Saturday 26 January 2013

အမေများနေ့ အတွက်



ချစ်သဒ္ဒါပိုမြဲ
မေတ္တာတွေပိုကဲ
ချစ်ပြည်သူများတူညီကြစေ
အားမာန်အတက်နဲ့ 
ဓါးလှံမဖက်ဘဲ
ကြံဆောင်ရာဝယ်
စုဧကရီဇာနည်ဘွားမို့ 
ဆုတွေဝေတဲ့
အိမ်အပြန်လမ်းကို
ပြည်သူအများပီတိဖြာဝေ
ဒီမြေကြီးဝယ်
အောင်သပြေပန်းနှင့်
လှမ်းလင့်ကာကြို
ချစ်မေမေသို့ ....။

ကိုထွန်းဝေ
လေးစားစွာဖြင့်မျှဝေပေးပါတယ်။
26.1.2013
ဓါတ်ပုံ Mya Thandar
 

 အမေ့တိုင်းကိုသတိရလို့  အမေများနေ့ လို့ ခေါ်တဲ့ နေ့ ကိုသတိရလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အော် ... အမေတွေကျေးဇူးတရားကြီးမားပါလားနော် နို့ တလုံးဘိုးစို့ ခဲ့တဲ့ သားတို့ တတွေ တာဝန်တွေ ကျေးဇူးတွေဆပ်လို့ မကုန်နိုင်ပါဘူးအမေရယ်


လောကကြီးမှာ အမေတွေအများကြီးဘဲ
ချစ်သဒ္ဒါဆုံမြဲ အနှစ်အကာတွေပေးနေတာလဲ ဒီအမေတွေဘဲ ..
မလုံမလဲနဲ့ သားသမီးတွေကို ၀မ်းတထွာနဲ့ ပြုစုပေးနေတာလဲ ဒီအမေ
အပြောင်းအလဲနဲ့ ဗလောင်းဗလဲကိုခုခံပေးနေတာလဲ ဒီအမေ
သမုဒ္ဒရာ ပင်လယ်ပြင်ဝန်းကျင်မှာ သားဆိုးသားမိုက်တွေအတွက် ရတက်မအေးတာလဲ ဒီအမေဘဲ။
တူနှစ်ကိုယ်တဲအိုပျက်ဆိုတဲ့ ခေတ်မရှိပေမယ့် စနစ်ဆိုးကို ပညာတွေအထပ်ထပ်ပြ ဇရာကိုခ၀ါချပြီးသားသမီးမြေးမြစ်တွေအတွက် ရှေ့ဆောင်လမ်းပြတာ ဘယ်အမေရှိသေးလဲ။
ငါဆိုတဲ့မာန်မာန မထားဘဲ အားလုံးအတွက် နှလုံးလှပြီး သုံးမရတဲ့သူရယ်လို့  တင်စားရင် အမေဆိုတာ ရင်ထဲမှာကျန်ပါသေးတယ်။
လောကကြီးကို ကဇောင်းတင်မယ့်အမေဆိုတာ ကို ယ့်ဖက်ကအကောင်းမြင်မှ သူ့ ဖက်မှာအကြောင်းထင်မပေါ့။
အမေ့အတွက် ဒီရင်မှာစာဖွဲ့ ရရင် အတ္တတွေကိုရှောင် စေတနာကိုဆောင်လို့ အကြင်နာတွေပေးတာ ဘယ်သားသမီးရှိဘူးလဲ.။
ရှိတဲ့သားသမီးက တော့ ရွှေပါဘဲ လို့ ။ဒီလောက်နဲ့ ဘဲကျေနပ်ပေးပါ အမေအကြောင်းရေးရရင် ပြီးဆုံးနိုင်မှာမဟုတ်ပါဘူး သိပ်ကြီးမားတဲ့မေတ္တာတရား ခန္တီပါရမီရှင်ဟာ အမေတိုင်းပါဘဲဗျာ..။ဟာဝိုင်ယီရောက်နေတဲ့အမေဆိုရင် ပြည်သူတွေကို ဘ၀တွေကို ပေးဆပ်တာတွေများနေလို့ ဘာနဲ့ မှနှိုင်းရေးလို့ မရနိုင်ပါဘူး

ကိုထွန်းဝေ
26.1.2013
မေတ္တာဖြင့် မျှဝေပေးပါတယ်
ဓါတ်ပုံ Mya Thandar

No comments:

Post a Comment