Thursday 24 January 2013

သတိသာထား အမောင်ကျားတို့





 
... ဒိသာပါမောက္ခ ဆရာကြီးက တပည့်တွေကို

ပညာစုံသင်ပေးပြီး သူတပည့်တွေကို နေရပ်ဌာနေကို ပြန်ခိုင်းလိုက်တယ်

အယ့်ဒီအချိန်မှာ တပည့်တစ်ယောက်ဟာ ပြန်လည်ရောက်ရှိလာတယ်

ဒိသာပါမေက္ခဆရာကြီးဟာ တပည့်ဖြစ်သူကို ဘာအမှုကိစ္စကျန်ခဲ့လို့ ပြန်လာတာလည်း

မေးမြန်းတဲ့အခါမှာ တပည့်ဖြစ်သူဟာ ဆရာကြီးခင်ဗျာ အမေဆီကိုပြန်တော့ အမေက

သားဖြစ်သူ ကျွန်တော့်ကို အသာတမန္တာန် မသင်ပေးလို့ အယ့်ဒီပညာရပ် ကျန်သေးတယ်

ဆရာထံမှာပြန်သွား သင်ယူပါဆိုပြီး ဆရာ့ထံပြန်လွတ်လိုက်ပါတယ်ခင်ဗျာ။

 
သားကို သားရဲ့ဆရာ ပညာကုန် သင်ပေးတာမဟုတ်ဘူး တစ်ခုကျန်တာ

မိခင်ကသင်ကြားချေဆိုပြီး လွတ်လို့လာရတာပါဆရာဆိုပါတယ်။

တကယ်တော့ အမေဖြစ်သူက သားကို အိမ်ထောင်မပြုစေချင်သဖြင့် မိန်းမတို့၏ အပြစ်ကို


သိစေရန်ပရိယာယ်သုံးကာ အသာတမန္တာန်ကို သင်ယူစေခြင်းဖြစ်ပါတယ်။ 

ဒါကို ဆရာကလည်း နားလည်တော့ အေးကွာ အယ့်ဒီပညာရပ် မင်းကိုဆရာကြီးသင်ပေးပါ့မယ်

ငါခိုင်းတာတသွေမတိမ်း လုပ်ရမယ် လုပ်နိုင်ရင်တော့ ကတိပေးပါဆို ကတိတောင်းတယ်

တပည့်ကလက်ခံပြီး ကတိပေးလိုက်တယ်။ 


ဒီနေ့ကစလို့မင်းငါတပည့်ပေမယ့် ငါ့အမေအို အသက် တစ်ရာ့နှစ်ဆယ်ရှိသောအဖွားအိုကို ချေဆုတ်လက်နယ်ပြုစုပါ

ရေချိုးပေးပါ အမွေးနံသာလိမ်းကျံပေးပါ အယ်လိုမျိုးသူရဲ့ကိုယ်စား

လုပ်ပေးတိုင်းပြုစုတိုင်းမှာ အဖွားအိုကို အသားလေးကဖြင့်နုညံ့လိုက်တာ

အဖွား ငယ်ငယ်က အသားလေးဆို တော်တော်လှပ ၀င်းစိုနုညံ့နေမှာနော်နဲ့ပြောခိုင်းတယ်။

အဖွားမျက်လုံးလေးဟာဖြင့်လှပလိုက်တာ ငယ်ငယ်တုန်းကဆိုသောက်ရှုးကြယ်လို

ဝင်းပရွန်းတင့် ဖိတ်လက်နေမှာပေါ့နော် အခုချိန်ထိအဖွား မျက်လုံးလေးဟာဖြင့်

အခုချိန်ထိ ၀င်းပနေတုန်းပါပဲ ၀င်းလဲ့နေတာပါပဲဆိုပြီး ပြောပေးခိုင်းတယ်။ အဖွားရဲ့

အသံလေးဟာဖြင့်ဆိုရင် ငယ်ငယ်တုန်းကဆို သိပ်သာယာမှာပဲနော် စမ်းရေစီးသံလို

ချိုမြနေတယ် အခုချိန်အထိ အဖွားအသံဟာ ကြည်လင်နေတာပေါ့နော် ဆိုပြီး

အသားအရေ မျက်လုံးမျက်ဖန် ကိုယ်လုံးမှအစ ချီးမွန်းခန်း ဖွင့်ပေးနေရတယ်

ဆရာခိုင်းတဲ့အတိုင်း တပည့်ဟာ တသွေမတိမ်း လုပ်ပေးပြောဆိုနေရတာ

အချိန်လေးရလာတော့ အဖွားအိုကို တဖန်ချစ်စကားပြောဆိုခိုင်းတယ် အဖွားအိုက

ပြန်ချစ်ခင်ဖက်တွယ် စွဲလန်းငြိတွယ်လာတယ်။


 အယ့်ဒီအချိန်မှာ ဒိသာပါမောက္ခကြီးဟာသူအမေအိုကြီးဟာဖြင့် သက်စေ့ 

ကံကုန်ချိန်တော့ရောက်နေပြီ ဆိုတာတွက်ချက်ကြည့်တော့ သိနေတယ် နောက်တဖန် 
ငါ့တပည့်ရေ မင်း ငါ့အမေအိုကြီးကို

