Thursday 18 July 2013

အဖိုးသခင်ကိုယ်တော်မှိုင်းနဲ့  ဖခင်ဗိုလ်ချုပ်ကြားပါစေသား

အဖိုးသခင်ကိုယ်တော်မှိုင်းနဲ့  ဖခင်ဗိုလ်ချုပ်ကြားပါစေသား

ဝမရှိဘဲဝိမလုပ်နဲ့ 
သူရဲကောင်းလို
ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေ
အတွက် ထာဝရ
ရင် နာမိပါတယ်ဗိုလ်ချုပ် ရယ်



နိုင်ငံတော်ရဲ့ဖခင် သမိုင်းကို
အမျိုးမျိုးဖျက်ဆီးခဲ့ကြတဲ့
သန်းရွှေနှင့် အရပ်ဝတ်အစိုးရက
အသေသတ်ခဲ့တုံးဘဲ
သူတို့ အာဏာတည်တံ့ဖို့ 
အောင်ဆန်းမျိုးရိုးကို
နေရာမပေးအသေသတ်ဖို့ အမျိုးမျိုးနည်းပေါင်းစုံနဲ့
ယခုထက်ထိလုပ်ကြံနေတုံးဘဲ

မြန်မာတွေအလေးထားတန်ဖိုးထားတဲ့
ပိုက်ဆံတွေမှာလဲ
ဖခင်ဗိုလ်ချုပ်ကိုဖျောက်လိုဖျောက်
အသိဥာဏ်မဲ့တဲ့
တိရစ္ဆာန်ပုံတွေကိုအစားထိုးပြီး
ယခုထိသုံးနေတုံးဘဲ

ကျေနပ်စရာလား
မှတ်ထားလိုက်
ကမ္ဘာမကျေတာ
မျိုးရိုးစဉ်သမိုင်းမှာ မင်းတို့ အုတ်ဂူဆိုမရှိစေရဘူးမှတ်လိုက်


နောက်တစ်ခုပေါ့
အရိုးတွေတွန်သံကြားရအုံးမယ်

ကလေးတွေစာသင်တဲ့ကျောင်း
အစိုးရ ရုံးခန်းနဲ့
ဌာနဆိုင်ရာ တပ်တွေရဲ့ ရုံးခန်းမှာ
ကျက်သရေမရှိတဲ့
သန်းရွှေပုံတွေမရှိသင့်တော့ဘူး
သမ္မတကြီးနောက်က
ဓါတ်ပုံတွေထဲမှာတွေ့ တွေ့ နေရတဲ့ 
ဘုရင်လိုလိုကုလားထိုင်ကြီးလဲ
မီးရှို့ သင့်ပြီ

အဘိုးသခင်ကိုယ်တော်မှိုင်းနဲ့ 
ဖခင်ဗိုလ်ချုပ်အားတိုင်တည်ပါတယ်
အ ဖေတည်ဆောက်ပေးခဲ့တဲ့
နိုင် ငံမှာရှိတဲ့လူငယ်တွေ
အ ဖေ့မွေးနေ့
အ ဖေ့သမိုင်း
ကိုမသိကြ တော့ဘူး
အဖေ့ချွေး
အဖေ့သွေးတွေ
ဒီမြေမှာ မခြောက်သေးပေမယ့်
အဖေ့မူ
အဖေ့ဟန်
အဖေ့ အသံကို
ဒီမြေမှာ ပျောက်အောင် လုပ်နေကြတယ်အဖေ ။
အဖေထားခဲ့တဲ့ အမွေလည်း
တစ္ဆေတွေ လက်ထဲ ကြေမွသွားပြီ အဖေရေ ။
ဇာတိသွေး ဇာတိမာန်တွေကြွတက်ပြီး
သူ့ကျွန်ဘဝမှ ရုန်းထကြလျက်
အသက်တွေနှင့်ရင်းပြီး
မြန်မာနိုင်ငံကြီး၏ လွတ်လပ်ရေးကို
စွမ်းစွမ်းတမံ တိုက်ခိုက်ယူပေးတဲ့ အတွက်
အလေးပြုအပ်ပါတယ်။

ကိုထွန်းဝေ
ရေးသားအပ်ပါတယ်။
လေးစားစွာ မျှဝေပါတယ်။
18.7.2013

No comments:

Post a Comment