Monday 22 April 2013

အမေ့ ရဲ့ ဂန္တ၀င်အပြုံး



တုနှိုင်းမမှီ
စုတိုင်းပြည်
အဆင်းလှလှ
အတွင်းကျကျ
စေတနာတွေပိုကာသဲ
အမေ့ နားမှာကပ်လို့ ချွဲ
အမေ့ သားအရင်းတွေမို့ 
အမေပြုံးရင်လှပါတယ်အမေ....။
အမေလည်းပြုံး၊
သားလည်းပြုံးလို့ 
အပြုံးကိုယ်စီနဲ့ သားတို့ 
ကြိုခဲ့တဲ့နှစ်၂၀၁၃ဂျပန်
ဘာတွေပဲဖြစ်ဖြစ်
ဂျပန်မှာအပြုံးနဲ့ ကြိုနိုင်ခဲ့သလို
ဒီမိုကရေစီကနီးနီး
ရွှေပြည်ကြီးက တအိအိ
တူးပို့ တူးပို့ သံစဉ်တွေက
ဒီမိုကရေစီလက်တကမ်းမှာ
အောင်ပွဲတွေကို
ခူးဆွတ်နိုင်လိုက်နိုင်မှ
ရှေ့ မှာ၂၀၁၅ကို
သားတို့ ထပ်ပြုံးနိုင်မှာမဟုတ်လားအမေ...။

ကိုထွန်းဝေ
ရေးစပ်သီကုံးပါတယ်။


20.4.2013
ဒီဇိုင်း ကိုရဲဝင်း

လေးစားစွာမျှဝေပါတယ်

No comments:

Post a Comment