Saturday, 16 February 2013

ဖုန်းနှင့်ကွန်ပျူတာနှစ်မျိုးလုံးတွင် Skype Account တစ်ခုတည်းဖြင့် အသုံးပြုနိုင်မည်


Friday, February 15, 2013

Skype Account တစ်ခုရှိထားရုံဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှုကို ပြည်တွင်းရှိ နိုင်ငံခြားဖုန်းခေါ်ဆိုမှု ဖွင့်လှစ်ထားသည့် မည်သည့် ...ဖုန်းများတွင်မဆို ဖုန်းမှတိုက်ရိုက်ဖြစ်စေ၊ အင်တာနက်မှဖြစ်စေ တစ်ချိန်တည်းတွင် နှစ်မျိုးစလုံးတစ်ပြိုင်နက်အသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။

Skype ၀န်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် အသုံးပြုလိုသူထဲတွင် နိုင်ငံခြားသို့ ခေါ်ဆိုခွင့်ရှိထားသော ကြိုးဖုန်း (သို့) နိုင်ငံခြားသို့ခေါ်ဆိုနိုင်သော မိုဘိုင်းဖုန်း (Hand Phone) တစ်မျိုးရှိရန် လိုအပ်သည်။ အဆိုပါဝန်ဆောင်မှုနှင့် ပတ်သက် ၍ Pfingo myanmar မှ ကိုဇော်လင်းထိုက်က “ကျွန်တော်တို့အနေနဲ့ ဒီဝန်ဆောင်မှုကို ဆောင်ရွက်ပေးတာ သိပ်မကြာသေးပါဘူး။ အသုံးပြုနိုင်တာတော့ ကြာပါပြီ။

အင်တာနက် အလွယ်တကူရရှိနိုင်တဲ့ နေရာများတွင် နှစ်မျိုးစလုံးအသုံးပြုနိုင် ပါတယ်။ ဖုန်းကနေ နိုင်ငံခြားကို တိုက်ရိုက်ခေါ်မယ်ဆိုရင် အနည်းဆုံး FEC 1unit ကုန်မှာပါ။ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုက နှစ်မျိုးလုံးမှာ အသုံးပြုနိုင်ပြီး ဈေးနှုန်းက ၇၀% သက်သာတယ်” ဟု ပြောခဲ့သည်။

Skype ၀န်ဆောင်မှုများကို ၀န်ဆောင်မှုပေးလျက်ရှိသည့် PFingo Myanmar မှ ကိုဇော်လင်းထိုက်က "ကျွန်တော်တို့ အရင်အင်တာနက်ဆိုင် ဖွင့်တုန်းကတည်းက Skype Account တစ်ခုတည်းကိုပဲ စက်အလုံးပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။ အခုစနစ်ကတော့ ကွန်ပျူတာနဲ့ အသုံးပြုနိုင်သလို ဖုန်းမှာလည်း အသုံးပြုနိုင်ဖို့ နှစ်မျိုးလုံးမှာ Skype Account တစ်ခုရှိရုံနှင့် တစ်ပြိုင်နက်အသုံးပြုနိုင်တဲ့စနစ် ဖြစ်ပါတယ်။ ဖုန်း bill ကလည်း အရမ်းသက်သာတဲ့ ဈေးနှုန်းဖြစ်တဲ့အတွက် အသုံးပြုသူတွေ အဆင်ပြေစေမှာပါ" ဟု ပြောကြားခဲ့သည်။

Pfingo Reseller Myanmar အနေဖြင့် Pfingo ၀န်ဆောင်မှုအပြင် Pfingo နှင့်ပတ်သက်သည့် ၀န်ဆောင်မှုမျိုးကို ပြုလုပ်ပေးလျက်ရှိသည်။ Pfingo ၀န်ဆောင်မှုများတွင်လည်း ဖုန်းမှတစ်ဆင့် တိုက်ရိုက်နိုင်ငံခြားသို့ ခေါ်ဆိုနိုင်သည့် ၀န်ဆောင်မှုများကိုလည်း ပြုလုပ်ပေးကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း -၀၉ ၇၃၁၄၅၃၉၈ သို့ မေးမြန်းနိုင်ပါသည်။

General Knowledge
 

No comments:

Post a Comment