Thursday, 16 August 2012

မိဘ ကျေးဇူး ပျို့ 

ရွှေအိမ်စည် စာပေ

မိကို ညာက၊ ဖကို လက်ဝဲ၊ ကိုင်စွဲချီလျက်၊ ပုခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျူး၊ ရှေးတင်ဖူးသည့်၊ ကျေးဇူးလှယ်ပြိုင်၊ မဆပ်နိုင်ခဲ့။
( ရှင်မဟာရဋ္ဌသာရ)


သက်ကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ၀မ်းထဲယုံ့ယုံ့၊ ယုန်လျင်ကျုံ့သို့၊ ဆိုတုံ့မ၀ံ့၊ စောင်မာန်ညံ့လျက်၊ ကြောက်ရွံ့ရိုသေ၊ သည်းခံထွေဖြင့်၊ ကောင်းထွေနှလုံ
း တည်စေမင်း။
(လောကသာရပျို့)


မိဘကျေးဇူး၊ ကျွေးအထူးကို၊ ကြည်နူးတုံ့ကာ၊ ဆပ်လိုပါမူ၊ သဒ္ဓါကင်းပ၊ သီလမဖြူ၊ အလှူမပေး၊ ကင်းဝေးသုတ၊ မိနှင့်ဘကို၊ ဖျောင်းဖျချိုသာ၊ စေတနာနှင့်၊ သဒ္ဓါစသား၊ မြတ်တရားနှင့်၊ စုံငြားလေအောင်၊ ကြိုးစားဆောင်က၊ မြားမြောင်ထွေထွေ၊ ကျေးဇူးကျေမည်၊ ဆပ်လေသူတော် လမ်းစဉ်တည်း။
(စံကျောင်းဆရာတော်)

No comments:

Post a Comment