Wednesday 20 February 2013

သာကေတတွင်လူငယ်တချို့ထိမ်းသိမ်းခံရ ဈေးဆိုင် အချို့ပျက်ဆီး



ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၉။

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေရပ်ကွက်ရှိ အများသဘောမတူသော အဆောက်အဦးအား ဖျက်သိမ်းရန်
ဖေဖော်ဝါရီ ၁၈ရက်နေ့မှ စတင်ကန့်ကွက်ကြရာ ယနေ့ညနေ
ပိုင်းတွင် စုဝေးကြသော လူစုများမှ ရန်ပြေ(၁၆)လမ်းတွင် နေ
ထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦးအား တာဝန်ရှိသူများက ထိမ်းသိမ်းထားကြောင်း သိရသည်။ ထို့ပြင် ယခုညဆယ်နာရီခန့်တွင် မူးနေကြသော လူတစ်စု၏ ဖျက်ဆီးမှု
ကြောင့် ရန်ပြေ(၇)လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ရန်အောင်လမ်းမ
ထိပ်ရှိ ကုန်စုံဆိုင်တစ်ဆိုင် အပါအဝင် ဈေးဆိုင်အချို့ ဖျက်ဆီးခံရ
ကြောင်း ယင်းလမ်းရှိတာဝန်ရှိသူများက ပြောကြသည်။


ယနေ့ညနေတွင် ရန်ပြေနှင့်မာန်ပြေရပ်ကွက်များတွင် မြို့နယ်
အုပ်ချုပ်ရေးမှူး၏ လက်မှတ်ထိုးဖြင့် ဆူပူမှုများပြုလုပ်ပါက ဖမ်းဆီးအရေးယူခြင်း ခံရမည်ဟု ပါဝင်သောစာရွက်များအား
(၃)မာန်ပြေ ဥက္ကဌဦးကံထွန်းမှတဆင့် ရပ်ကွက်အတွင်း လိုက်လံဝေငှထားသည် ဟုလည်း သိရှိသူများက ပြောကြသည်။
ယခုအခါ လုံထိမ်းတပ်ဖွဲ့ဝင်များစွာ ချထားပြီး ကင်းလှည့်
စောင့်ကြပ်နေသည်ကိုလည်း တွေ့ရသည်။

အောင်သိုက်
Myanmar Age 

No comments:

Post a Comment