Tuesday 22 January 2013

ပြည်သူ့ ရတနာ


ပြည်သူ့ ရတနာ



အသဲထဲရစ်နှောင်
နှလုံးသားထဲစွဲချစ်တာတောင်
လွမ်းတသသနဲ့ 
အငမ်းမရချစ်နေတဲ့ပြည်သူတွေ
ဟိုနေရာလည်းဒေါ်စု
ဒီနေရာလည်း အဖော်ပြု
လူထုအတွက်သက်ဆုံးတိုင်
မနားတမ်းတစ်ကုတ်ကုတ်
အားထုတ်နေတဲ့ဒို့ အမေ

အနေဝေးလို့ ကျနော်
သွေးအေးမသွားပါဘူး
ရာသီတွေပြောင်း
နှစ်တွေဟောင်းလဲ
မေတ္တာကမ္ဘာ
မခြားစေပါဘူးကွယ်
သစ္စာကိုအရင်းတည်ထားတော့
ချစ်တာတွေတနေ့တခြား
ပြည်သူနဲ့ အမေကြားမှာ
ပျားသကာရေဂဟေဆက်ကာထားခဲ့တယ်။

သတင်းတွေမှာအတင်းတွေပါလို့ 
အနှစ်တရာ ပစ်မခွာရက်လေနှင့်
ချစ်စိတ်တွေ မယိုင်မလဲ
သစ္စာပန်းတွေခိုင်ခိုင်မြဲ
ချစ်ပန်းတိုင် ပိုင်ပိုင်စွဲလို့
ရင်ခွင်ကြားမှာ ဒီစကား
ပြည်သူ တွေရဲ့  ရတနာတပါး...။ ။

ကိုထွန်းဝေ

22.1.2013

မေတ္တာဖြင့်မျှဝေအပ်ပါတယ်..။

No comments:

Post a Comment