Tuesday 23 April 2013

ဂျပန်မှ ကျွန်ုပ်၏ အမေအပြန်ခရီးအတွက်ဆုချွေလွှာ




မေတ္တာတရားကြီးမားလွန်းတဲ့ နှလုံးသား ဖြူစင်ပြီး ပြည်သူများလက်ခံနေကြတဲ့ ခေါင်းဆောင် မြန်မာပြည်မှဒို့ ချစ်တဲ့အမေဆီသို့ ကျနော်၏ ဆုချွေလွှာ ကို ရေးလိုက်မိပါတယ်။
ဘေးပြောတဲ့ စကား မယုံထားဖို့ သွေးပြောတဲ့ စကား အသည်းကြားထဲမှာ
...
နှလုံးသားနဲ့ ပေါင်းစပ်လို့ထားပြီး ပြည်သူ့ အမေဒို့မျိုးရိုးအာဇာနည် အောင်ဆန်းသွေးပေမို့ ဒို့ အမေစကားဒို့သွေးသားမို့  ထာဝရ ယုံကြည်စိတ်ချနေရပါပြီ..။

သင်ကောဘယ်လိုတွေးကြည့်မလဲသုံးသပ်ပေးပါလား။လောကရဲ့ အထောင်းအထုကိုအကြောင်းပြုရှာမလားချီးမွှမ်းမလား ကဲ့ရဲ့မလား စနစ်ဆိုးကို အံတုကာ လောကကြီးကို ကစောင်းတင်တဲ့ အမေမို့ တစ်စေ့တစ်ဆောင်း မမေ့ကြောင်းမို့ အမေသွားရာနေရာတိုင်းမှာ ဆုမိုးတွေရွာလို့ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရေးမလဲ တွေးကြည့်ရင် ပြေးကြည့်တာက ပိုမှန်ပါတယ်
အောင်ဆန်းမျိုးရိုးတဲ့ ဒီသွေးဒီသား တစ်ဦးတည်း အမေသာ ရှိနေတာမို အမေလျှောက်လမ်းတဲ့ခရီးဖြောင့်ဖြူးသာယာ ပြည်မြန်မာမှာသတင်းလည်းမွှေး လူခပင်းလည်း အားပေးကြပြီးလူမွေး လူတောင် အရောင်တောက်စေဖို့
နှလုံးသားဖြူစင်တဲ့ အမေ့စိတ်ထား...ကို ကမ္ဘာက အသိအမှတ်ပြု တဲ့ ငြိမ်းချမ်းရေးဆုရှင်ဒီမိုကရေစီလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား မွေးဖွားသန့် စင်ပေးခဲ့ကြသော ဖခင် ဗိုလ်ချုပ်ဦးအောင်ဆန်းနှင့် မိခင်ဒေါ်ခင်ကြည် တို့ အား လည်းကောင်း။ အမိနိုင်ငံရဲ့ မြန်မာပြည်မှာမွေးဖွားတဲ့ သားကာင်းရတနာတစ်ဦး နိုင်ငံသားတစ်ယောက် ဖြစ်ခွင့်နှင့် မြန်မာလူမျိုးတို့ ၏ စံပြုထိုက်တဲ့ခေါင်းဆောင်အဖြစ် ကမ္ဘာကကြည်ညိုလေစားခွင့် ရရှိသောကြောင့် နှစ်ထောင်းအားရ ဂုဏ်ယူ ၀မ်းသာမိပါ၏။

အသဲသွေးဆီက ရဲသွေးနီတဲ့ အမေစုအား နှစ်တစ်ရာတိုင် အောင် နေရာတိုင်းမှာ မြန်မာလို့ 
ဂုဏ်ယူဝင့်ကြွားပြီိး ပြောပြနိုင်လောက်အောင် တိုင်းပြည်အကျိုး လူထုအကျိုး ကိုရှေ့ ရှု့ ပြီးတရားမျှတစွာ ပြည်သူ့ ခေါင်းဆောင် ပြည်သူ့ အမေအဖြစ် ရပ်တည်နိုင်ပါစေလို့  ဖြူစင်သောစိတ်ထားဖြင့်ဆုတောင်းပေးလိုက်ရပါတယ်..

အမေစု ဖြစ်ချင်တဲ့ အရာတွေ
အမြန်ဆုံး ပြည့် ဝပါစေ။အမေစု အသက်ရှည်ကျန်းမာပြီး ဘေးရန်ကင်းပါစေ..အမေစုပင်ပန်းရကြိုးနပ်ပါစေ
အောင်မြင်ပါစေ။

အမေစု ...
အမျှော်မြင်ကောင်းတဲ့တော်ဝင်ဒေါင်း
သက်တော်ရာကျော်ရှည်ပါစေ။

ကိုထွန်းဝေ
ရင်တွင်းဖြစ်
19.4.2013

No comments:

Post a Comment