Friday, 5 April 2013
ရှားပါးပုံလေးနဲ့ ရင်ထဲက အမေ့ အတွက် အတွေးစများ
 ဒီပုံလေးကလည်းဘယ်နှစ်ခုနှစ်ကလဲ လုံးဝမမှတ်မိတော့ပါ။ တကယ့်ရှားပါးပုံလေးပါ။
ဒီတာ့ကျနော်ရေးချင်တာလေး ကိုရေးပါရစေခင်မျာ။
ခွဲခွာသွားလေသူ ခင်ပွန်းသည်ရဲ့ သက်တမ်းက ကြာမြင့်နေမေယ့်လည်း တစ်ပင်လဲလို့ တစ်ပင် မထူခဲ့တဲ့အမေ၊ သား၊ သမီးမျက်နှာကို ငဲ့ကာ၊ ချစ်လှစွာတဲ့ ခင်ပွန်းသည်အပေါ် သေသည့်တိုင်အောင် သစ္စာတရားကို စောင့်ထိန်းသွားမယ့် အမေ၊ အမြဲတမ်း အမေနဲ့ တူတူထိုးဖောက်မြင်ရမိတဲ့အကြိမ်တိုင်း ရင်ကိုဓားနဲ့မွှန်းသလိုပဲ ခံစားခဲ့ရတယ်၊ နာကျဉ်မှုဟာ ဘယ်လောက်များ ခါးသက်လိုက်သလဲဆို လောကမှာရှိတဲ့ အခါးပေါင်း မြောက်မြားစွာကို ပေါင်းစပ် ထားပြီး ဖျော်ရည် ၁ ခွက်လို သောက်ခဲ့မယ် ဆိုရင်တောင် အမေ့ ခံစားနေရတဲ့ လောကဓံရိုက်နှက်မှုကြောင့် ခံစားနေရတဲ့ အမေ့ရဲ့ နှလုံးသားက ခါးသီးမှုတွေကို မှီနိုင်မှာ မဟုတ်ပါဘူး။
ဆံပင်တွေဖြူနေပြီ။အရည်ပြားတွေ ယုတ်လျော့လာတဲ့ ဇရာအသွင်ကို ဆောင်လာတဲ့ အမေ့လက်ကို ကြည့်ရတိုင်း ရင်ထဲမှာ နာတယ် အမေ၊ အရင်လို ယဉ်ကျေးတဲ့၊ နူးညံ့တဲ့အမေက သား၊ သမီး အတွက်ဆို ကျားရဲ ၁ ကောင်လို သတ္တိအပြည့်ပဲ၊ ခြင်္သေ့ ၁ ကောင်ရဲ့ မာန်ကလည်း အပြည့်ပဲ။ သား၊သမီးအတွက် အမူအကျင့် တွေပြောင်းလဲသွားတဲ့ အမေ၊ အမြဲတမ်း ပြောနေကျ စကားလေး ၁ ခွန်း  ပြည်သူ့ အတွက်တဲ့ ဒါက အမေ့ မေတ္တာ….ပါ.။
ဒီလောကကြီးမှာ “အမေ ပေးနိုင်တာ အမေမရှိတော့တဲ့နောက်ပိုင်း ဘ၀လမ်းခရီးမှာ ခံနိုင်ရည်ရှိရှိနဲ့ ရပ်တည်နေနိုင်ဖို့ပါပဲ” တဲ့ .. ဒါ အမေက ပေးတဲ့ အမွေပါတဲ့…။
လောကမှာ မိဘတိုင်းက သား၊ သမီးတိုင်းအပေါ်ချစ်ကြတာ ယျထာဘူတာကျတဲ့ အကြောင်းပေမယ့်လည်း မိခင်လိုမျိုး၊ ဖခင် လိုမျိုး အုပ်ထိန်းစောင့်ရှောက်လာတဲ့ အမေ၊ ဒီလောကကြီးထဲမှာ အမေသာ ရှိနေသေးရင်၊ အမေရှိနေသေးတယ်ဆိုတဲ့ အတွေးက ခန္ဓာကိုယ် အသွေးအသားထဲသည့် တိုင်အောင် ပျော်ဝင်နေတဲ့ အသိတရား ၁ ခုပါပဲ။ လောကအလယ်မှာ ရပ်တည် နေနိုင်တာ “အမေရှိနေသေးတယ်” ဆိုတဲ့ အသိ ၁ ခုကြောင့်ပါပဲ။ ဘယ်သူတွေ ရက်စက်ရက်စက် အမေ မရက်စက်ဘူး၊ ဘယ်သူ တွေ သစ္စာမဲ့မဲ့ အမေ သစ္စာမမဲ့ဘူး၊ ဘယ်သူတွေ နားလည်မှုရှိရှိ မရှိရှိ အမေ နားလည်တယ်၊ ဘယ်သူတွေ ချစ်ချစ် မချစ်ချစ် အမေ ချစ်နေသေးတယ်။  အရာရာသာလျှင် အမေ့ ကြောင့် အားတင်းရှင်သန်နေထိုင်ရတယ်လို့ အမြဲ ကိုယ့်ကိုယ်ကို အားပေးနေသူပါ….။
