Monday 28 January 2013

ဗြောင်လိမ် ဗြောင်စား (ငရဲသား)

ပြည်တွင်းက popular news journal faceboook page မှာ တရုတ်သံရုံးက ကြေညာချက်ဆိုတာကို ဖတ်လိုက်ရပါတယ်..။ အစစ်လို့ ယူဆပါတယ်..။
အောက်ပါလင့်မှာ ရှိပါတယ်..။

တကယ်လို့ ကြေညာချက်ဟာ အစစ်မဟုတ်ဘူးဆိုရင်လည်း မကြာခင် ဒီသတင်းကို တရားဝင် ငြင်းဆိုမှာပါပဲ...။

https://www.facebook.com/PopularNewsJournal?ref=ts&fref=ts

မြန်မာဘာသာပြန်တာကို မောက်မာတဲ့အသုံးအနှုန်းနဲ့ ရေးထားတာကို တွေ့လို့ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်..။

တရုတ်ရဲ့ လူဝါးဝမှုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ၂၀၀၉ ခုနှစ်လောက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့နေတဲ့ ပုံတွေကို ကြည့်ရင် အစဉ်အဆက် လက်နက်ရောင်းခဲ့သလား မရောင်းခဲ့ဖူးလား ကြည့်ရင်သိပါတယ်..။ ဘယ်နိုင်ငံလုပ်လဲ သိပါတယ်..။

တရုတ်နိုင်ငံရဲ့ လက်နက်ကုမဏီဆိုတာဟာ ဗဟိုအစိုးရဖြစ်တဲ့ ကွန်မြူနစ်ပါတီရဲ့ သြဇာမရှိဘဲ လက်နက်ကို မှောင်ခိုရောင်းချလို့မရဘူး ဆိုတာ ဖတ်ဖူးပါတယ်.. ။ ပွင့်လင်းစွာပြောရရင် ပုဂလိက အမည်ခံ အစိုးရလက်နက်ထုတ်လုပ်သူတွေပါပဲ...။


လစ်ဗျားကို တိုက်တာကို တရုတ်ကကန့်ကွက်တယ်.။
အနောက်အုပ်စုမီဒီယာတွေက တရုတ်က လက်နက်ရောင်းတယ်လို့ စွပ်စွဲတယ်..။
တပ်ရုတ်က ငြင်းတယ်..။
ဒါပေမယ့် ကဒါဖီအစိုးရ ပြုတ်ကျချိန်မှာ ထွက်လာတဲ့ လက်နက်အရောင်းအ၀ယ်စာချုပ်မျိုးတွေ ဘွားဘွားကြီးပေါ်လာတဲ့အတွက်.
ရေနံအပါအ၀င် တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုကို နောက်တက်လာတဲ့ အာဏာပိုင်တွေက ပယ်ချခဲ့ဖူးပါတယ်..။

ဆူဒန်နိုင်ငံ ဒါဖာဒေသ တိုက်ပွဲတွေတုန်းကလည်း ဆူဒန်အစိုးရနဲ့ လက်နက်နဲ့ရေနံ လဲလှယ်ခဲ့သလို တစ်ဖက်လက်နက်ကိုင်အင်အားစုနဲ့လည်း လက်နက်အရောင်းအ၀ယ်လုပ်ခဲ့တဲ့အတွက် ပြည်တွင်းစစ်ရှည်ကြာပြီး လူနှစ်သိန်းလောက် သေဆုံးခဲ့ပါတယ်..။

အပြည့်အစုံကို မနှစ်ကရေးထားတဲ့ ဒီပို့စ်ကို ပြန်ဖတ်ကြည့်ကြပါ..။
https://www.facebook.com/photo.php?fbid=411171608918918&set=a.144179475618134.15109.100000782479502&type=3&src=https%3A%2F%2Ffbcdn-sphotos-a-a.akamaihd.net%2Fhphotos-ak-ash3%2F560897_411171608918918_1397817465_n.jpg&size=640%2C411

