Friday 1 February 2013
နိုင်ငံတော်လုံခြုံရေး
❥❥❥❥¯`*•.¸နိုင်ငံတော်လုံခြုံရေး ¸.•*´¯)❥❥❥❥
·
❥❥❥❥¯`*•.¸နိုင်ငံတော်လုံခြုံရေး ¸.•*´¯)❥❥❥❥
ကျွန်တော်အခုတင်ပြမဲ့ ခေါင်းစဉ်အောက်မှာ ...
"နိုင်ငံတော်" ဆိုတဲ့ ဝေါဟာရနဲ့  "လုံခြုံရေး" ဆိုတဲ့ ဝေါဟာရ
နှစ်ခု ပူးနေတာကို အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ
ဖတ်ရမှာပါ။
နိုင်ငံတော်ဆိုတဲ့ ဝေါဟာရကို သည်နေ့ ကျွန်တော်ထပ်ပြီးတော့
အဓိပ္ပါယ်ဖွင့်ပေးပါမယ် ... အရင်ကျွန်တော်ရေးခဲ့တဲ့အတိုင်းပါ-
နိုင်ငံတော် (Nation-State)  ဆိုသည်မှာ Sovereignty ခေါ်အချုပ်အခြာအာဏာပိုင်ပြီး
Demarcation နယ်နိမိတ် သတ်မှတ်ထားတဲ့ ဧရိယာအကျယ်အ၀န်းထဲမှာ နေထိုင်ကြသူ
တွေအားလုံးက တရားစီရင်ရေးအာဏာ၊ ဥပဒေပြုအာဏာ နဲ့ အုပ်ချုပ်မူအာဏာ သုံးရပ်ကို
ပိုင်ဆိုင်တဲ့အ၀န်းအ၀ိုင်း ကိုခေါ်ဆိုခြင်းဖြစ်သည်။  'နိုင်ငံတော်' ၏အမည်အတွင်း၌
ပြည်သူ၊ တိုင်းပြည်နယ်နိမိတ်၊ ယဉ်ကျေးမူ သယံဇာတ အစိုးရ နှင့်ကာကွယ်ရေးအတွက်
စစ်တပ် စသည် တို့ အားလုံးပါဝင်တဲ့ နှစ်ကာလကြာမြင့်စွာရှိနေခဲ့တဲ့ ခိုင်ခန့် သော
ယန္တယားဖြစ်တယ်လို့ ဖွင့်ဆိုပါတယ်။
ကျွန်တော်ရေးခဲ့တာကိုပဲ တာဝန်ခံပြီးကိုးကားတာပါ
(Link ချိတ်ပေးပါ့မယ် ... အဲဒါကလည်း ကနေ့ နိုင်ငံတကာက ဖွင့်ဆိုထားတဲ့ နိုင်ငံတော်
ဆိုတဲ့ ဝေါဟာရကို ကျွန်တော်ဖွင့်ဆိုပေးထားတာပါ) မကျေနပ်တဲ့သူ Complain တက်ပါ။
သည်တော့ -
ခင်ဗျားတို့  နိုင်ငံတော်ဆိုတာ ဘာလဲဆိုတာ သိလောက်ပါပြီ။
နိုင်ငံတော်ဆိုတာ ဦးနေ၀င်းမဟုတ်ခဲ့ဘူး။
နိုင်ငံတော်ဆိုတာ ဦးစောမောင်မဟုတ်ခဲ့ဘူး။
နိုင်ငံတော်ဆိုတာ ဦးခင်ညွန့် မဟုတ်ခဲ့ဘူး။
နိုင်ငံတော်ဆိုတာ လွှတ်တော်ရဲ့ခေါင်မိုးမှာ အိမ်ဆောက်နေတဲ့ ဦးသန်းရွှေလည်း
မဟုတ်ဘူး။
နိုင်ငံတော်ဆိုတာ အထက်က နာမည်တွေပါတဲ့ လူတွေအပါအ၀င် ခလေးရောခွေးပါ
မြန်မာတပြည်လုံးက သက်ရှိ သက်မဲ့ အားလုံးကို အကျုံးဝင်တဲ့ နယ်နိမိတ်အကျယ်အ၀န်း
ကို... ကိုယ်စားပြုထားတယ်ဆိုတာ ခင်ဗျားတို့ သိလောက်ပါပြီ။
မှတ်ချက်။ ....။ ကျွန်တော်ဘာလို့  "နိုင်ငံတော်" ဆိုတာကိုသည်လိုရှင်းပြနေရသလဲဆိုတာ
ခင်ဗျားတို့ သိချင်မှာပါ။ မြန်မာပြည်မှာ တက္ကသိုလ်မှာ ကဌိကလုပ်နေတဲ့ ကျွန်တော်သူငယ်
ချင်းကိုယ်တိုင်က နိုင်ငံတော်ဆိုတာ သူ့ ခေါင်းပေါ်ကိုကျလာတဲ့ "အမိန့် အာဏာတွေ" ပဲ
လို့  ထင်နေလို့ ပါဗျာ။ မယုံမရှိကြပါနဲ့ ။ ကျွန်တော်နဲ့ အတူ DSA 26/27 ဖြေခဲ့တဲ့သူငယ်
ချင်းတွေကလည်း နိုင်ငံတော်ဆိုတာသူတို့ အဘသန်းရွှေလို့ ပဲထင်နေကြတာကနေ့ အထိ။
အခု....
