Monday 6 May 2013

ဇာတိမာန် (ငရဲသားတင်ပြသည်.)



ဇာတိမာန် ..


- လမ်းပေါ်မှာ ကားအကောင်းစားကြိးပေါ်က ကွမ်းသွေး ... ပျစ် ကနဲ့ ထွေးတဲ့ ...အကျင့် ...။

- လိုင်းကားမောင်း ..မှတ်တိုင်ကထွက်ရင် ငါက အားကြီးသူပဲဆိုပြီး ကားခေါင်းကြီး အရင်ထိုးထည့် မောင်းထွက်တဲ့အကျင့် .။

- လမ်းမသိလို့ လိပ်စာမေးရင် ..သောက်တလွဲပြောပြီး ကွယ်ရာမှာ ဟားတတ်တဲ့အကျင့် ..။

- Taxi မောင်းပြီး ဘယ်ညာ မီးမပြပဲ ...တွေ့ကရာ ထိုးရပ် လူတင်တဲ့အကျင့်.....။

- ဘုရားပေါ်ကို ကုတင်ထင်ပြီး အတွဲတွေ မဖွယ် မရာ လုပ်တဲ့အကျင့် ....။

- တိုင်းတပါးမှာ ကိုယ့်ဘာသာတူ အမျိုးသမီးကို ဖျားယောင်းစည်းရုံး လုယက်သတ်ဖြတ်တဲ့အကျင့်..။

- မိဘကို ခန္ဒာရင်း လုပ်ကြွေးလို့ ..အကုသိုလ် မဖြစ်ပါဘူးလို့ ... မြင်တဲ့အကျင့် ...။

- လမ်းမှာမြင်တဲ့ ဘာသာတူ မိန်းမတိုင်းကို စားမတတ်ဝါးမတတ် တွေးတဲ့အကျင့် ..။

- တိုင်းတပါးမှာ ကိုယ့်လူမျိုး ဘာသာတူအချင်းချင်း ခွက်စောင်းခုတ် တစ်ပတ်ရိုက်တဲ့အကျင့် ...။

- အနီးအနားက မရှိနွမ်းပါးသူမိန်းမပျိုကို တွေ့ကရာ ဆွဲစားတဲ့အကျင့် ...။

- လမ်းမှာတွေ့တဲ့ တောင်းရမ်းသူကို ဆဲဆို ကြိမ်းမောင်း တွန်းလွှတ်တဲ့အကျင့် ...။

- ကားဟွန်းတီးလည်း လမ်းမဖယ်. .. ပုဆိုးလှန် လမ်းလျှောက်ပြတဲ့အကျင့် ...။

- ချမ်းသာသူကို အခြောက်တိုက် မုန်းတီးတဲ့ အကျင့် ...။

- ဆင်းရဲသူကို အခြောက်တိုက် .. အထင်သေးတဲ့ အကျင့် ..။

- တရားထိုင်ပြီး ဒေါသ စုဆောင်း၊ လက်ဝတ်လက်စား ပိုင်ဆိုင်မှု ပြိုင်ဆိုင်တဲ့အကျင့် ..။

- ရာထူးအာဏာလုပ်ပိုင်ခွင့် လက်တစ်ဆစ်နဲ့ လူဝါးဝ တဲ့အကျင့် ..။

- ပို့ဆွမ်းစား အီဆိမ့်ပြီး ပြောသမျှ ခေါင်းငြိမ့် လက်မှတ်ထိုးတဲ့အကျင့် ...။

- ပုခုံး လက်မောင်း တံဆိပ်အားကိုးဖြင့် လက်ဖြန့်တောင်းတဲ့အကျင့် ..။

- မနက်တိုင်း တန်းစီသစ္စာဆိုပြိး .... သစ္စာဖောက်တဲ့အကျင့် ...။

- လမ်းဘေးမူးလဲ ... လှမ်း ဆဲတဲ့အကျင့် ..

- အရက်တစ်ပုလင်း/တရာကျပ်လောက်နဲ့... လူသတ်တဲ့ အကျင့် ....။

- ကော်ဖီမစ်စ်ထဲ မကျည်းသီးစေ့ ကြိတ်ထည့်တဲ့ အကျင့် ..။

- ငရုတ်သီးမှုန့်ထဲ လွှစာမှုန့်ထည့်တဲ့အကျင့် ..။

- မျှစ်ထဲ အ၀တ်ဆိုးဆေး ထည့်တဲ့အကျင့် ...။

- ငါးအရိုးသက်သက်နဲ့ မုန့်ဟင်းခါးချက်တဲ့အကျင့် ..။

- ကော်ဗူးပျော်ရည်နဲ့ ဗူးသီးကျော်တဲ့အကျင့် ...။

- ကားတိုက်ခံရသူ ... ဆွဲမကူ .. အမှု ပူမှာ စိုးတဲ့အကျင့် ...။

- သွေးသားရင်ချာအား ... တစ်ဖက်နိုင်ငံကို သတို့သမီး ရောင်းစားတဲ့အကျင့် ...။

- မိမိရင်သွေးအား .... တောင်းရမ်းခိုင်းစားတဲ့အကျင့် ....။

- စရိတ် မပေးနိုင်တဲ့ လူနာကို .... ပေးသေ တဲ့အကျင့် ...။

- စရိတ် မတတ်နိုင်တဲ့ ကျောင်းသားကို ပေး မဖြေတဲ့အကျင့် ...။

- သန်းပေါင်းများစွာ ချမ်းသာငြား ....စပွ န်စာကိုသာ .. ပေးစားတဲ့အကျင့်..။

- အကျိုးလိုလို့ ညောင်ရေလောင်း ပရဟိတ ဟိတ်ဟန် ကောင်း နေကြသော အကျင့် ..။

-------------------------------------------

ထိုကဲ့သို့ .. မိမိတို့ ကိုယ်ပိုင် ...

မကုန်နိုင်မခန်းနိုင်သော ... အကျင့်ယုတ် .အကျင့် စုတ် များစွာအား ပြုပြင်ဖို့ ကြိုးစားခြင်းမရှိပဲ ..။

ငါကွ ...မြန်မာ ...ဗမာ ..ဘာညာ ဟု.....

ဇာတိမာန် ..သီချင်းဆိုပြီး .. ဗလီဖျက်ဖို့ ကြိုးစားနေကြသော ... သူများအား .....။

အံ့သြပါကြောင်း .....။

No comments:

Post a Comment