Monday 6 May 2013

မန္တလေးတိုင်းအတွင်း ကျေးရွာ ၄၀၀၀ ကျော် ရေလိုအပ်နေ



မြန်မာနိုင်ငံ၏ မိုး နည်းရေရှားရပ်ဝန်းတွင် ပါဝင်သောမန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၄၇၈၀ ရှိသည့်အနက် ၄၁၀၀ ခန့်ရှိသော ကျေးရွာများမှာ နွေရာသီတွင် ရေလိုအပ်ချက်များ ရှိနေကြောင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်က ပြောကြားသည်။

စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများအနက် မန္တလေးတိုင်းဒေသကြီးသည် ရေလိုအပ် ချက်အကြီးမားဆုံးဖြစ်ပြီး ရေတစ်ထမ်းအတွက် အချိန်များစွာပေးနေရသော ကျေးရွာများနှင့် ပတ်သက်၍ “အစိုးရအဖွဲ့က ကွင်းဆင်းလေ့လာတော့ ပြည်သူကရေပဲပူဆာကြတယ်”ဟူ၍ နေပြည်တော် MICC ခန်းမတွင် မေ ၃ ရက်ကကျင်းပသော သောက်သုံးရေအတွက် ငွေလှူဒါန်းပွဲတွင် ဦးရဲမြင့်က ပြောကြားသည်။


7 Day News 

No comments:

Post a Comment