Saturday 26 January 2013

ဒေါ်အောင်ဆန်းစုကြည် East West Center ကိုလေ့လာ




အမေရိကန်ပြည်ထောင်စု Hawaii ပြည်နယ်မှာရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ Honolulu မြို့မှာရှိတဲ့ East West Center ကို သောကြာနေ့က သွားရောက်ခဲ့ပါတယ်။

အမေရိကန်နဲ့ အာရှ ပစိဖိတ် ဒေသနိုင်ငံတွေက ပြည်သူတွေကြားမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ နားလည်မှု ပိုရှိဖို့ လေ့လာဆောင်ရွက်နေတဲ့ East West Center မှာငြိမ်းချမ်းရေး တရားမျှတရေး လူ့အခွင့်အရေးနဲ့ ပြန်လည်သင့်မြတ်ရေးကိစ္စတွေကို East West Center တာဝန်ရှိသူတွေနဲ့ဆွေးနွေးမယ်လို့ တွေ့ဆုံပွဲကို စီစဉ်တဲ့သူတွေက ပြောပါတယ်။

ဒေသစံတော်ချိန်သောကြာနေ့ ညနေပိုင်းကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟာဝါရီရောက်မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေနဲ့ ပါတ်သက်လို့ လုံခြုံရေးကို အထူးတင်းကြပ်ထားတယ်လို့ အဲဒီမှာရောက်နေတဲ့ VOA မြန်မာပိုင်း အယ်ဒီတာကို သိန်းထိုက်ဦးကပြောပါတယ်။

News VOA
ဗွီအိုအေ (မြန်မာပိုင်း)
26.1.2013

No comments:

Post a Comment