Sunday 7 April 2013

ချယ်ရီပင်အောက်က2013တိုကျိုသင်္ကြန်ပွဲတော်





ယနေ့တိုကျိုသင်္ကြန်ပွဲလုပ်ဖို့ရုံးကလူတွေနဲ့တိုကျိုသင်္ကြန်ပွဲကိုရောက်ခဲ့ ပါတယ်။ တော်တော်လေးစည်ပါတယ်။ ကဲကြတဲ့သူတွေလည်းအများကြီးပဲ။ သောက်ကြ၊ ဆိုကြ၊ တီးကြ၊ ကကြ နဲ့ပေါ့။ ပျော်ဖို့ကောင်းတယ်။(၂၂)ကြိမ်မြောက် မြန်မာရိုးရာ တိုကျို အတာသင်္ကြန်ပွဲတော်ကို ဧပြီလ(၇)ရက်နေ့ တိုကျိုမြို့ HIBIYA ပန်းခြံမှာ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) မှ တာဝန်ယူ ပြီးစည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအစီအစဉ်ကို ရိုးရာမပျက် မြန်မာများတက်ရောက်ခဲ့တဲ့အပြင်  ဂျပန်မှာရှိကြတဲ့ တိုင်းရင်းသားတွေလည်းတွေ့ ခဲ့ရပါတယ်။ အခြားနိုင်ငံခြားသားများလည်းတွေ့ ခဲ့ရပါတယ်။တိုကျိုမှာတော့ သင်္ကြန်ပွဲကို မြန်မာ့ရိုးရာအစားအစာတွေနဲ့ စုံစုံလင်လင်ရောင်းချပေးတာတွ့ ရပါတယ်။
မြန်မာလူမျိုးတွေအများကြီးအခုလိုစုစည်းတဲ့ပွဲမျိုးကိုရောက်တော့မြန်မာပြည်ကိုပြန်ချင်စိတ်တွေ၊ လွမ်းတဲ့စိတ်တွေပိုဖြစ်လာတယ်။တေးဂီတာအစီအစဉ်တွေမှာတော့ အငြိမ့် ၊ မင်္ဂလာဒိုးသံချပ်နဲ့  အခြားတီးဝိုင်းတွေတော်တော်စုံလင်ပြီး မိုးလင်းမှ မိုးချုပ် အထိဖျော်ဖြေခဲ့ကြပါတယ်။ဘ၀သရုပ်ဖေါ်တွေကို ထိထိမိမိ တင်ဆက် ဖျော်ဖြေသွားခဲ့ရာ ဂျပန်ရောက်ပရိတ်သတ်များ အထူးနှစ်ခြိက်အားပေးခဲ့ကြတာကို မျက်ဝါးထင်ထင်တွေ့ ရပါတယ်။ အစားအစာများကတော့ စုံလင်တော့ ပုံမှာပြထားတဲ့အတိုင်းတွေ့ ရမှာပါ။အစားအသောက်ဆိုင်များ အားလုံးနီးပါး  ရောင်းအားများကောင်းခဲ့ကြပါတယ်.ဂျပန်နိုင်ငံမှာ မြန်မာလူမျိုးများ ဦးစီးကျင်းပပြုလုပ်သည့် ပွဲတော်များအနက် အစည်းကားဆုံးပွဲ ဖြစ်ကြောင်း  ရေးသားလိုက်ရပါတယ်.။

ဗွီဒီယိုကြည့်ရန်  http://www.youtube.com/user/zayyar20283?feature=watch
ဓါတ်ပုံများကြည့်ရန် 
လင့်ဖြစ်ပါတယ်။

သတင်း
ဓါတ်ပုံ  
ဗွီဒီယို    ကိုထွန်းဝေ
7.4.2013
















No comments:

Post a Comment