Tuesday 5 February 2013

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့အစီအစဉ်

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့အစီအစဉ် ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကဆက်လက်ကျင်းပ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့အစီအစဉ် ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကဆက်လက်ကျင်းပရာ အစည်းအေးတွင် ထန်တလန်မဲဆန္ဒနယ်မှဒေါ်ဇာတဲလဲမ်း ကထန်တလန်တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရန် ဆောင်ရွက်ပေးနိုင်ရန် ရှိ/ မရှိ မေးခွန်း၊ ဦးစိုင်းသန်းနိုင် ဖာပွန် မဲဆန္ဒနယ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၏ အရည်အချင်း သတ်မှတ်ချက်များနှင့် ဒုရဲအုပ်လောင်းဝင်ခွင့်စာမေးပွဲများနှင့်ပတ်သက်သည့် မေးခွန်း၊ အမျိုးသားလွှတ်တော်မှအတည်ပြုချက်ဖြင့်ပေးပို့လာသော အထူးကာလ စည်းကမ်းသတ်နှင့် အတိုးကန့်သတ်ရေး အက်ဥပဒေကိုရုပ်သိမ်းသည့် ဥပဒေကြမ်း ကိုလက်ခံရရှိကြောင်း လွှတ်တော်သို့တင်ပြချင်း၊ အမျိုးသားလွှတ်တော်မှအတည်ပြုချက်ဖြင့်ပေးပို့လာသော အထူးကာလ စည်းကမ်းသတ်နှင့် အတိုးကန့်သတ်ရေး အက်ဥပဒေကိုရုပ်သိမ်းသည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံ တင်သွင်းခြင်း နှင့် ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် တစ်ပိုဒ်ချင်းစိအလိုက် ဆွေးနွေး၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းများ ကိုဆွေးနွေးကြသည်။

သတင်း NLD
5.2.2013




No comments:

Post a Comment