Wednesday 3 July 2013

ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဌမနေ့အစီအစဉ်


ယနေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေး
ကျင်းပရာ အစည်းအဝေးတွင် ဦးကြည်တင့် ဓနုဖြူ မဲဆန္ဒနယ် မှ နိုင်ငံတော်အစိုးရမှ တရားဝင်ခွင့်ပြုချက်မရှိဘဲ အဖျက်လုပ်ငန်းများဥပဒေမဲ့ လုပ်ဆောင်နေသည်ကို သိရှိပါသလား၊ သိရှိသည်ဆိုပါက လည်းကောင်းကိစ္စရပ်များကို ရှင်းလင်းဆောင်ရွက်ရန် ရှိ/မရှိမေးခွန်း။ ဦးမြင့်စိုး ပျော်ဘွယ်မဲဆန္ဒနယ် မှ ခရိုင်အဆင့်အထိ အကြမ်းဖက်မှုနှင့် အဓိကရုဏ်းနှိမ်နှင်းရေးအဖွဲ့များတိုးချဲ့ဖွဲ့စည်းထားရှိပြီး နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသော သင်တန်းပေးခြင်း၊အင်းအားတိုးချဲ့ဖွဲ့စည်းနိုင်ခြင်းရှိ/မရှိမေးခွန်း။ ဦးတင်မောင်ဦး ရွှေပြည်သာ မဲဆန္ဒနယ် မှ နိုင်ငံတော်မှ လွတ်လပ်ရေး မော်ကွန်းဝင် အဆင့်လိုက် လူပုဂိုလ်အရေအတွက် မည်မျှရှိခဲ့ပြီး မည်မျှကွယ်လွန်၍ မည်မျှ ကျန်ရှိပါသနည်း အဆိုပါပုဂိုလ်များအား တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေအား ချီးမြှင့်ရန် ရှိ/မရှိမေးခွန်း။ ဦးသိန်းညွှန့် သင်္ဃန်းကျွန်း မဲဆန္ဒနယ် မှ ၆၆ ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်ေးဆာင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမှတ်တရ သတိရပြီး အစဉ်အလာအတိုင်း ဂုဏ်ပြုနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရက မြန်မာ့အသံမှ ဥသြဆွဲသံကိပြန်လည်ထုတ်လွင့်ပေးရန် ရှိ/မရှိမေးခွန်း များကိုမေးမြန်းဆွေးနွေးကြမည်ဖြစ်သည်။

မူရင်း NLD
3.7.2013
ပြန်လည်မျှဝေပါတယ်။



No comments:

Post a Comment