Monday 22 April 2013

ဒီခရီးနီးသလား

ဂျပန်က ဌေးဇော် မေခိုင်ဦး ခင်မောင်ဦးတို့  ၁၀ ခါဖတ် ၁၀ခါ ဖတ် ငါအပ္ပလာမဟုတ် ပြည်တွင်းမှာ လဲ ပေးဆပ်လာတဲ့သူ ဖြစ်တယ်။



ဒီခရီးနီးသလားလို့ မေး လာကြလို့  ပါ ..မေမေစု ခရီးက ဂျပန်ကို အကြောင်းကြောင့် သတင်းတွေတင်တာ စိတ်အနှောက်အယှက်ဖြစ်ရင် ကျနော် မေတ္တာရပ်ခံတယ်။ ဒါပေမယ့် ကျနော့်အသိနဲ့  ကျနော်စရိတ်နဲ့ ဂျပန်မှာအချိန်ပေးပြီး ကျနော်သိသမျှ ကျနော့်ဖေ့စ်ဘုတ်နဲ့  ကျနော့်ဘလော့မှာ သတင်းတွေကို တင်တာဖြစ်တယ်။
ရင်ဖွင့်သံလေးလို့ ဘဲခေါ်မလားဘဲဗျ။13ရက်နေ့က စခဲ့တဲ့ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ၆ရက်တာခရီးစဉ် အတွင်း ကျနော်လုပ်ပေးခဲ့ရတာတွေက ဘယ်သူမှမခိုင်းပါဘူး။ ကျနော်ဘယ်ကမှလည်းဘာတာဝန်ကို ဘယ်အဖွဲ့ အစည်းကမှမယူထားဘူး။

မေမေစုကိုချစ်လို့  လုပ်ပေးရတာပါဘဲ။ ဒါပေမယ့်  အရေးကြီးရင်သွေးနီးရမယ်ဆိုရင် ကျနော် အန်အယ်ဒီကို အသက်ပေးပြီးသားပါ။ ကျနော် ဖွင့်မပြောချင်ဘဲ ပြောလိုက်မည်။ ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့် မြို့ နယ်က ကျနော် NLD အဖွဲ့ ဝင်ဟောင်းတစ်ဦးပါ။ ဂျပန်ရောက်လို့  NLD LA Japanမှာဝင်တာမဆန်းပါ။ မေမေစုဂျပန်လာလို့  ထွက်လာမှ ကပ်ဖါးဆားဖါးလို့  ခေါ်တာ နာပါတယ်။
ဘာအခွင့်အရေးမှ မယူတတ်ဘူး ။မေမေစုနဲ့ ကျနော်တို့ ဂျပန်လာဖို့ လုပ်တုံးက အဖွဲ့ ကြီးထဲမှာ ကျနော်မပါပါ။ဘာတာဝန်မှလည်းမယူဘူး။မိမိသိသလောက် ယနေ့ အထိ သတင်းကိုလုပ်ပေးနေတုံးဘဲ။ဒါပေမယ့် ကြိုဆိုရေးအဖွဲ့ ကြီးထဲမှာ မတည်ငွေ အလှူ ၅၀၀၀ ယန်း ပါဝင်လှူခဲ့ပါတယ်။
သတင်းတွေအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ် အတွင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ တတ်နိုင်သည့်ဘက်မှ တက်ညီလက်ညီ ဝိုင်းဝန်းကူညီပေးခဲ့ပါတယ်။ သတင်းလောက မြန်မာမိသားစု ဖြစ်တဲ့ BBC Irrawaddy RFA VOA Moemakha နဲ့ အခြား သတင်းများကို မိမိသိတဲ့ဖက်မှ ဒေါ်စုသတင်းကိုကူညီပေးခဲ့တယ်။အချိန်မှီတာလည်းရှိသလို ဒေါ်စုသတင်းနောက်လိုက်နေလို့ မမှီတဲ့နေ့ လည်း များစွာရှိခဲ့ပါတယ်။
ဗွီဒီယိုတိုက်ရိုက်လွှင့်ပေးခဲ့ပါတယ်။ မှတ်တမ်းများ အသံဖိုင်များ များစွာရှိပါတယ်။

မိမိဘယ်ကမှသတင်းလုပ်လို့ ဘာဝင်ငွေမှမရရှိပါဘူး။ မိမိစရိတ်နဲ့ ဘဲ လျောက်နေရတာပါ။ အပြစ်မြင်တဲ့သူများ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိတယ်။ ဂျပန်မှာ အိမ်ထဲမှာနေတဲ့ စကတ်ဝတ်မယ့် ယော်ကျားတွေအတွက် ၀မ်းနည်းမိတယ်။ဒီနေ့ နံနက်မှာတော့စိတ်အေးခဲ့ရပြီ မေမေစုခရီးစဉ် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်တယ်။ ရှင်းရှင်းရေးရရင် ဘေးမှာမိတ်ဆွေရင်းနဲ့ အတူတူပြန်လာတာ ဘေးမှာ တောက်လျောက်အတူရှိနေခဲ့ပါတယ်။