မိဘဆိုတာ သား၊သမီးကို ဘယ်တော့မှ မမုန်းသူပဲ။ ကိုယ့်သား၊ သမီး ကောင်းမွန်စွာ ရှင်သန်နေထိုင်နေတာကိုပဲ မြင်ချင်တာ မိဘတိုင်း အထူးသဖြင့် မိခင်တိုင်း ရဲ့ မေတ္တာတရားပဲ။ မိခင်မေတ္တာ ဟာ ဘယ်လောက်များ သား၊ သမီးတိုင်းအတွက် အေးချမ်း စေသလဲဆိုရင် လောကဓံတရားရဲ့ ကြိမ်းမောင်း မှုကြောင့် ဖြစ်တည်လာတဲ့ သောကအပူ၊ နွေလယ်ခေါင်မှာ ထွန်းလင်းတောက်ပနေတဲ့ နေရဲ့ ပူပြင်း တဲ့ နေရောင်အောက်မှာ လမ်းလျှောက်နေတဲ့အချိန် ခံစားရတဲ့အပူ စတဲ့အပူတွေကိုတောင် မိခင်ရဲ့ ဘေးရန်မဖြစ်စေဖို့ရာ ကာပေးလိုက်တဲ့ လက်ဖ၀ါးရဲ့ အရိပ်ကလေးကတောင်မျှ စမ်းပေါက်ရေ ထက် အေးမြတဲ့ အေးချမ်းမှုဓါတ်ကို ပေးစွမ်းနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ မိခင်မေတ္တာ အကြောင်းကို ပြောဆိုရေးဖွဲ့ကြတာ ခိုင်းနှိုင်းပြစရာ စကားလုံးတောင် မရှိခဲ့ဘူးလို့ အဆိုအမိန့်တွေ ရှိခဲ့ပါတယ်။ ထရီဆာ့အတွက်ကတော့ အမေဟာ မိုးကောင်ကင်ကြီး ပါ။ နေ့အခါမှာ နေလို လင်းလက်တဲ့ အနွေးဓါတ်ကို ပေါ်ထွန်းပေးစေနိုင်တယ်။ ညအခါမှာ လမင်းကြီးလို အေးမြမှု ကို ဆောင်ကြဉ်းပေးနိုင်တယ်။ နွေအခါမှာ ပူပြင်းတဲ့ ပူလောင်မှုကို သိစေနိုင်ခဲ့ သလို ဆောင်းဥတုမှာ အံတုချေမှုန်းနိုင်မယ့် ဆောင်းညကို ဖြတ်သန်းဖို့ရာ နည်းလမ်းကို ပေးစွမ်းခဲ့တယ်။ မိုးရာသီ ကြောင့် အသည်းပျက်နေ့ရက်တွေကို ဖြတ်သန်းစေတတ်ခဲ့စေပြန်တယ်….။ ကောင်းကင်လိုမျိုး ကျယ်ပြော တဲ့၊ ပြောင်းလဲတဲ့၊ မတည်မြဲခြင်းတွေကို မြင်တွေ့နိုင်အောင် ဖော်ဆောင်ပေးတဲ့ အမေ၊ လောက အလယ်မှာ အမေ မရှိတော့ရင် အမေ့သား၊ သမီး တွေ မျက်နှာငယ်၊ အောက်ကျမခံရစေအောင် သင်ပေးခဲ့တဲ့ အမေ၊ သစ္စာတရားဆိုတာ ဘာလဲဆိုတာကို ပါးစပ်နဲ့မပြောဘဲ လက်တွေ့ဖြတ်သန်းခြင်းနဲ့ သက်သေပြခဲ့တဲ့ အမေ …..
