Tuesday 9 July 2013

ဗုဒ္ဓဂါယာဗုံးပေါက်ကွဲမှု တရားခံတစ်ဦးကိုဖမ်းမိ




အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာဘုရားပရိဝုဏ်ထဲမှာမနေ့က ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဗုံးထောင်ခဲ့သူတွေထဲကတစ်ဦးကို သက်ဆိုင်ရာရဲဖက်ကဒီကနေ့ ဖမ်းဆီးရမိလိုက် ပါတယ်။

ဘုရားဝင်းအတွင်း တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကနေတဆင့်ဗုံးထောင်ခဲ့သူ ၂ ဦးကို တွေ့ရှိရပြီးနောက် ခုလိုရဲတွေက ဖမ်းမိခဲ့တာဖြစ် ပါတယ်။ Vinod Mistri ဆိုသူ ဗုံးထောင်ဖောက်ခွဲသူကိုအိန္ဒိယနိုင်ငံတောင်ပိုင်း Patna မြို့နဲ့ မိုင် ၈ဝ အကွာကွန်မြူနစ်သူပုန်တွေစခန်းချရာ Barachatti မှာဖမ်းဆီးမိခဲ့တာပါ။


အဲဒီ အကြမ်းဖက်ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ မြန်မာဘုန်းတော်ကြီးတွေဟာ ဒဏ်ရာရသံဃာတော် စာသင်ကြားနေတဲ့ မာဂဓတက္ကသိုလ်ရှေ့မှာဆန္ဒပြခဲ့ကြသလို အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့က သံဃာတော်တွေနဲ့ ဘုရားဖူးလာရောက်ကြတဲ့ ထိုင်း၊ သီရိလင်္ကာစတဲ့ နိုင်ငံတွေက သံဃာတွေအပါအဝင် အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကလဲ ဆန္ဒပြခဲ့ကြပါတယ်။

မနေ့က ပေါက်ကွဲမှုကြောင့် မာဂဓတက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ မြန်မာရဟန်းတော်၊သက်တော်၂၇ နှစ်ရှိဦးဝိလာ သက္ကလင်္ကာရ ဒဏ်ရာရခဲ့ပြီး လက်ရှိ ပတ္တနာဆေးရုံမှာဆေးကုသခံနေရပါတယ်။

RFA


အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာဘုရားပရိဝုဏ်ထဲမှာမနေ့က ဖြစ်ခဲ့တဲ့ ဗုံးပေါက်ခွဲတဲ့
တရားခံ ၆ ဦး။

No comments:

Post a Comment