Sunday 6 January 2013

တမ်းတမ်းတတ


တမ်းတမ်းတတ

တမ်းတကာရည်ရွယ်
ရှင်သန်ကာ ကြီးထွား
လမ်းစမှန်ကို ဦးတည်ပေး
သွေးသားအစစ်မှန်မှ
ရင်အခံမှာ မှန်ကန်စွာပေါက်ဖွားဖို့ 
မေတ္တာဓါတ်တွေ စုံပေမှ
တီတီတာတာချစ်စကားနဲ့ 
မပီကာပီလာ အမေ့အနားမှာ
အလင်းရောင်ဖွင့်ထားပေမဲ့
စိတ်သန်တာ ရိပ်မှောင်ကျပါဘူး
ဒူးမထောက်တဲ့  ဒို့ အမေ
ပြုံးပျော်ကြည်နူးနေ
ဘယ်အခြေကြပ်တည်းနေပေမဲ့
အဝေးအနီးက သားသမီးတွေအတွက်
ဘယ်တော့မှ ကွေးမညွှတ်ဘူး
အားဆက်ကာ ကြံ့ ကြံ့ ခိုင်မာဖို့ 
မှန်းဆ ဆုတောင်း ။


ဓါတ်ပုံနဲ့ သတင်းလေးတက်လာလို့  ကောက်ရေးလိုက်တာပါ
မိတ်ဆွေများအားခင်မင်လေးစားလျက်

ကိုထွန်းဝေ
6.1.2012

ဓါတ်ပုံ ဒီဗွီဘီ
အောင်ဆန်းသွေးမို့  အမေလမ်းပြကြယ်အတွက် ဘယ်တော့မှ ကွေးမညွှတ်ဘူး ဆိုတာ သား ယုံတယ်အမေ။အမေလှနေတုံးပါတကား။

No comments:

Post a Comment