ခင်ဗျားတို့  နိုင်ငံတော်ဆိုတာ ဘာလဲဆိုတာရှင်းသွားပြီ...
အခုကျွန်တော် နိုင်ငံတော်လုံခြုံရေးဆိုတာကို ထပ်ပြီး တင်ပြပါ့မယ်။
ကျွန်တော်အထက်ကတင်ပြထားတဲ့ " နိုင်ငံတော်လုံခြုံရေး" ဆိုတဲ့ခေါင်းစဉ်အောက်မှာ -
ထပ်ပြောရရင် "နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားလုံခြုံရေး" ပေါ့ဗျာ...
ဗြောင်ပြောရရင် မြောက်ကိုရီးယားနဲ့  တောင်ကိုရီးယား ညီအစ်ကိုတွေကိုဥပမာပေး
ပါ့မယ်။ မြောက်ကိုရီးယားရဲ့နိုင်ငံတော်လုံခြုံရေးဆိုတာ စစ်တပ်ပဲ (ဘာမဆိုစစ်တပ်နဲ့ 
စစ်တပ်ကိုကြိုးကိုင်နိုင်တဲ့သူတွေရဲ့အရေးကိစ္စပဲ - ခင်ဗျားတို့ မြင်ပါလိမ့်မယ်)။ ကမ္ဘာကို
ဂျပန်နဲ့ အပြိုင် အာရှတိုက်ကနေ လူသုံးကုန်ပစ္စည်းကအစ Cell Phone မကျန် ကား
အဆုံး တင်ပို့ ရောင်းချနေတဲ့ (မြန်မာတွေသွားပြီးကျွန်ခံနေတဲ့) တောင်ကိုရီးယားကတော့
နိုင်ငံတော်လုံခြုံရေးဆိုတဲ့အဓိပ္ပါယ်ဟာ မြောက်ကိုရီးယားရဲ့ကင်မ်ဂျုံအီ မျိုးဆက်က
အဓိပ္ပါယ်ဖွင့်တာနဲ့ တော့ ပြဒါးတလမ်းသံတလမ်းဖြစ်နေမှာပါ။ ဘာ့ကြောင့်လဲဆိုတော့
ကိုရီးယားလူမျိုးချင်းအတူတူ ...  (မနေ့ တနေ့ ကပဲ) မြောက်ကိုရီးယားမှာ လူသားစား
နေရပြီး ... တောင်ကိုရီးယား Video Series ကိုတော့ ဗုဒ္ဒဘာသာမြန်မာတွေက တန်း
တန်းစွဲဖြစ်နေခဲ့တာ ဆယ်စုနှစ်နဲ့ ချီပြီးကြာနေခဲ့ပြီမို့ လား။
Post Script:
ခင်ဗျားတို့  လွှတ်တော်ထဲမှာဝင်ထိုင်နေတဲ့ တမတ်သား ယူနီဖေါင်းဝတ်တွေ အခု
ကျွန်တော်ရေးတဲ့ ပို့ တ်စ် ကိုဖတ်ဖြစ်အောင်ဖတ်ပါ ..............
ကျွန်တော်တလေးတစားတင်ပြပါ့မယ် ...
