Wednesday 3 July 2013

ရွှေပြည်ထုကြီုးရဲ့ တော်ဝင်စုဇာနည်





ရွှေပြည်ထုကြီုးရဲ့ တော်ဝင်စုဇာနည်


အရောင်တလက်လက်
အလင်းဘ၀  သူ့ ဆန္ဒ
နေရာတိုင်းမှာပထမ
အောင်ဆန်းဟေ့ စုကြည်။

ရွှေပြည်ထုကြီုးရဲ့
တော်ဝင်စုဇာနည်
အကြိုက်လေးရေးလိုက်ရရင်
အောင်အတိတ်အောင်နမိတ်
အောင်ခြေလှမ်းနှင့်
ဆန်းသမျှအတည်ပြု
ဖအေ့သွေးဟာ နီနီရဲပါလို့၊
ပြည့်အရေးမှာ ညီညီဇွဲနဲ့၊
တည်ကြည်ဆဲဟေ့ ဘာမထီ၊
ဗမာပြည်ရဲ့ ခေါင်းဆောင်ကောင်း။

သွေးပြောတဲ့ စကား
အသည်းကြားထဲမှာ
နှလုံးသားနဲ့ ပေါင်းစပ်လို့ထား
ယုံကြည်မှုနှင့်သစ္စာတည်
ထွန်းလင်းတောက်ပ မျိုးဗီဇမို့ 
ရင်မှာကြည်နူး အမေ့ ပုံရိပ်ဝယ်
လေထဲမှာပန်းချီရေးလိုက်သည်
လင်းလဲ့သ်ာတာ စမ်းရေပမာလို

ဒေါင်းမိခင်ကျေးဇူးရှင်
သန်း၆၀ကျော်လူထုအတွက် ကွေ့မပြေးပါဘူး၊
သူမဟာ
အာဏာရှင်မဟုတ်
ဖန်ဆင်းရှင်မဟုတ်
နတ်သကြားမဟုတ်
တန်ခိုးရှင်မဟုတ်
နိုင်ငံကိုချစ်တဲ့စိတ်သက်သက်နဲ့ 
ဘ၀တွေပေးဆပ်ခဲ့သူ တစ်ဦး
မြန်မာနိုင်ငံလေးရှေ့ ကနေမားမား
မတ်မတ်ရပ်ပေးနေသူပါလို့ ...သာ....။   ။

ကိုထွန်းဝေ
လေးလေးစားစားမျှဝေပေးပါတယ်။
3.7.2013


No comments:

Post a Comment