ဒေါ်စု အကြောင်းတော့ အမွမ်းမတင်ချင်တော့ပါ .။ မိမိအကြောင်း သိချင်ရင်တော့ မိမိကို စိန်ခေါ်နိုင်တယ်.။ စာရေးမလား။ သတင်းရေးမလား ။ ဆောင်းပါးရေးမလား ဘာရေးချင်လဲ အွန်လိုင်းပေါ်က ကြိုဆိုနေမယ်။ အာမချောင်ကြေး။ ကြိုက်တဲ့နေရာက ခေါ်ပေးပါ။ ရောက်အောင်လာမယ်။

သေချာဖတ်ပါ

ဖန်တီးရှင်က ဘယ်သူတွေလဲ။


ဖေ့ဘုတ်မှာ အကြင်နာမပါတော့ဘူး။မင်းလက်ထက်မှာ အကြင်နာမရှိတော့ဘူးလာ။ လူတွေက သစ္စာတရားကမသိ။ အော်.....စကားလုံးတွေမှာ အမှန်မပါတော့ဘူး။ဒါတွေဟာ စနစ်ဆိုးကြောင့်လား ?
ရွှေကြာပန်းက ရေကန်ကိုသာ အလှဆင်တယ် မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ် အေး...ဂျပန်ကို လာခြင်းကောင်းသော အမျိုးသားခေါင်းဆောင်မေမေစုကတော့ တစ်လောက လုံးကို အလှဆင်တယ်၊အဲဒါကို ခံစားတတ်ရမယ်။ယူတတ်ရင် ရမယ်။
နေပြည်တော်ကြီး ၂၄ နာရီ မီးလာဖို့ အတွက် ကိုကိုလူဆိုးပေါက်သင်ညို အရောင်ပြောင်းတဲ့ ဦးပိုင်ကို သတိရလို့ ကျတဲ့ ပြည်သူ့ တွေရဲ့  မျက်ရည်ကို ဆည်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်ပေးရမှာလား"သေလိုက်လေ မင်းအမေကိုပြန်မေးလိုက်...ငါနဲ့အမေစုဓါတ်ပုံ တူတူတွေ့ ရလို့ မကျေနပ်ဘူးလား

အားနာတယ်လည်း.. ပြောဖို့မလိုပါဘူး ရဲရဲရေးလိုက်ပါ အပြုံး လေးနဲ့ စပြီး အမုန်းလေးတွေကွန်မန့် တွေနဲ့ ထုံးစံတွေကိုဖယ် ဒေါ်လာတွေကိုင်ကာဒုံးပျံတွေ ၀ယ်စီးတဲ့တစ်နေ့ မက်လုံးတွေသယ်ပြီးမြန်မာပြည် ကြီးပွားဖို့ အတွက် အမျိုးသားခေါင်းဆောင် မေမေစုကို ဆီးကြိုဖို့ အသင့်ပြင်မှတ်ထား လိုက် ….2015 ဆိုတာ မဝေးတော့ပါဘူး ဘယ်လဲ ငေးမနေနဲ့  ပြေးတွေ့ လိုက်..ဆီးကြိုလိုက်ပါ

အားလုံးကချစ်တဲ့ စုမေမေရဲ့ ဆန်းပြားတဲ့ကံတရားက ပြည်သူနဲ့ နီးရမယ်လို့ မျှော်လင့်ချက်ရခဲ့ရင်လည်း..မြင့်မြတ်တဲ့သူတွေဗမာပြည်သားတွေမှာအတွက်..၀မ်းသာစွာ နေခဲ့ပါ့မယ်...အဖြူရောင်အသဲနှလုံးပိုင်ရှင်ချစ်အမေအတွက် ပြည်သူရဲ့  ချစ်ခြင်းက ပိုင်ဆိုင်ဖို့အတွက်လဲ နေပြည်တော်မှာအမေစု က ယခင် အနှစ် နှစ်ဆယ်ပညာရေးနှင့် ယခု ပညာရေးအကြောင်းတစေ့တကြောင်းကို ဂျပန်မှာအဖော်ပြုကာ အဲဒီအဆိုကိုတိုင်းပြည်ကောင်းစားဖို့ အတွက် ရည်ရွယ်ပြီးတင်သွင်းခဲ့တာ ပူပူနွေးနွေးနဲ့  ခပ်ပါးပါးလေး ပညာပေးခဲ့တာ မင်းအမေ့ လင်ကပါဝါသုံးပြီး ပယ်ချရဲလို့ လား………

အပေါဆုံးကတော့ ဂျပန်မှာအတင်းပြောတဲ့အကြွေး စနစ်၊ မွေးရာပါအားနည်းချက်ကဒီမိုကရေစီမရှိလို့ပဲ။ လောကကြီးမှာ အမေစုအတွက် ဘာရေးရေး ဘာလုပ်လုပ်ရေးနေတော့ နေရတာတောင် ပျင်းလာမိမှာအမှန်ပါဘဲဗျာ...။ဒီလောက်နဲ့ ဘဲတော်လောက်ပြီ ထပ်ပြောလိုက်မယ် ကျုပ် အရှူံးမပေးဘူး။အမေစုဘက်မှ အမြဲရပ်တည် ပေးမယ်။

ဂတိသစ္စာဖြင့်
ကိုထွန်းဝေ
19.4.2013
ကျနော်အရမ်းလေးစားတဲ့ အမေစုနဲ့ ကျနော်ကျိုတိုသတင်းစာထဲကပုံလေးနဲ့ တင်လိုက်မိရေးလိုက်မိပါတယ်။

No comments:

Post a Comment