အဲဒီတော့က အခု ၀ ကိစ္စမှာလည်း လွန်ခဲ့တဲ့ လေးနှစ်ကျော်ကတည်းက ကားတွေ၊ AA vehicle ပုံစံတွေနဲ့ ရရှိထားတဲ့ စက်သေနတ်နဲ့ မောင်းပြန်ရိုင်ဖယ် အသစ်စက်စက်တွေကို ကြည့်ရင် လုံးဝမပတ်သက်ဘူးဆိုတာ ဗြောင်လိမ်တာပါပဲ..။

ပြန်စဉ်းစားကြည့်ရင် နဂါးက ကျွန်တော်တို့အပေါ်မှာ ဆိုပေမယ့် ခြေသည်းက ကျွန်တော်တို့ ဂုတ်ပိုးထဲ ၀င်နေတာ ကြာပေါ့..။

ခြေသည်းနဲ့ ကုတ်မဆွဲသေးလို့ မသိကြတာလား...။

အပေါ်ပိုင်းတစ်ခုလုံး ပဲ့ပါသွားမှ သိကြမှာလား..။

မဟာဗျူဟာကို နားလည်ရဲ့သားနဲ့ ကျေးဇူးရှင်ကို ပေးဆပ်နေကြတာလား..။

ကျွန်တော်တော့ နားမလည်တော့ပါ..။

သေချာတာကတော့ ပစ်မှတ်တွေ မှားနေတယ်ဗျ..။

၁၉၆၇ ပြည်မကြီး တရုတ်တွေနဲ့ ဖြစ်တဲ့ တရုတ်-ဗမာ အရေးအခင်းအပြီးမှာ ...

ဗကပ လို့ ခေါင်းစဉ်တပ်ထားတဲ့ PLA တပ်မတော်က ဗကပ ယူနီဖောင်းနဲ့ တမျိုး ပေါ်တင်တမျိုး အင်အားသုံးလာတိုက်ခဲ့လို့ ... မြန်မာ့တပ်မတော်သား အမြောက်အများ ကျဆုံးခဲ့တာတွေ၊
ဦးနေ၀င်းအစိုးရနဲ့ မကျူးကျော်ရေးစာချုပ် ချုပ်ခဲ့ရတာတွေ

လက်ရှိအချိန်အထိ အကျိုးအမြတ်အဓိကထားပြီး စီးပွားရေး ဂုတ်သွေးစုတ်နေတာတွေ..။

တစ်နှစ်ကို မြန်မာတိုင်းရင်းသားအမျိုးသမီး သောင်းနဲ့ချီပြီး အဓမ္မ ပေါင်းသင်းခံနေရတာတွေ ..။

တာတွေ ...တာတွေ .. ကို မသိချင်ယောင်ဆောင်နေတဲ့ ခင်ဗျားတို့ကို အံ့သြပါတယ်..။

တရုတ်ကို ထွက်တိုက်ရမယ်၊ ၀ကို ထွက်တိုက်ရမယ်လို့ မဆိုလိုပါ..။

Diplomacy ကစားတိုင်း အောက်က ခံဖက်ကချည်းပဲ ဖြစ်နေလို့ တိုက်တွန်းတာပါ..။
------------------------------------------------------------------------------------------------------

မှတ်ချက်- အဲဒါကြီးကိုကြတော့ ၂၀၀၈ အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့် ပေးထားသဗျ..။

ကိုယ့်လည်ပင်းဖြတ်မယ့် ဓါးကို ..သူများက သွေးနေတယ်..။ အဲဒါကို ကိုယ်က ဥပဒေဘောင်ထဲက တယုတထ သိမ်းဆည်းထားပေးတာများ ..။

အဲဒီဥပဒေကိုလည်း မပျက်ပြယ်အောင် ကာကွယ်စောင့်ရှောက်လိုက်သေးသဗျ..။

စံပါပဲ..။

ဆင်ပြောင်ကြီးကိုကျတော့ တရုတ်တပည့်လို့ ဘယ်သူမှ မပြောကြပါလား..။

==================================================================
အဲဒီကြေညာချက်က အစစ်ဆိုတာ သေချာသွားပါပြီ ..တရုတ်သံရုံးက ကြေညာတဲ့ မူရင်းလင့်ကို ပူးတွဲတင်ပေးလိုက်ပါတယ်..။
http://mm.china-embassy.org/eng/sgxw/P020130127811402919010.pdf

No comments:

Post a Comment