Monday, 18 February 2013

ကျိုတိုတက္ကသိုလ်မှ ဒေါ်အောင်ဆန်းစုကြည် မရောက်မှီအကြို မြန်မာ့နိုင်ငံရေး ဟောပြောပွဲ

 ဖေဖော်ဝါရီလ ၁ရရက်နေ့ နေ့လည် ၁နာရီခွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ(ဂျပန်ဋ္ဌာနခွဲ)
မှ ဥက္ကဋ္ဌဦးသန့်ဇင်ဦး၊ အဖွဲ့ဝင် ဦးကျော်သူမင်း၊ နာဂိုယာ ဋ္ဌာနခွဲမှ တာဝန်ခံ ဦးမျိုးသီဟန်နှင့် နာဂိုယာမှ အမျိုးသမီး ၄ဦးအပါအဝင် အဖွဲ့ဝင် ၁၅ဦးပါအဖွဲ့သည်  ၁၉၈၅ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ၉လတာ မြန်မာ့နိုင်ငံရေး သမိုင်း စာတမ်းပြုစုခဲ့ရာ ကျိုတိုတက္ကသိုလ်၌ မြန်မာ့နိုင်ငံရေး သမိုင်းနှင့် လက်ရှိနိုင်ငံရေး အခြေအနေများအား သွားရောက်ဟောပြောခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဂျပန်လူမျိုးများနှင့် ကျိုတိုတက္ကသိုလ် အပါအဝင် အနီးပတ်ဝန်းကျင်မှ တက္ကသိုလ်ကျောင်းသား ၁၅၀ဦးခန့် တက်ရောက်ကြသည်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ(ဂျပန်ဋ္ဌာနခွဲ) ဥက္ကဋ္ဌဦးသန့်ဇင်ဦးမှ အောက်ပါမြန်မာနိုင်ငံရေး သမိုင်းအား ဓာတ်ပုံ၊ ရုပ်သံများဖြင့် ရှင်းလင်း ဟောပြော ပြသခဲ့သည်။

1.     မြန်မာနိုင်ငံ မြေပုံနှင့် အင်္ဂလိပ် မြန်မာစစ်ပွဲ
2.     ဓာတ်ပုံ ဗိုလ်ချုပ်ကျောင်းသားဘဝ
3.     ဗိုလ်ချုပ်ဂျပန်ရောက်ရှိပုံနှင့် ဗီဒီယိုဖိုင်
4.     ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေး ကြိုးပမ်းမှု
5.     ဦးနု ဓာတ်ပုံ၊ ဗီဒီယိုဖိုင်
6.     ဦးသန့် ဓာတ်ပုံ၊ ဗီဒီယိုဖိုင်
7.     ဦးနေဝင်း ဓာတ်ပုံ၊ ဗီဒီယိုဖိုင်
8.     Kyoto University DASSK ၁၉၈၅ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ ၁၉၈၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ စာတမ်းပြုစုခဲ့ပါတယ်..။ ခေါင်းစဉ်ကတော့ “ The History of the Burmese Independence Movement ” မြန်မာပြည် လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း ဖြစ်ပြီး (၉)လကြာ The Center for South East Asia Studiesရဲ့ အခန်းနံပါတ် E306 မှာနေထိုင်ပြီး စာတမ်းပြုစုခဲ့ပါတယ်..
9.     ၈၈၈၈ အရေးတော်ပုံ ဓာတ်ပုံ၊ ဗီဒီယို
10.  ဒေါ်အောင်ဆန်းစုကြည် ငယ်ဘဝနဲ့ ၁၉၈၉မြင်ကွင်း ရုပ်သံ၊ ၁၉၉၀ရွေးကောက်ပွဲ မြင်ကွင်း ရုပ်သံ၊
11.  ဘဘဦးတင်ဦး
12.  ဗိုလ်သန်းရွှေ
13.  ၈၈၈၈ ကျောင်းသားခေါင်းဆောင်များ
14.  ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ နာဂအိခန်းဂျိ ရုပ်သံ
15.  ၂၀၁၀ စစ်အစိုးရ ရွေးကောက်ပွဲ ရုပ်သံ၊ ဒေါ်စုလွတ်မြောက်လာပုံ ရုပ်သံ၊ ၂၀၁၂ မဲဆွယ်စည်းရုံးရေး မြင်ကွင်း၊ ၂၀၁၀ရွေးကောက်ပွဲအောင်ပွဲ NLD ရုံးရှေ့
16.  ၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးစဉ် အချို့ဓာတ်ပုံနဲ့ နောက်ဆုံး သမ္မတအိုဘားမား မြန်မာပြည်ခရီးစဉ် ရုပ်သံဖြင့် အဆုံးသတ် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အိုဆာကာ တက္ကသိုလ်တွင် ဥပဒေအထူးပြု Phd တန်း တက်ရောက် ပညာသင်ကြားနေသော ဦးအောင်မြတ်ဝင်းမှလည်း ၂၀၀၈ အခြေခံဥပဒေပါ အချက်များအား ပူးပေါင်းပါဝင် ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ဥက္ကဋ္ဌဦးသန့်ဇင်ဦး၊ နာဂိုယာတာဝန်ခံ ဦးမျိုးသီဟန်နှင့် ဦးအောင်မြတ်ဝင်းတို့မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး အခမ်းအနားအား ညနေလေးနာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


ဒီမိုဝေယံ
18.2.2013













No comments:

Post a Comment