Thursday 18 July 2013

နဝင်းကြွေတဲ့နေ့ 

နဝင်းကြွေတဲ့နေ့ 
----------------
မနက်ဖန်
အလံကိုတိုင်ဝက်ထူ
ဖြစ်နိုင်ရင်အသက်တောင်
တစ်ဝက်ရှူကြ။


အဲဒီလူတွေပျော်လွန်းလို့ 
သေတမ်းကစားတာမဟုတ်ဘူး
မိုက်မိုက်မဲမဲခြွေလို့ 
ကြွေသွားခဲ့ရတာ။
သမိုင်းကိုမှေးမှိန်အောင်
လက်ကြမ်းကြီးတွေနဲ့ 
ပွတ်တိုက်ခဲ့ကြတယ်
အရောင်ကနှစ်ဆပိုလက်လာရော။
မနက်ဖန် ၁၀:၃၇
ဥသြတွေဆွဲပါ
ရောက်တဲ့နေရာရပ်လိုက်ပါ
ခင်ဗျားရဲ့ ဘယ်ရင်ဘတ်
ညာလက်ဝါးကပ်ကြည့်
သူတို့ ရဲ့ စစ်ချီတေးတွေ
ဒီနေ့ ထိရှိနေတုံးဘဲ။
ဒီမှာ--ခင်ဗျားတို့ ခိုနေတဲ့အရိပ်က
သူတို့ စိုက်တဲ့အပင်ပါ
ခင်ဗျားတို့ စားနေတဲ့အသီး
သူတို့ မြည်းတောင်မမြည်းဖူးဘူး။
အရိပ်နေနေအခက်ချိုးချိုး
အဲလိုလက်မျိုးကိုဖြတ်ပစ်ဘို့ 
စိတ်ဓါတ်နဲ့ 
ကြွေသွားတဲ့ကိုးနဝင်းကို
ဒီနေ့ ညမိုးအလင်းဂုဏ်ပြုရအောင်။

For Remembrance Of
General Aung San

ဓါတ်ပုံ မူရင်းကိုထွန်းဝေ
ပြန်လည်မျှဝေပါတယ်
18.7.2013

No comments:

Post a Comment