Friday 10 May 2013

မြန်မာနိုင်ငံတဝန်း၌ အဓမ္မ မြေယာသိမ်းမှုများ


မြန်မာနိုင်ငံတဝန်း၌ အဓမ္မ မြေယာသိမ်းမှုများ
၁၉၈၈မှာဘာဖြစ်လို့တတိုင်းပြည်လုံးအုံကြွခဲ့ပြီးမှမအောင်မြင်ခဲ့ရတဲ့အဓိကသော့ချက်တစ်ခုကတော့လောဘသားစီးပွါးရေးသမားတွေကစစ်ခေါင်းဆောင်တွေနဲ့အကျိုးတူပူးပေါင်းခဲ့တဲ့အချက်ပါ၊ခရိုနီစီးပွါးရေးဒေါက်တိုင်တွေကြောင့်စစ်အာဏာရှင်စနစ်ဟာပိုပြီးသက်ဆိုးရှည်စေခဲ့တာပါ၊ခရိုနီတွေကြောင့်အာဏာရှင်တွေအသက်ဆက်ခဲ့ကြတဲ့နိုင်ငံတွေကိုလည်းလက်တွေ့ကမ္ဘာမှာတွေ့ခဲ့ကြဘူးမှာပါ၊မိမိကိုယ်ကျိုးစီးပွားအတွက်လူထုကိုလုံးဝသစ္စာဖေါက်ခဲ့တာပါ၊မမှန်မကန်ပူးပေါင်းမှုကနေရလာတဲ့အကျိုးတူကြီးပွါးချမ်းသာမှုတွေစစ်ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီးမတရားလုပ်ပိုင်ခွင့်တွေကိုရယူပြီးမှကြီးပွါးချမ်းသာလာကြသူတွေဟာအပြစ်ကင်းကင်းတဲ့ခရိုနီရှိနိုင်ပါရိုးလား၊ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်လောက်ဟာ လူဦးရေသောင်းဂဏန်း လောက်ပဲရှိတဲ့ မိသားစုတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ တိုင်းပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တက်လာပြီ ဘယ်လောက်ပဲဆိုဆို တိုင်းပြည်ရဲ့ လူလတ်တန်းစား တွေ ဆင်းရဲသားတွေရဲ့မျော်လင့်ချက်က ၀ိုးတ၀ါးပါပဲ။ ပြီးတာတွေ ပြီးပါစေတော့ဆိုသည့်တိုင် မပြီးနိုင်သေးတာက သူတို့ကို မှီခိုပြီး ပေါက်ဖွားလာတဲ့ ခရိုနီတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဆက်စပ်မှုပါပဲ။ ဘဏ်တွေ၊ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ ငွေကြေး၊ မြေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကို ခရိုနီတွေကပဲ ပိုင်ဆိုင်ပြီး အခုအစိုးရလက်ထက်မှာ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းက ခရိုနီတွေနဲ့သာ သက်ဆိုင်မှုရှိနေတာတွေ့ရပါတယ်။ လယ်ယာမြေ အဓမ္မသိမ်းယူမှု ပြဿနာတွေဟာ ထင်တာထက်အရမ်း ဆိုးရွားလွန်းလှပြီး နိုင်ငံရဲ့ လူဦးရေအများစု အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ ဆင်းရဲမွဲတေခြင်းရဲ့ ပြဿနာအရင်းခံမှာ လယ်ယာမြေတွေကို မတရားသဖြင့် သိမ်းယူခြင်းဟာ အဓိကဖြစ်ပါတယ်။
မြန်မာနိုင်ငံတ၀န်း၌ အဓမ္မ မြေယာသိမ်းမှုများ ကျယ် ကျယ် ပြန့်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း များနှင့် စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရမည်ဟု ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၃၅၆ တွင် ပြဌာန်း ထားပါတယ်။ ယခုလအတွင်းမှာပင် ကချင်ပြည် မြစ်ကြီးနားမြို့ ရပ် ကွက်တွင်းမှ အိမ် ၂၃လုံးနှင့် လယ်ယာမြေတွေကို လျော်ကြေးမပေးပဲ သိမ်းယူခြင်း၊ ပဲခူးတိုင်းအတွင်း ရပ်ကွက်ကြီး အမှတ် ၅၊ ၈၊ ၉နှင့် ကျေးရွာအချို့မှ လယ်မြေ ဧကပေါင်း ၂၃၅၀၀ကို စက်မှုဇုံ စီမံကိန်း၊ လေယာဉ်ကွင်းနှင့် တက္ကသိုလ်နယ်မြေများအတွက် ဟုဆိုကာ ပိုင်ရှင်တွေကို မောင်းထုတ်ခြင်းများ လုပ်လာကြပြန်ပါတယ်။ရန်ကုန် မရမ်းကုန်းမှ အိမ်ခြံမြေတွေ မတရားသိမ်းဆည်းခံရသော မြေကွက် ၂၀၀ကျော်၊ဥက္ကံက မြေသိမ်းခံရတဲ့ တောင်သူတွေ၊ မကြာမီလ များအတွင်း ရခိုင်ပြည်နယ် အမ်းမှ မြေသိမ်းခံများ၊ ဘိတ်ထားဝယ်မှ မြေသိမ်းခံများ၊ မင်္ဂလာဒုံ ရွှေမြယာ၊ သန္ဓေပင်တို့မှ လယ် သိမ်းခံ မြေသိမ်းခံများ၊ ရပ်ကွက် ဖျက်သိမ်းခံများနှင့် ဘုန်းတော်ကြီးကျောင်းများပါမကျန် ဖျက်သိမ်း မီးရှို့ခံရသော ရဟန်းသံဃာ တော်တို့၏ မကျေနပ်မှုတွေ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ပခုက္ကူ၊ ပုသိမ်၊ တနင်္သာရီ စသ ဖြင့် ဗမာပြည်အနှံ့မှာရှိနေကြပါတယ်။ လက်ပံတောင်းတောင်လူထု၊ လယ်သိမ်းခံ တောင်သူလယ်သမားလူထု၊ အဖိနှိပ်ခံ အလုပ်သမားလူထု၊ မြစ်ဆုံစီမံကိန်း ဖျက် သိမ်းမည့်လူထု၊ ဗမာတပြည်လုံး ဒုက္ခပေးနေသော ဦးပိုင်နှင့် ကာလုံကို ဖျက်သိမ်းမည့် လူထုသည် ဗမာပြည်နှင့် မဆီလျော် သော ငြိမ်းချမ်းစွာ ဆန့်ကျင်သည့်မူကို ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်ပါတယ်။ဤတကြိမ်တွင် ပုလိပ်တွေ အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်လာဦးမည်ဆိုပါက လူထုအနေဖြင့် သည်းခံနိုင် တော့မည် မဟုတ်တော့ပါ။ အရှုံးပေး အညံ့ခံရေး လမ်းကြောင်းသို့ နှစ် ပေါင်းများစွာ တွန်းပို့ခံလာခဲ့ရပြီးနောက် ပေါ်ပေါက်လတ္တံ့သော အုံကြွမှုမှာ ကောက်ရိုးမီးလို ၀ုန်းကနဲထတောက်ပြီး အရှိန်သေပြီးပြတ်သွားမည့် အုံကြွမှုမျိုး မဟုတ်။ ကာလကြာမြင့်စွာ တမြေ့မြေ့ ကြိတ်မှိတ် ခံစားလာခဲ့ရပြီးသည့်နောက် ဖွဲမီးလို တငွေ့ငွေ့ဖြင့် အဆုံးတိုင် ဖြိုဖျက်လောင်မြိုက်မည့် အုံကြွမှုမျိုး ဖြစ်လာအုန်းမှာပါ။ တပ်လယ်မြေ၊ အဖွဲ့အစည်းပိုင်လယ်မြေ၊ ကုမ္ပဏီပိုင်လယ်မြေတွေအားလုံး မျှမျှတတဖြစ်အောင် ကိုယ်ချင်းစာနာစိတ်နဲ့ လုပ်ပေးသင့်ပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ (ကက) ရုံးနှင့် ကြံ့ခိုင်ရေး ပါတီတို့က အဓမ္မသိမ်းယူ ထားသော ဒေသခံလယ်သမားများ၏ လယ်ဧက ၂၀၀ ကျော်ရှိပါတယ်။အဆိုပါလယ်မြေများကို ၂၀၀၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဝါးတောကျေးရွာ အခြေစိုက် (ကက) ရုံးမှ  ၉၈ ဧက နှင့် ကြံ့ခိုင်ရေး ပါတီက ဧက ၁၄၀ ကျော် အခမဲ့သိမ်းယူခြင်း ခံခဲ့ရပြီး ထိုနေရာများတွင် ၂၀၀၄ ခုနှစ်မှ စတင်ကာ ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပါတယ်။ လယ်ပိုင်ရှင်များက နွေနှင့် မိုး စပါးများစိုက်ပျိုးသော ထိုလယ်မြေများကို(ကက) က စစ်တပ်စီမံကိန်းကို အကြောင်းပြ သိမ်းယူခဲ့ သကဲ့သို့ ကြံ့ခိုင်ရေးပါတီ ကလည်း ဗဟိုလူငယ်အဖွဲ့မှ ကန်တူးဖော်ရန်ဟုဆိုကာ အလံတိုင်များစိုက်ထူသတ်မှတ်ကာ သိမ်းယူ သွားခဲ့ကြပြန်ပါတယ်။ အလားတူ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် ၂၃ ဝါးတစ်ရာ ကျေးရွာလယ်သမားများ၏ လယ်မြေ ဧက ၂၅၀ ကျော် ကိုလည်း နိုင်ငံတော်စီမံချက်ဟု အကြောင်းပြကာ ကျေးရွာဥက္ကဌ ဦးအောင်ဖြိုး က ဦးဆောင်ကာ သိမ်းဆည်းခဲ့ပြီး ထိုနေရာများတွင် စက်မှုဇုန် အဆောက်အအုံများ တည်ဆောက်လုပ်ကိုင်နေကြောင်း ဝါးတစ်ရာ ရွာခံ များက ပြောကြားခဲ့ကြပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ခိုလန်မြို့နယ်တွင် မြေစာရင်းဦးစီးဌာနနှင့် အုပ်ချုပ်ရေးဌာန အရာရှိများက တောင်သူလယ်သမားများ၏ မြေဧက ၁၀၀ ခန့်ကို သိမ်းယူ၍ မြေကွက်များ ရိုက်ကာ ပြန်လည်ရောင်း ချခဲ့ပါ တယ်။ ကာလိမြို့နယ်တွင် စစ်တပ်အသစ် ဆောက်လုပ်ရန် အတွက် မြေဧက ၃၀၀ ခန့်ကို သိမ်းယူခဲ့ပြန်ပါတယ်။ ကျိုင်းတုံမြို့နယ်များတွင် မြေဧက ၁၀၀ ကျော်ကို တရုတ်လုပ်ငန်းရှင်များသို့ အာဏာပိုင်များက လွှဲပြောင်းပေးအပ်ခဲ့ကြပါ တယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားခဲ့ပါတယ်။ကျောက်ဖြူမြို့နယ်ရှိ လယ်ယာမြေနှင့် အခြားမြေများကို ဓည၀တီ ရေတပ်ဌာနချုပ်မှ သိမ်းယူခဲ့သည့် အမှု ၁ မှု၊ ခြေမြန်တပ်ရင်း ၅၄၂ မှ သိမ်းယူခဲ့သည့် အမှု ၁ မှုနှင့် ထောက်လှမ်းရေးတပ်မှ သိမ်းယူခဲ့သည် အမှု ၂ မှုရှိကြောင်း၊ ထို့ပြင် ပုဂ္ဂလိကဖြစ်သည့် ရွှေစီးပွားရေးကုမ္ပဏီမှ သိမ်းယူမှု ၁ ခုနှင့် ဒေါ်စိုးစိုးဝင်း အပေါင်း ငါးဦး ကုမ္ပဏီမှ သိမ်းယူမှု ၁ မှုနှင့် နတီးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့နတီးကုန်းကျေးရွာ ရဲစခန်း စခန်းမှူးပေါင်းပြီး သိမ်းယူမှု ၂ မှုရှိကြောင်း သိရှိရပါတယ်။ သိမ်းတဲ့အခါမှာလည်း ထိုက်တန်တဲ့ လျော်ကြေးပေးတာမျိုး မရှိဘူးသိမ်းယူပြီးနောက် တစ်ချို့နေရာတွေမှာ ဦးပိုင်နာမည်ပေါက် လုပ်ထားတာ၊ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး အမည်ပေါက်တွေ ပြန်လုပ်ထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်။''ကျောက်ဖြူမှာ လယ်ယာမြေ အမှု ၈ မှုရှိပါတယ်။ အဲဒီ ၈ မှုမှာ တပ်ကသိမ်းတာ ၄ မှု၊ အုပ်ချုပ်ရေးပိုင်းက သိမ်းတာ ၂မှု၊ ကုမ္ပဏီက သိမ်းတာ ၂ မှုဖြစ်ပါတယ်။ ထောက်လှမ်းရေးတပ်က သိမ်းရာမှာ တပ်အတွက် အသုံးမချဘဲ ဗိုလ်ချုပ်ကြီးဝင်းမြင့် (ယခင်အစိုးရအဖွဲ့ အတွင်းရေးမှူး ၃) ရဲ့ သမီး ဒေါ်နန်းရတနာဝင်း မင်္ဂလာဆောင်အတွက် လက်ဖွဲ့ပေးလိုက်တဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ပါတယ်။ နိုင်ငံတော်အတွက်၊ စစ်တပ်အတွက် မဟုတ်ဘဲ နိုင်ငံတော် ခေါင်းဆောင်ဆောင်ကြီးတွေ ဖြစ်တဲ့အတွက် နိုင်ငံတော်ခေါင်းဆောင်ကြီးတွေရဲ့ သမီးဖြစ်သူတွေအတွက် ပြည်သူတွေရဲ့ မြေကို သိမ်းပြီး လက်ဖွဲ့လိုက်တယ် ဆိုတော့ ယခင်က ချစ်တီး ကုလားတွေထက်တောင် ဆိုးနေပါတယ်။ ထို့ပြင် ဂွမြို့နယ်တွင် စစ်တပ်မှ အုန်းခြံများ သိမ်းယူမှုအတွက် တိုင်ကြားမှု ၂ ခုရှိခဲ့ကြောင်း၊ စစ်တပ်မှ နာမည်ခံ သိမ်းယူကာ မြန်မာ့စီးပွားရေး ဦးပိုင်မှ ရယူထားသည်များရှိကြောင်း သိရှိရပါတယ်။ သံတွဲမြို့နယ်တွင် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ တိုင်ကြားထားသော အမှုပေါင်း ၄ မှုရှိကြောင်း၊ ရေတပ်နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ခလရ ၅၅ နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးနှင့် ဆိုင်သောအမှု ၁ မှုနှင့် သံတွဲခရိုင် အုပ်ချုပ်ရေးမှူး သမီးနှင့် သက်ဆိုင်သော အမှု ၁ မှု တို့ ဖြစ်ကြောင်း သိရှိရပါတယ်။ ရခိုင်ဒေသတွင် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ကြသော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ်သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ ရခဲ့ကြောင်းလည်းသိရှိခဲ့ရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားခဲ့သည့် အမှုပေါင်း ၁၇၆ မှု ရှိကြောင်း သိရပါတယ်။ ရန်ကုန်တိုင်း၌ ၈၅၀၀ ဧက ၊ ဧရာဝတီတိုင်း ၅၀၀၀ ဧက ၊ ကချင်ပြည်နယ်  ၁၁၃၈ ဧက၊ မွန်ပြည်နယ် ၆၀၀ ဧက ရှိမြေယာများကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် အာဏာပိုင်များ ပူးပေါင်း၍ သိမ်းဆည်းခဲ့ကြပါတယ်။
မြေဈေးကစားမှုတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းယူမှုတွေကြောင့် တိုင်းပြည် ဘယ်လောက်နစ်နာခဲ့ရတယ်။ ဒီနောက်ကွယ်မှာ အဂတိတရားလိုက်စားမှုတွေ၊ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိခဲ့သလဲ။ အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။မူးယစ်ဆေးဝါးက တရားမ၀င်ရတဲ့ငွေ လာဘ်ပေးလာဘ်ယူမှုက တရားမ၀င်ရတဲ့ငွေတွေဟာ ဒီအမိန့်ကြော်ငြာစာကြောင့် တရားဝင်ငွေတွေဖြစ်ပြီး မူးယစ်ရာဇာတွေ စိတ်ကြိုက် ၀င်ကစားသွားခဲ့ပါတယ်။ ဘယ်သူတွေ အဂတိတရား လိုက်စားခဲ့ကြတယ်။ ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။ ဒါဟာ တိုင်းပြည်အတွက် အကြီးအကျယ် ထိခိုက်နစ်နာပါတယ်။

