Monday 4 February 2013

ဆေးလိပ် နှင့် ကျမ်းမာရေး အကျိုးရလာဒ်များ


 ဆေးလိပ်သောက်ခြင်းကြောင့်  ဒါတွေသိထားသင့်ပါတယ်..။
၁။ Psoriasis ခေါ်တဲ့  အရေပြားရောဂါ ။

၂။ Cataracts ခေါ်တဲ့  မျက်စိ တိမ်စွဲရောဂါ

၃။ Wrinkling ခေါ်တဲ့ အသားအရေ ရှုံ့ တွ အိုမင်းခြင်း ။ (ဒါကြောင့်ဆေးလိပ်သောက်သူတွေ ရုပ်ရည်ဟာ မသောက်သူ နဲ့ယှဉ်လိုက်ရင် ပိုပြီး အိုစာနာကျ ပုံ ဖြစ်နေရတာပါ ။)

၎။ Hearing Loss ခေါ်တဲ့  နား အကြားအာရုံ ချို့ တဲ့ခြင်းရောဂါ ။

၅။ Cancer ခေါ်တဲ့  ကင်ဆာ အမျိုးမျိုး -
ဥပမာ အဆုပ်။နှာခေါင်းလည်ချောင်း ၊လေပြွန်၊အသံအိုး ၊ခံတွင်းကင်ဆာ၊အစာမြိုပြွန် ၊ အူ၊ ရင်သား ကင်ဆာ ၊ကျောက်ကပ် ၊ ဆီးအိတ် နှင့် အချို့ သောလူကီးမီးယားသွေးကင်ဆာများ ။ ဆေးလိပ်ထဲမှာ Carcinogen လို့ ခေါ်တဲ့ ကင်ဆာ ဖြစ်စေတတ်သော ဓါတ်ပေါင်း ၄၃ မျိုးမျှ ပါဝင်ပြီး ကင်ဆာကြောင့် သေဆုံးရခြင်းရဲ့  ၃၀ % ဟာ ဆေးလိပ်ကြောင့် ပါတဲ့ ။

၆။ Tooth decay ခေါ်တဲ့  သွားပိုးစား သွားပုပ် ရောဂါ ။ခံတွင်း အနံ့ အသက်လည်း ဆိုးရွားစေပါတယ် ။

ရ။Emphysema ခေါ်တဲ့  အဆုပ်လေအိပ်များတွင်လေခိုပြီး ပွပျက်သောရောဂါ ။( ဒါကြောင့် အသက်ရှုရတာ ကြပ်တယ် ။ မောတယ်ပေါ့ )

၈။Osteoporosis ခေါ်တဲ့ အရိုးပွ အရိုးပါး ပြီး အရိုးကျိုးလွယ်စေသောရောဂါ ။

၉။ Heart disease ခေါ် နှလုံးနှင့်သွေးကျော ရောဂါများ ။ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းဓါတ်ဟာ ဦးနှောက်ထဲမှ ဒိုပါမင်းဓါတ်တမျိုးကိုများစေပြီး အဒီနလင်( adrenaline)ကိုပါများစေတဲ့အတွက် နှလုံးခုန်ခြင်းမြန်စေတယ်၊ သွေးတိုးစေတယ်ပေါ့ ။

၁၀။Stomach ulcer ။ ဆေးလိပ်ကြောင့်  အစာအိမ်မှာ အစာခြေရည် အက်စစ်ဓါတ်ထွက်နှုန်း ပို များပြားစေပြီး အစာအိမ် အနာပေါက်ဖို့ လွယ်ကူစေပါတယ်။

၁၁။Discolored fingers ။ ဆေးလိပ်မှာပါတဲ့ တာခေါ်တဲ့ ကတ္တရာဓါတ်ဟာ ဆေးလိပ်ကိုင်သောက်တဲ့ လက်မှာ အရောင်စွဲ ပြီး ပြောင်းလဲစေတတ်ပါတယ် ။

၁၂။Cervical cancer and miscarriage ။ အမျိုးသမီးများမှာ သားအိမ်ခေါင်းကင်ဆာ နဲ့  သားလျှောသားပျက်ခြင်းများဖြစ်စေနိုင်ပါတယ် ။
၁၃။Deformed sperm ။ အမျိုးသားများမှာရှိတဲ့ သုတ်ပိုး အရည်အတွက်လျော့နဲစေခြင်း၊ပုံသဏ္ဍန်ပြောင်းလဲခြင်း၊ DNA ပျက်စီးမှု စသဖြင့်လည်း ဆိုးကျိုးရစေနိုင်ပါတယ် ။

၁၄။ Buerger's Disease ။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောငယ်များ ကျဉ်းစေ ပိတ်စေပြီး ခြေ ၊လက်တွေသို့သွေးလျှောက်လှည့်ပတ်ခြင်းကို ထိခိုက်စေ၍ နောက်ဆုံးတွင် သွေးကြောပိတ် ပြီး ခြေချောင်း လက်ချောင်းများ ထိပ်မှစပြီး ပုတ်ကာ အရောင်မဲ သွားတတ်ပါတယ် ။အဲဒီအခါမှာ အလွန် နာကျင်မှုဝေဒနာကို ခံစားရမှာဖြစ်ပြီး ခွဲစိပ်ဖြတ်ထုတ်ရလောက်တဲ့ အထိဖြစ်တတ်ပါတယ်။

တချို့ က ယူဆနေကြတာ တာ လို့ ခေါ်တဲ့ ကတ္တရာဓါတ်နဲ့  နီကိုတင်းပါဝင်မှုနဲတဲ့  ဆေးလိပ်ကို ရွေးချယ်သောက်ရင် ဘာမှ အန္တရာယ် မဖြစ်နိုင်ဘူး လို့ ထင်နေကြတာ ဟာ မှားယွင်း ပါတယ်တဲ့ ။
ကျန်းမာရေးလည်းထိခိုက် ၊ ငွေကုန်ကျေးကျလည်း များစေတဲ့ ဒီဆေးလိပ်ကို သောက်သုံးနေသူများ ဆေးလိပ်ဖြတ်နိုင်ကြပါစေ ။
ကိုထွန်းဝေစုဆောင်းတင်ပြပါသည်။

No comments:

Post a Comment