Saturday, 16 February 2013

အမျိုးသားစီမံကိန်း ဥပဒေကြမ်း အပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး



ပြည်ထောင်စု လွှတ်တော် မှာ ဆွေးနွေးနေတဲ့ ၂၀၁၃-၂၀၁၄ ၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အကောင် အထည်ပေါ်လာခဲ့ရင် ပြည်သူတွေရဲ့ ဆန္ဒတွေ အတိုင်းအတာ တစ်ခုအထိ ရောင်ပြန်ဟပ်မယ် ထင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
Photo : RFA
ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေရဲ့ လက်ရှိဆွေးနွေးနေတဲ့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းအပေါ် သဘောထားမေးမြန်းချက်ကို အခုလို ပြောကြားခဲ့တာပါ။
" ပြည်သူ့ဆန္ဒဆိုတာ လွှတ်တော်ဆန္ဒပဲလေ၊ ခုတော့ လွှတ်တော်က ပြည်သူ့ဆန္ဒတွေကို ဖော်ထုတ်နေတယ်လို့ထင်တယ်၊ ပြန်ပြောတဲ့ဟာတွေကိုတော့ ပြန်ပြီးတော့ ပြင်ဆင်ရမယ်လို့ထင်တယ်၊ ဒါက လွှတ်တော်က ရေးတဲ့ဟာမဟုတ်တော့ လွှတ်တော်ဆန္ဒလို့ ပြောလို့မရဘူးပေါ့၊ ပြည်သူ့ဆန္ဒက လုံးဝရောင်ပြန်မဟပ်ဘူးဆိုတာ ပြောဖို့တော့ ခက်ပါတယ်၊ အတိုင်းအတာတစ်အခုတော့ ရောင်ပြန်ဟပ်ပါတယ်"
၂၀၁၃-၂၀၁၄ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ သုံးရက်မြောက် နောက်ဆုံးနေ့အဖြစ် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းကို စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ( ၄၁ ) ဦးက ဝင်ရောက်ဆွေးနွေးခဲ့ကြတာပါ။
ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေက လွှတ်တော်ကို ပြန်လည်ဆွေးနွေးတင်ပြဖို့ ရှိတယ်ဆိုရင် လာမယ့် တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော် ( ၁၁ ) ရက်မြောက်နေ့မှာ ပြန်လည်ဆွေးနွေးရမှာ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးတင်ပြပြီးရင် ဥပဒေကြမ်းကို အတည်ပြု ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

No comments:

Post a Comment