Monday 22 July 2013

လင်းလင်း၏ ‘သံမဏိလိပ်ပြာ’ စီးရီး အယ်လ်ဘမ်ပေါင်း ၅၀ဝ၀ တစ်ရက်တည်းကုန်


Monday, July 22, 2013

လင်းလင်း၏ ‘သံမဏိလိပ်ပြာ’ စီးရီး ထွက်ရှိသည့်နေ့တွင် စီးရီးအချပ်ပေါင်း ၅၀ဝ၀ ကို ရောင်းချခဲ့ရကြောင်း ဘိုဘိုအင်တာတိန့်မန့်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းသို့ ရောင်းချခဲ့သည့်အခွေအရေအတွက်မှာ ထုတ်လုပ်ရေးမှ တစ်နိုင်ငံလုံးသို့ဖြန့်ချိရန် လျာထား အရေအတွက်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

Bo Bo Music Production မှ တာဝန်ရှိသူက “အခွေ ၅၀ဝ၀ စီစဉ်ထားတာ စစချင်း ရောင်းတဲ့နေ့မှာပဲ အကုန်ရောင်းထွက်သွားတယ်။ အခု အဆိုတော်လင်းလင်းက ဘန်ကောက်ကို အခွေတွေ ထပ်မှာထားပါတယ်။ ကြာသပတေးနေ့မှာ ထပ်မံရောင်းချပေးမှာပါ။ ကျွန်တော်တို့ထုတ်တဲ့ အခွေတွေထဲမှာဆို ဒီအခွေက ရောင်းအားအများဆုံးစံချိန်တင်တယ်လို့ ပြောလို့ရပါတယ်။ အခုလည်း အခွေ လာမေးတဲ့သူတွေ ရှိနေတုန်းပါပဲ” လို့ ပြောပြသည်။

ယင်း ‘သံမဏိလိပ်ပြာ’ တေးအယ်လ်ဘမ်သည် ယခင် လင်းလင်းထွက်ရှိခဲ့သည့် တေးစီးရီးပုံစံများနှင့် ကွဲခြားကာ တင်ပြထားသော
တေးစီးရီးဖြစ်ပြီး အဆိုပါစီးရီးတွင် ဘာသာရေးနှင့်ပတ်သက်သည့် သူ၏အမြင်များ၊ စစ်နှင့်ပတ်သက်သည့် ခံယူချက်များကို သူ၏
ပုဂ္ဂလိကခံစားချက်ဖြင့် လွတ်လပ်စွာရေးသား တင်ပြထားသည့် တေးစီးရီးဖြစ်သည်။

ကိုယ်ကျိုးမပါသည့်အလုပ်တွေကို အများကောင်းကျိုးအတွက် မပင်မပန်းလုပ်ကိုင်တတ်သူ အသက်၂၀ ကျော်အရွယ် အပြုံးနှင့်
မိန်းမတစ်ယောက်ကို မေတ္တာဖွဲ့ညွှန်းထားသည့် တေးသီချင်းအား ‘သံမဏိလိပ်ပြာ’ ဟု အမည်ပေးထားပြီး တေးသီချင်း ၁၂ပုဒ်ပါဝင်
ထားသည့်တေးစီးရီးဖြစ်သည်။

မူ ရင်းMizzima -

No comments:

Post a Comment