(IANS မှ21 April 2013 ရက်စွဲပါ “Myanmar anticipates total lift of EU sanctions”သတင်းကိုဘာသာပြန်ဆိုသည်)
ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားသော sanctionအများစုကို လက်နက်ကုန်သွယ်
မှုမှလွဲ၍ တစ်နှစ်တာ ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပြီးနောက် တစ်နှစ်အကြာတွင်၎င်း sanction များ ရုတ်သိမ်းပေးရေးအတွက် ဆုံးဖြတ်ရန် တနင်္လာနေ့တါင် လူဇင်ဘာ့၌ တွေ့ဆုံစည်းဝေးကြမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုတုန့်ပြန်သည့်အနေဖြင့် အီးယူကsanctions အားလုံး
နီးပါးကို ရုတ်သိမ်းပေးရန် စဉ်းစားနေခြင်းသည် အီးယူ၏ မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုကို တိုးမြင့်လာစေမည်ဖြစ်ပြီး မြန်မာ-အီးယူဆက်ဆံရေးကိုလည်း တိုးတက်လာစေလိမ့်မည်ဟုတရုတ် Xinhua သတင်းဌာနက ထုတ်ပြန်ဖော်ပြသည်။
မြန်မာသမ္မတဦးသိန်းစိန်သည် ပြီးခဲ့သော မတ်လအတွင်းက နော်ဝေး၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊အီတလီ ဥရောပ ၅
နိုင်ငံသို့ ၁၁ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။ ယခင်တပ်မတော်အစိုးရခေါင်းဆောင်များ ခြေချခွင့်ပင်မရှိသော ဥရောပသို့ ယင်းကဲ့သို့ သမိုင်းဝင်ခရီးစဉ်သွားရောက်မှုကြောင့်မြန်မာနှင့် ဥရောပနိုင်ငံများ အပြန်အလှန်ချစ်ကြည်ရေးအတွက် တိုးတက်မှုများဖြစ်ပေါ်ခဲ့သည်။
သမ္မတဦးသိန်းစိန်ကမြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် ဥရောပနိုင်ငံများ ဆက်လက်ပူးပေါင်းပါဝင်ပေးကြရန်အဆိုပြုခဲ့သည်။
အီးယူကော်မရှင်နာမင်းကြီးဂျိုဆေးမန်နူရယ်ဘာရိုဆို၏ မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် မြန်မာနှင့် အီးယူအကြားဆက်ဆံရေးသိသိ
သာသာတိုးတက်လာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
အမေရိကန်နှင့်အီးယူက ဆက်လက်ချမှတ်ထားသော လက်ခုပ်ကုန်သွယ်ရေး ပိတ်ပင်မှုကိုမူ မြန်မာ့တပ်မတော်၏ နိုင်ငံရေး
ပတ်သက်မှုကင်းရှင်းခြင်း၊ ဒီမိုကရေစီစစ်တပ်အဖြစ် အသွင်ကူးပြောင်းခြင်းတို့အပေါ် မူတည်၍ ဆုံးဖြတ်ဖယ်ရှားပေးဖွယ်ရှိသည်ဟု
ပြည်တွင်းမှ အကဲခတ်သူများက သုံးသပ်ပြောကြားသည်။
by Yangon Chronicle

No comments:
Post a Comment