Tuesday 21 May 2013

၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၊ကိုကိုကြီးတို့ နှင့် လတ်( စ် )ဗီးဂတ်မြို့ မှ မြန်မာမိသားစုများ၏ တွေ့ ဆုံဆွေးနွေးပွဲ



20 May 2013


" ခွပ်ဒေါင်းညီနောင် "

ဘ၀ တက္ကသိုလ်မှာ
  နှစ်တိုတို မဟုတ် ရက် ကို လစား
  လ ကို နှစ်စား
  နှစ် ကို ဆယ်စုစား
  ထောင်ထဲသွားရတဲ့ ကျောင်းသားလေ။

ဘ၀ဆိုတာ !!
  ချစ်သူရှာတာ မဟုတ်
  မိန်းမလုပ်ကျွေးတာ မဟုတ်
  ခိုးထုတ် တိုက်ရာပါ အထုတ်
  စပွန်ဆာပေးဘို့ မဟုတ်
  နိုင်ငံအတွက် အလုပ်လုပ်သူတွေ ။

အနိုင်ကျင့်မှုတွေကို
  ဘယ်လိုကျော်လွှားမလဲ ?
  ကိုယ်တိုင်လဲ သင်ယူ
  ပြည်သူကိုလဲ ချပြ
  အဲဒီကျောင်းက ကျောင်းသားလေ ။

ကျောင်းသားအဖေအရွယ်တွေက
  သူတို့ကိုယ်သူတို့ ကျောင်းသားတဲ့လား။

ဒီလိုစကား - သိပ်ကိုနားခါးတယ် ။

ဘ၀ဆိုတာ သင်ယူလို့ မဆုံး
  အကောင်းဆုံး သင်ယူစရာက
  မတရား တာ တွေကို
  တရားလာအောင် ဘယ်လိုလုပ်ရမလဲ ??

ခြင်္သေ့က မြက် မစား
  ကျားက ကြွက် မချောင်း
  ဖွတ်တွေက မိချောင်းလို့ မနေ
  အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့
  စိမ်းမြညို ဟောဟိုတောဆီသို့
  အမောခံ ဇောမာန်တင်း
  ပျံရင်းသေ ခရီးဆက်မယ့်
  ခွပ်ဒေါင်းညီနောင်

( ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီ သို့
ရောက်ရှိခြင်း အမှတ်တယ )


Photo by Ko Tun Wai
ကဗျာအား Credit ပေးချင်ပါသော်လည်း မှတ်မိခြင်း မရှိလို့ ခွင့်လွှတ်နားလည်ပေးစေလိုပါသည် ။
 Essential Moe
***************************************************************************
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၊ကိုကိုကြီးတို့ နှင့် ဖလော်ရီဒါမှ မြန်မာမိသားစုများ၏ တွေ့ ဆုံဆွေးနွေးပွဲ
************************************************************

 


***************************************************************************
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၊ကိုကိုကြီးတို့ နှင့် လော့စ်အိန်ဂျလိစ်မြို့ မှ မြန်မာမိသားစုများ၏ တွေ့ ဆုံဆွေးနွေးပွဲ
************************************************************

No comments:

Post a Comment