကန် ဒေါ်လာ ၃၀၀
ဒုတိယဆု အမေရိကန် ဒေါ်လာ ၂၀၀
တတိယဆု အမေရိကန် ဒေါ်လာ ၁၀၀
အစရှိသဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပြီး ရရှိသော ဆုကြေးငွေကို ဆုရရှိသူထံအရောက် တိတိ
ကျကျ ပေးပို့ပေးမည်ဖြစ်ပါသည်။


ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသား မည်သူမဆို၊ မိမိအားသန်ရာ ကဗျာရေးစပ်နည်းနှင့် စိတ်ကြိုက် ရေးဖွဲ့ သီကုံး ယှဉ်ပြိုင်နိုင်ခွင့်ရှိပြီး၊ကိုယ်တိုင်ရေးသားသီကုံးထားသော ကဗျာဖြစ်ကြောင်းခံဝန်ချက်ရေးသားရမည်။
ယှဉ်ပြိုင်သူသည် ကလောင်အမည်၊အမည်ရင်းနှင့်ဆက်သွယ်ရန်နေရပ်လိပ်စာအပါအ၀င်အီးမေလ်းနှင့်ဖုံးနံပါတ်
ရှိပါကလည်း တပါတည်းအပြည့်အစုံ ရေးသားပေးပို့ပေးရန် လိုအပ်သည့်အပြင် ဆုရရှိပါက ကိုရီးယားဘာသာဖြင့်
ပြန်လည် ဘာသာပြန်ထုတ်ဝေခွင့်ကိုလည်း ခွင့်ပြုရမည်ဖြစ်သည်။
မိမိ ရေးသားသီကုံးသော ကဗျာ ကို yannainghtunkorea@gmail.com သို့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၄ ရက် တနင်္ဂနွေနေ့ အထိ နောက်ဆုံးထား၍ ပေးပို့နိုင်ပြီး ဆုရရှိသော ကဗျာ များကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၁ရက် တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အောက်မေ့ဖွယ် အထိမ်းအမှတ်
အခမ်းအနား (ကိုရီးယား)တွင် အခမ်းအနားဖြင့် ဆုချီးမြှင့်ပေးမည်ဖြစ်ပါသည်၊၊
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ၊ကိုရီးယား

ဆက်သွယ်ရန်လိပ်စာ
yannainghtunkorea@gmail.com
kotunwai@gmail.com
လေးစားလျက်
မျှဝေပါတယ်.

ကိုထွန်းဝေမှ တဆင့် လည်းပေးပို့ နိုင်ပါတယ်။

No comments:

Post a Comment