"နိုင်ငံတော်လုံခြုံရေး"
သေနတ် အမြောက် တင့်ကား တိုက်လေယာဉ် ဖရီဂိတ် မြေအောက်ဥမင် ဓါတုလက်နက်
တွေဟာ ........  နိုင်ငံတော်လုံခြုံရေးအတွက်ဆိုတာ ... ကျွန်တော် ၀န်ခံပါတယ်။
("ဒါပေမဲ့ ....  ဘယ်တုံးကများ အဲသည်လက်နက်တွေဟာ တိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်
ဖို့ ခင်ဗျားတို့ အဆင်သင့်ရှိခဲ့ပါသလဲ? ဘင်္ဂလီမွတ်ဆလင်ကုလားကစပြီး ၀တွေတိုင်းပြည်
ဆောက်နေတဲ့အထိ") ခင်ဗျားတို့  ညီအစ်ကိုသွေးချင်းဖြစ်နေတဲ့ မြောက်ပိုင်းမှာသုံးတယ်။
ခင်ဗျားတို့  ကလေးကလား ... ခင်ဗျားတို့ လူအုပ်စု အကျိုးစီးပွါးအတွက် လက်ပန်တောင်း
တောင်လို နေရာမှာ အရှက်မရှိချသုံးခဲ့တယ်။ ညီအစ်ကိုရင်းကချင်မှာသုံးနေတယ်။
ခင်ဗျားတို့  ကိုယ်တိုင် နိုင်ငံတော်လုံခြုံရေးကို ဖျက်ဆီးနေခဲ့ပြီ။ ပြည်ထောင်စုအဓွန့် ရှည်
ရေးကို ဖျက်ဆီးနေခဲ့ပြီ။ (လှိုင်ဘွား ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ ဘယ်ဘင်္ဂလီကုလားနဲ့ မှ
သောက်ဖက်လုပ်ပြီး debate မပြောဘူး ... ဒါပေမဲ့ ခင်ဗျားတို့ ထဲက ဘယ်သူနဲ့ မဆို
ကျွန်တော့်ရဲ့ target က ဖြစ်ပြီးပျက်တတ်တဲ့ ရာထူးတွေယူပြီး ရူးနေတဲ့ခင်ဗျားတို့ မဟုတ်
ပါဘူး ... ကျွန်တော် တင်ပြချင်တာက ခင်ဗျားတို့ အပါအ၀င် ကျွန်တော့်တိုင်းပြည်နဲ့ လူမျိုး
ကိုပါ
"နိုင်ငံတော်လုံခြုံရေး"အကြောင်းကျွန်တော် ဆက်ပြောပါ့မယ် ...
ကပြောတဲ့ သေနတ် အမြောက် တင့်ကား တိုက်လေယာဉ် ဖရီဂိတ် မြေအောက်ဥမင်
ဓါတုလက်နက်... တွေသုံးရပါ့မယ်။ မိမိတိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်ဖို့ ... မိမိတိုင်းပြည်
နဲ့ လူမျိုးကို စောင့်ရှောက်ဖို့လေဗျာ။
ဒါပေမဲ့ ခင်ဗျားတို့ လစ်လျှူရှူထားတဲ့ "နိုင်ငံတော်လုံခြုံရေး" ဂဏ္ဍတွေက အများကြီးကို
ကျန်နေပါသေတယ် ဦးမင်းအောင်လှိုင် (ဦးမင်းအောင်လှိုင်နဲ့  အခြားအဆင့်အားလုံး)
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - ကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေနဲ့  မြန်မာအမျိုး
သမီးငယ်တွေရဲ့လုံခြုံရေး
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - ကျွန်ဖြစ်နေတဲ့ ခေတ်သစ်ချစ်တီးတွေအောက်က
ကျေးဇူးရှင် တောင်သူလယ်သမားကြီးတွေရဲ့လုံခြုံရေး
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - ပြည်ပမှာသွားပြီးကျွန်ခံနေရတဲ့ မြန်မာ (၅) သန်းရဲ့
လုံခြုံရေး
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - ခိုင်းတာလုပ် ကျွေးတာစားနေရတဲ့ တပ်မတော်သား
တွေရဲ့လုံခြုံရေး
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - မိမိက အမိအဖလို ညီရင်းအစ်ကိုလို မောင်ရင်းနှမလို
စောင့်ရှောက်ရမဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့လုံခြုံရေး
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - မြန်မာတပြည်လုံးကို နောက်ထပ် အနှစ်ငါးဆယ်မှာ
မွတ်ဆလင်ကုလားပြည်ဖြစ်သွားအောင်လုပ်နေတဲ့ မွတ်ဆလင်ကုလားတွေရဲ့ဘေးရန်
က ... မနက်ဖြန်မွေးမဲ့မြန်မာကလေးတွေကို ကာကွယရေး
မဖေါက်ပဲ သိမ်းပြီးတဲ့နောက် အနာဂတ် (မြန်မာတွေရဲ့နန်းမြို့ ကြီးကို) မြန်မာတွေပြန်ရ
ရေး ... (မြန်မာ့အမွေ မြန်မာပိုင်ရေး)
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - မြန်မာတမျိုးသားလုံး ကျန်းမာရေးအရ လုံခြုံရေး
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - မြန်မာတမျိုးသားလုံး ပညာရေးအရ လုံခြုံရေး
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - မြန်မာခလေးငယ်များရဲ့ဘ၀လုံခြုံရေး
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - မြန်မာ သက်ကြီးရွယ်အိုများရဲ့ဘ၀လုံခြုံရေး
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - မြန်မာတမျိုးသားလုံး .. စီးပွါးရေးအရ လုံခြုံရေး
(အမျိုးသားအကျိုးစီးပွားလုံခြုံရေး ... လူတစုအကျိုးစီးပွားလုံခြုံရေးမဟုတ်)
("ဦးပိုင်" မကလို့  ဘယ်သူပဲပိုင်သည်ဖြစ်စေ ... တိုင်းပြည်ရဲ့စီးပွါးရေးဟာ မြန်မာအမျိုး
သားပိုင်ဖြစ်ရေး)
- နိုင်ငံတော်လုံခြုံရေးအတွင်းမှာ - အသက်ရှိထင်ရှား ရှိနေတဲ့ ဦးသန်းရွှေအပါအ၀င်
ဦးမင်းအောင်လှိုင်နဲ့ တချိန်က ဒီမိုကရေစီရေးတိုက်ပွဲဝင် (၈၈) ကျောင်းသား/ပြည်သူ
တွေရဲ့လုံခြုံရေး
................ အထက်က ကျွန်တော်တင်ပြတဲ့လုံခြုံရေးတွေက ခင်ဗျားတို့  သေနတ်နဲ့
ကာကွယ်လို့ မရတာတော့သေချာနေပါပြီ။ သေနတ်ဆိုတာ သတ်လို့ ပဲရပါတယ်...
ခင်ဗျာ။ မြန်မာအားလုံးဟာ သွေးရဲ့ပါတယ် ...။ အဲဒါကိုအခွင့်ကောင်းယူပြီး မြန်မာကို
ကမ္ဘာမှာ First World ထဲမှာ ၀င်အောင် နောင်အနှစ် (၂၀) မှာလုပ်နိုင်ပါတယ်။
တပ်မတော်ကြီးလည်း သည့်ထက်ပိုပြီးခေတ်မှီပြီး ကမ္ဘာနဲ့ အမှီယဉ်ဘောင်တန်းနိုင်
အောင်ပေါ့ဗျာ....။ မြန်မာတွေအခုထက်ဖွံ့ ထွားပြီး Spiritually & mentally လူဖြစ်
လာဖို့  ... မြန်မာတွေကိုကမ္ဘာက Sub - Human အဖြစ်မြင်နေတဲ့ ရာစုနှစ်ထက်ဝက်
ကြာသင်ပုန်းကြီကကို ဖျက်ပစ်ဖို့ အတွက် ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးရဲ့
လောဘဇောတိုက်နေတဲ့ သောက်ကျင့်ဆိုးတွေကို ဖျောက်ကြဖို့ လိုနေပါပြီ။
ဦးမင်းအောင်လှိုင်ခင်ဗျာ
လူသားအရင်းအမြစ်မရှိပဲ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ပါ...
Solute
လေးစားစွာဖြင့်
လှိုင်ဘွား
by Hlaing Bwa on Friday, February 1, 2013 at 5:06pm 
No comments:
Post a Comment