Monday, 18 February 2013

အာဆီယံ ရုပ်သေးပွဲတော် ချင်းမိုင် တက္ကသိုလ်မှာ ကျင်းပမယ်


အာဆီယံ ရုပ်သေးပြပွဲ (၂၀၁၃ ခုနှစ်) ကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ရှိ ချင်းမိုင်တက္ကသိုလ်အတွင်းရှိ Art Center မှာ လာမယ့် ဖေဖော်ဝါရီလ ၂၂၊ ၂၃၊ ၂၄ ရက်နေ့တို့မှာ ကျင်းပသွားဖို့ ရှိပါတယ်။ 


ဓာတ်ပုံ- အိမ့်သံစဉ်/ဧရာဝတီ

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီက ည ၉ နာရီအထိ တကြိမ်နဲ့ ဖေဖော်ဝါရီလ ၂၃၊ ၂၄ ရက်နေ့တို့ မှာ မနက် ၁၀ နာရီမှ ည ၉ နာရီထိကျင်းပသွားဖို့ ရှိပါတယ်။ အာဆီယံ ၁၀ နိုင်ငံရဲ့ ရုပ်သေး ရုပ်ကလေး 
တွေနဲ့ ရုပ်သေးကဟန်၊ ကကွက်တွေကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှု့ခံစားရမှာ ဖြစ်ပါတယ်။ 


အခုလို အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ ရုပ်သေး အနုပညာကို ထိမ်းသိမ်းမှုနဲ့ပတ်သက်လို့လည်း ချင်းမိုင် တက္ကသိုလ်ကျောင်းသားတွေက ချင်းမိုင်ရဲ့ တနင်္ဂနွေညဈေးမှာ အခုလို လှုပ်ရှားမှုတွေလည်း လုပ်နေပါ တယ်။  






No comments:

Post a Comment