ဒီလို အမေကြောင့် ပြည်သူများထွက်ပေါက်တစ်ခုကြောင့်အသက်ရှင်နေနိုင်တာပါ။ ဒီလိုပဲ တခြား တခြားသော သား၊ သမီးများသည်လည်း ကိုယ်လိုနည်းသူ အမေချစ်သူများဖြစ်မည်ဆိုတာကို အကြွင်းမရှိ ယုံကြည်ထားသူပါပဲ။ ချစ်လွန်းအားကြီးရင်၊ ယုံကြည်ကိုးစားလွန်းအားလွန်းရင် ကိုယ်ချစ်လွန်း၊ ယုံကြည်လွန်းတဲ့သူတွေများ ၁ ခုခုဖြစ်သွားမယ်ဆိုရင် ခံစားရတာ မဖြေဆည်းနိုင်ပါဘူး။  “အမေသာမရှိတော့ရင် ….” အတွေးထဲမှာက အတွေးက အတွေးကို ပြန်ခြောက်ခံထိ ဖူးတယ်။ အတွေးကိုပင် မုန်းမိတယ်။ တွေးနေတဲ့ အတွေးတွေကို ဆက်မတွေးရဲတော့ဘူး၊ အတွေးပေါ်မှာတင် ခံနိုင်ရည်ချင်း မရှိခဲ့ပါဘူး။ ဒီလိုမျိုး ခဏခဏ တွေးမိသလို အတွေးထဲမှာတင်ပဲ ခဏခဏ ပျက်သုန်းခဲ့ဖူးတယ် ….။ အတွေးက အတွေးကို ပြန်ခြောက်စေတဲ့ အတွေးမို့ပါ…..။
 ဒီမှာ ကိုယ့်အတွေးနဲ့ကိုယ် ပူလောင်လွန်းလို့ အေးငြိမ်းမှုလေး ရဖို့အတွက်ကို တရားများများနာခဲ့တယ်။ ကိုယ်ကသာ ကိုယ့်အတွေးနဲ့ ကိုယ် ဖြစ်နေတာနော် အမေက ကျန်းမာနေဆဲကြီး။ မဖြစ်သေးတဲ့ အကြောင်းတရားအတွက် တွေးပူနေပြီး ကိုယ့်ကိုယ်ကို သောကပေးနေမိခဲ့ဖူးတယ်။ ဒီမှာ အသိ ၀င်လာတယ် အမေ မရှိတော့တဲ့နောက် ဘယ်လိုရှင်သန်နေထိုင်သွားရမလဲဆိုတာကို …။ 
အမေရှိစဉ်မှာ အမေ့ကို ငွေကြေးနဲ့ ကျေးဇူးကို ဆပ်နိုင်တတ်အတိုင်းအတာလေးနဲ့ အမြဲပေးဆပ်သွားမယ်၊ ထို့အတူ တရားဓမ္မနဲ့လည်း ကျေးဇူးဆပ်ခွင့်ရှိသူ ကြိုးစားသွားမယ် လို့ စိတ်ကိုဆုံးဖြတ်ချက် ချခဲ့တယ်…။ ဒီလိုပဲ အမေသေသွားခဲ့ရင် .. အမေ မရှိခဲ့တော့ဘူးဆိုရင် အခုလိုမျိုးလေးပဲ ဘ၀ကို ဖြတ် သန်းပြီး အေးချမ်းတည်ငြိမ်တဲ့ ဘ၀နဲ့ လောကအတွက် ပေးဆပ်ရင်းနေထိုင်သွားမယ်လို့ ဆိုတဲ့ အသိ (စိတ်) ဖြစ်ပေါ်လာခဲ့ တယ်။ ဒီလို အသိ(စိတ်) ဖြစ်တည်သွားပြီးတဲ့နောက်ပိုင်း အမေ့ကို ရှိနေစဉ်လေးမှာ လိုအပ်တာလေးတွေကို ဖြည့်ဆည်းပေးနေ ခဲ့သလို .. အမေ မရှိခဲ့တော့ဘူးဆိုရင်လည်း အမေဖြစ်စေချင် တဲ့အတိုင်း “ ကိုယ့်ကိုယ်ကို စောင့်ရှောက်” ရင်းနေထိုင်သွားမယ် ဆိုတဲ့ အသိ(စိတ်)ကြောင့် အရာရာဟာ ငြိမ်းအေးသွားခဲ့ရပါတယ် ….။
အမေ့ကို ရာထူးဂုဏ်တွေလည်း မပေးနိုင်ပါဘူး၊ ပိုက်ဆံလည်း များများမပေးနိုင်ပါဘူး။ ဒီလို မပေးနိုင်ပေမယ့်လည်း စိတ်မပျက် ခဲ့ဖူးပါဘူး။ အမေ့အတွက်ဆိုတာလေးတွေကို စာလေးရေးပြီးအမြဲ ဖြည့်ဆည်းပေး သွားနိုင်သေးတယ်လေ။ အမေ့ကြောင့် ကိုယ်မဟုတ်တဲ့ တခြားသူတွေကိုလည်း ကူညီပေးနိုင်သေးနေတာပဲလေ။ ကိုယ့်အမေလိုမျိုး အသက်ကြီးတဲ့သူတွေကို ပြုစုပေးရတိုင်းလည်း ဆုတောင်းပါတယ် ဒီလို ပြုစုပေးရတဲ့အကျိုးကြောင့် မိမိပြုစုပေးသူအပါအ၀င် မိမိအမေမှာ လည်း ရောဂါဘယကင်းရှင်းပါစေလို့ဆိုတာကို အမြဲ ဆုတောင်းပါတယ် …….။
ဒီမှာလောက်နဲ့ ဘဲ တင်ပြပေးလိုပါတယ်။
ကိုထွန်းဝေ
5.4.2013
No comments:
Post a Comment