ဇော်ဝမ်းမောင်

 
 
10 May 2013
 ၁၉၈၈မှာဘာဖြစ်လို့တတိုင်းပြည်လုံးအုံကြွခဲ့ပြီးမှမအောင်မြင်ခဲ့ရတဲ့အဓိကသော့ချက်တစ်ခုကတော့လောဘသားစီးပွါးရေးသမားတွေကစစ်ခေါင...်းဆောင်တွေနဲ့အကျိုးတူပူးပေါင်းခဲ့တဲ့အချက်ပါ၊ခရိုနီစီးပွါးရေးဒေါက်တိုင်တွေကြောင့်စစ်အာဏာရှင်စနစ်ဟာပိုပြီးသက်ဆိုးရှည်စေခဲ့တာပါ၊ခရိုနီတွေကြောင့်အာဏာရှင်တွေအသက်ဆက်ခဲ့ကြတဲ့နိုင်ငံတွေကိုလည်းလက်တွေ့ကမ္ဘာမှာတွေ့ခဲ့ကြဘူးမှာပါ၊မိမိကိုယ်ကျိုးစီးပွားအတွက်လူထုကိုလုံးဝသစ္စာဖေါက်ခဲ့တာပါ
 
မမှန်မကန်ပူးပေါင်းမှုကနေရလာတဲ့အကျိုးတူကြီးပွါးချမ်းသာမှုတွေစစ်ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီးမတရားလုပ်ပိုင်ခွင့်တွေကိုရယူပြီးမှကြီးပွါးချမ်းသာလာကြသူတွေဟာအပြစ်ကင်းကင်းတဲ့ခရိုနီရှိနိုင်ပါရိုးလား၊ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်လောက်ဟာ လူဦးရေသောင်းဂဏန်း လောက်ပဲရှိတဲ့ မိသားစုတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ တိုင်းပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တက်လာပြီ ဘယ်လောက်ပဲဆိုဆို တိုင်းပြည်ရဲ့ လူလတ်တန်းစား တွေ ဆင်းရဲသားတွေရဲ့မျော်လင့်ချက်က ၀ိုးတ၀ါးပါပဲ။ ပြီးတာတွေ ပြီးပါစေတော့ဆိုသည့်တိုင် မပြီးနိုင်သေးတာက သူတို့ကို မှီခိုပြီး ပေါက်ဖွားလာတဲ့ ခရိုနီတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဆက်စပ်မှုပါပဲ။ ဘဏ်တွေ၊ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ ငွေကြေး၊ မြေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကို ခရိုနီတွေကပဲ ပိုင်ဆိုင်ပြီး အခုအစိုးရလက်ထက်မှာ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းက ခရိုနီတွေနဲ့သာ သက်ဆိုင်မှုရှိနေတာတွေ့ရပါတယ်။ လယ်ယာမြေ အဓမ္မသိမ်းယူမှု ပြဿနာတွေဟာ ထင်တာထက်အရမ်း ဆိုးရွားလွန်းလှပြီး နိုင်ငံရဲ့ လူဦးရေအများစု အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ ဆင်းရဲမွဲတေခြင်းရဲ့ ပြဿနာအရင်းခံမှာ လယ်ယာမြေတွေကို မတရားသဖြင့် သိမ်းယူခြင်းဟာ အဓိကဖြစ်ပါတယ်။

 မြန်မာနိုင်ငံတ၀န်း၌ အဓမ္မ မြေယာသိမ်းမှုများ ကျယ် ကျယ် ပြန့်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း များနှင့် စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရမည်ဟု ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၃၅၆ တွင် ပြဌာန်း ထားပါတယ်။ ယခုလအတွင်းမှာပင် ကချင်ပြည် မြစ်ကြီးနားမြို့ ရပ် ကွက်တွင်းမှ အိမ် ၂၃လုံးနှင့် လယ်ယာမြေတွေကို လျော်ကြေးမပေးပဲ သိမ်းယူခြင်း၊ ပဲခူးတိုင်းအတွင်း ရပ်ကွက်ကြီး အမှတ် ၅၊ ၈၊ ၉နှင့် ကျေးရွာအချို့မှ လယ်မြေ ဧကပေါင်း ၂၃၅၀၀ကို စက်မှုဇုံ စီမံကိန်း၊ လေယာဉ်ကွင်းနှင့် တက္ကသိုလ်နယ်မြေများအတွက် ဟုဆိုကာ ပိုင်ရှင်တွေကို မောင်းထုတ်ခြင်းများ လုပ်လာကြပြန်ပါတယ်။ရန်ကုန် မရမ်းကုန်းမှ အိမ်ခြံမြေတွေ မတရားသိမ်းဆည်းခံရသော မြေကွက် ၂၀၀ကျော်၊ဥက္ကံက မြေသိမ်းခံရတဲ့ တောင်သူတွေ၊ မကြာမီလ များအတွင်း ရခိုင်ပြည်နယ် အမ်းမှ မြေသိမ်းခံများ၊ ဘိတ်ထားဝယ်မှ မြေသိမ်းခံများ၊ မင်္ဂလာဒုံ ရွှေမြယာ၊ သန္ဓေပင်တို့မှ လယ် သိမ်းခံ မြေသိမ်းခံများ၊ ရပ်ကွက် ဖျက်သိမ်းခံများနှင့် ဘုန်းတော်ကြီးကျောင်းများပါမကျန် ဖျက်သိမ်း မီးရှို့ခံရသော ရဟန်းသံဃာ တော်တို့၏ မကျေနပ်မှုတွေ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ပခုက္ကူ၊ ပုသိမ်၊ တနင်္သာရီ စသ ဖြင့် ဗမာပြည်အနှံ့မှာရှိနေကြပါတယ်။ လက်ပံတောင်းတောင်လူထု၊ လယ်သိမ်းခံ တောင်သူလယ်သမားလူထု၊ အဖိနှိပ်ခံ အလုပ်သမားလူထု၊ မြစ်ဆုံစီမံကိန်း ဖျက် သိမ်းမည့်လူထု၊ ဗမာတပြည်လုံး ဒုက္ခပေးနေသော ဦးပိုင်နှင့် ကာလုံကို ဖျက်သိမ်းမည့် လူထုသည် ဗမာပြည်နှင့် မဆီလျော် သော ငြိမ်းချမ်းစွာ ဆန့်ကျင်သည့်မူကို ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်ပါတယ်။ဤတကြိမ်တွင် ပုလိပ်တွေ အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်လာဦးမည်ဆိုပါက လူထုအနေဖြင့် သည်းခံနိုင် တော့မည် မဟုတ်တော့ပါ။ အရှုံးပေး အညံ့ခံရေး လမ်းကြောင်းသို့ နှစ် ပေါင်းများစွာ တွန်းပို့ခံလာခဲ့ရပြီးနောက် ပေါ်ပေါက်လတ္တံ့သော အုံကြွမှုမှာ ကောက်ရိုးမီးလို ၀ုန်းကနဲထတောက်ပြီး အရှိန်သေပြီးပြတ်သွားမည့် အုံကြွမှုမျိုး မဟုတ်။ ကာလကြာမြင့်စွာ တမြေ့မြေ့ ကြိတ်မှိတ် ခံစားလာခဲ့ရပြီးသည့်နောက် ဖွဲမီးလို တငွေ့ငွေ့ဖြင့် အဆုံးတိုင် ဖြိုဖျက်လောင်မြိုက်မည့် အုံကြွမှုမျိုး ဖြစ်လာအုန်းမှာပါ။ တပ်လယ်မြေ၊ အဖွဲ့အစည်းပိုင်လယ်မြေ၊ ကုမ္ပဏီပိုင်လယ်မြေတွေအားလုံး မျှမျှတတဖြစ်အောင် ကိုယ်ချင်းစာနာစိတ်နဲ့ လုပ်ပေးသင့်ပါတယ်။

 ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ (ကက) ရုံးနှင့် ကြံ့ခိုင်ရေး ပါတီတို့က အဓမ္မသိမ်းယူ ထားသော ဒေသခံလယ်သမားများ၏ လယ်ဧက ၂၀၀ ကျော်ရှိပါတယ်။အဆိုပါလယ်မြေများကို ၂၀၀၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဝါးတောကျေးရွာ အခြေစိုက် (ကက) ရုံးမှ ၉၈ ဧက နှင့် ကြံ့ခိုင်ရေး ပါတီက ဧက ၁၄၀ ကျော် အခမဲ့သိမ်းယူခြင်း ခံခဲ့ရပြီး ထိုနေရာများတွင် ၂၀၀၄ ခုနှစ်မှ စတင်ကာ ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပါတယ်။ လယ်ပိုင်ရှင်များက နွေနှင့် မိုး စပါးများစိုက်ပျိုးသော ထိုလယ်မြေများကို(ကက) က စစ်တပ်စီမံကိန်းကို အကြောင်းပြ သိမ်းယူခဲ့ သကဲ့သို့ ကြံ့ခိုင်ရေးပါတီ ကလည်း ဗဟိုလူငယ်အဖွဲ့မှ ကန်တူးဖော်ရန်ဟုဆိုကာ အလံတိုင်များစိုက်ထူသတ်မှတ်ကာ သိမ်းယူ သွားခဲ့ကြပြန်ပါတယ်။ အလားတူ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် ၂၃ ဝါးတစ်ရာ ကျေးရွာလယ်သမားများ၏ လယ်မြေ ဧက ၂၅၀ ကျော် ကိုလည်း နိုင်ငံတော်စီမံချက်ဟု အကြောင်းပြကာ ကျေးရွာဥက္ကဌ ဦးအောင်ဖြိုး က ဦးဆောင်ကာ သိမ်းဆည်းခဲ့ပြီး ထိုနေရာများတွင် စက်မှုဇုန် အဆောက်အအုံများ တည်ဆောက်လုပ်ကိုင်နေကြောင်း ဝါးတစ်ရာ ရွာခံ များက ပြောကြားခဲ့ကြပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ခိုလန်မြို့နယ်တွင် မြေစာရင်းဦးစီးဌာနနှင့် အုပ်ချုပ်ရေးဌာန အရာရှိများက တောင်သူလယ်သမားများ၏ မြေဧက ၁၀၀ ခန့်ကို သိမ်းယူ၍ မြေကွက်များ ရိုက်ကာ ပြန်လည်ရောင်း ချခဲ့ပါ တယ်။ ကာလိမြို့နယ်တွင် စစ်တပ်အသစ် ဆောက်လုပ်ရန် အတွက် မြေဧက ၃၀၀ ခန့်ကို သိမ်းယူခဲ့ပြန်ပါတယ်။ ကျိုင်းတုံမြို့နယ်များတွင် မြေဧက ၁၀၀ ကျော်ကို တရုတ်လုပ်ငန်းရှင်များသို့ အာဏာပိုင်များက လွှဲပြောင်းပေးအပ်ခဲ့ကြပါ တယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားခဲ့ပါတယ်။
 
ကျောက်ဖြူမြို့နယ်ရှိ လယ်ယာမြေနှင့် အခြားမြေများကို ဓည၀တီ ရေတပ်ဌာနချုပ်မှ သိမ်းယူခဲ့သည့် အမှု ၁ မှု၊ ခြေမြန်တပ်ရင်း ၅၄၂ မှ သိမ်းယူခဲ့သည့် အမှု ၁ မှုနှင့် ထောက်လှမ်းရေးတပ်မှ သိမ်းယူခဲ့သည် အမှု ၂ မှုရှိကြောင်း၊ ထို့ပြင် ပုဂ္ဂလိကဖြစ်သည့် ရွှေစီးပွားရေးကုမ္ပဏီမှ သိမ်းယူမှု ၁ ခုနှင့် ဒေါ်စိုးစိုးဝင်း အပေါင်း ငါးဦး ကုမ္ပဏီမှ သိမ်းယူမှု ၁ မှုနှင့် နတီးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့နတီးကုန်းကျေးရွာ ရဲစခန်း စခန်းမှူးပေါင်းပြီး သိမ်းယူမှု ၂ မှုရှိကြောင်း သိရှိရပါတယ်။ သိမ်းတဲ့အခါမှာလည်း ထိုက်တန်တဲ့ လျော်ကြေးပေးတာမျိုး မရှိဘူးသိမ်းယူပြီးနောက် တစ်ချို့နေရာတွေမှာ ဦးပိုင်နာမည်ပေါက် လုပ်ထားတာ၊ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး အမည်ပေါက်တွေ ပြန်လုပ်ထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်။''ကျောက်ဖြူမှာ လယ်ယာမြေ အမှု ၈ မှုရှိပါတယ်။ အဲဒီ ၈ မှုမှာ တပ်ကသိမ်းတာ ၄ မှု၊ အုပ်ချုပ်ရေးပိုင်းက သိမ်းတာ ၂မှု၊ ကုမ္ပဏီက သိမ်းတာ ၂ မှုဖြစ်ပါတယ်။ ထောက်လှမ်းရေးတပ်က သိမ်းရာမှာ တပ်အတွက် အသုံးမချဘဲ ဗိုလ်ချုပ်ကြီးဝင်းမြင့် (ယခင်အစိုးရအဖွဲ့ အတွင်းရေးမှူး ၃) ရဲ့ သမီး ဒေါ်နန်းရတနာဝင်း မင်္ဂလာဆောင်အတွက် လက်ဖွဲ့ပေးလိုက်တဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ပါတယ်။ နိုင်ငံတော်အတွက်၊ စစ်တပ်အတွက် မဟုတ်ဘဲ နိုင်ငံတော် ခေါင်းဆောင်ဆောင်ကြီးတွေ ဖြစ်တဲ့အတွက် နိုင်ငံတော်ခေါင်းဆောင်ကြီးတွေရဲ့ သမီးဖြစ်သူတွေအတွက် ပြည်သူတွေရဲ့ မြေကို သိမ်းပြီး လက်ဖွဲ့လိုက်တယ် ဆိုတော့ ယခင်က ချစ်တီး ကုလားတွေထက်တောင် ဆိုးနေပါတယ်။ ထို့ပြင် ဂွမြို့နယ်တွင် စစ်တပ်မှ အုန်းခြံများ သိမ်းယူမှုအတွက် တိုင်ကြားမှု ၂ ခုရှိခဲ့ကြောင်း၊ စစ်တပ်မှ နာမည်ခံ သိမ်းယူကာ မြန်မာ့စီးပွားရေး ဦးပိုင်မှ ရယူထားသည်များရှိကြောင်း သိရှိရပါတယ်။ သံတွဲမြို့နယ်တွင် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ တိုင်ကြားထားသော အမှုပေါင်း ၄ မှုရှိကြောင်း၊ ရေတပ်နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ခလရ ၅၅ နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးနှင့် ဆိုင်သောအမှု ၁ မှုနှင့် သံတွဲခရိုင် အုပ်ချုပ်ရေးမှူး သမီးနှင့် သက်ဆိုင်သော အမှု ၁ မှု တို့ ဖြစ်ကြောင်း သိရှိရပါတယ်။ ရခိုင်ဒေသတွင် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ကြသော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ်သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ ရခဲ့ကြောင်းလည်းသိရှိခဲ့ရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားခဲ့သည့် အမှုပေါင်း ၁၇၆ မှု ရှိကြောင်း သိရပါတယ်။ ရန်ကုန်တိုင်း၌ ၈၅၀၀ ဧက ၊ ဧရာဝတီတိုင်း ၅၀၀၀ ဧက ၊ ကချင်ပြည်နယ် ၁၁၃၈ ဧက၊ မွန်ပြည်နယ် ၆၀၀ ဧက ရှိမြေယာများကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် အာဏာပိုင်များ ပူးပေါင်း၍ သိမ်းဆည်းခဲ့ကြပါတယ်။
 မြေဈေးကစားမှုတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းယူမှုတွေကြောင့် တိုင်းပြည် ဘယ်လောက်နစ်နာခဲ့ရတယ်။ ဒီနောက်ကွယ်မှာ အဂတိတရားလိုက်စားမှုတွေ၊ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိခဲ့သလဲ။ အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။မူးယစ်ဆေးဝါးက တရားမ၀င်ရတဲ့ငွေ လာဘ်ပေးလာဘ်ယူမှုက တရားမ၀င်ရတဲ့ငွေတွေဟာ ဒီအမိန့်ကြော်ငြာစာကြောင့် တရားဝင်ငွေတွေဖြစ်ပြီး မူးယစ်ရာဇာတွေ စိတ်ကြိုက် ၀င်ကစားသွားခဲ့ပါတယ်။ ဘယ်သူတွေ အဂတိတရား လိုက်စားခဲ့ကြတယ်။ ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။ ဒါဟာ တိုင်းပြည်အတွက် အကြီးအကျယ် ထိခိုက်နစ်နာပါတယ်။
ဇော်ဝမ်းမောင်

No comments:

Post a Comment