ဒီနေ့မှာငါ့ကိုသတ်ပြီး တူတူပေါင်းသင်းချင်တယ် ဆရာကြီးရှိနေလို့ ကြောက်ရပါတယ်

အမေအိုကြီးရဲ့ သား ဆရာကြီးဖြစ်သူကို သတ်ပေးရင်ဖြင့် တူတူမှေးစက်လို့ ပျော်ပွဲ

ဆင်နွဲ လိုက်ချင်စမ်းလှပါဘိလို့ပြောပြီး လုပ်ဆောင်ခိုင်းလိုက်ပါတယ်။ အဖွားအိုကို

ဆရာကြီးရဲ့ တပည့်က သူ့ဆရာပြောခိုင်းသည့်အတိုင်း ပြောပြတဲ့အခါမှာ

အေး အမောင်ဖြစ်စေ့ချင်တာ ဖြစ်ရမယ်ကွဲ့ဆိုပြီး အဖွားအိုကပြောတယ် အမောင်ရေ

စိတ်သာချတော့ ဒီညတော့ ဒင်းကို အပြတ်ရှင်းပေးပါ့မယ်ကွယ် အယ့်ဒီညမှာပဲ

သားဖြစ်သူ ဒိသာပါမောက္ခဆရာကြီးဟာ သူအိပ်ရာကုတင်ထက်မှာ ခေါင်းအုံးတွေထား

ရသဖန်းသားတုံးကို မိမိ၏ ကိုယ်ပမာဏအတိုင်း ထုလုပ်ကာ အိပ်ပျော်ချင်ဟန်

ဆောင်လုပ်ပြီးထားစေတယ် ပြီးမှ တံခါးအကွယ်ကနေ

အသာလေးချောင်းကြည့်နေတယ်။ အယ့်အချိန်မှာ အမေအိုကြီးဟာ သူ့သားတော့

အိပ်ပျော်နေပြီဆိုပြီး တုန်ချိချိအဖွားအိုဟာ သတ္တိတွေအပြည့်နဲ့ ဓါးကိုကိုင်စွဲလို့

သားဖြစ်သူကို ခုတ်သတ်လိုက်တာပေါ့ သူခုတ်လိုက်တာဟာ သားဖြစ်သူ

မဟုတ်လေတော့ ရေသဖန်းသားတုံးဟာ ဒုတ်ဆိုမြည်တယ် အဲ့ဒီအချိန်မှာ

သားဖြစ်သူဟာ ဒိသာပါမောက္ခဆရာကြီးဟာ တံခါးအကွယ်မှထွက်ပြီး အမေ

ဘာလုပ်လိုက်တာလဲအမေရယ်ဆိုပြီး သူရဲ့ အမေအိုကြီးကို အနောက်နားမှနေပြီး

လှမ်းပြီးမေးလည်းမေးလိုက်ရော အမေအိုကြီးဟာ တခါထဲထိပ်လန့်ပြီး အသက်

သေဆုံးသွားပါတယ်။

သူတပည့်ဖြစ်သူကို တပည့် သင်သည် ငါ့မိခင်အိုကြီး၏ အပြစ်ကို သင်ကိုယ်တိုင်မြင်၍

မိန်းမတို့၏အပြစ် အသာတမန္တာန်ကို သင်ပေးလိုက်ပါပြီ ငါ့တပည့်

မင်းလည်း သိလောက်ပြီမို့ မင်းနေရပ်ပြန်နိုင်ပါပြီဆို ပြောဆိုတယ်။

တပည့်ဖြစ်သူဟာဆရာကြီးအမေရဲ့အသက်နဲ့ရင်းပြီးသင်ခဲ့ရတာမို့

ငိုကြွေးလို့တောင်းပန် ကန်တော့ရှာပါတယ်။

တပည့်ရေ မင်းမှတ်ထားပေါ့ကွာ

မိန်းမများသည် ကာမဂုဏ်စိတ်ဝင်လာလျှင် အသက်အရွယ်ကိုလည်း မဆင်ခြင်၊

ကျေးဇူးတရားကိုလည်း မထောက်ထားဘဲ မိုက်မှားတတ်ကြသည်။

လောက၌

မိန်းမတို့သည် ယုတ်မာသောသဘောရှိ၍ ဆင်းရဲ အမျိုးမျိုးကိုပေးတတ်ကုန်၏။

ကာမဂုဏ်ကို ပယ်ခွာမှ ချမ်းသာမှုကို ရနိုင်မည်။

မိန်းမအတွက်ကြောင့် မိမိကိုယ်ကို အနစ်မွန်းမခံသင့်ကြောင်း၊ ကိလေသာဟူသည်

ပုထုဇဉ်မှန်က ကြီး ငယ်မဟူ မည်သူ့သန္တာန်မှာမဆို ဖြစ်တတ်ကြောင်းကိုလည်းကောင်း၊

ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဟူသော မရှက်သုံးပါးကိုလည်းကောင်း

မိန်းမယောက်ျား၊ မြင်ဖန်များသော်၊

ကျွန်ပင်တမင့်၊ ဖြစ်လင့်ကစား၊

မိုးနတ်သားသို့၊ ထင်မှားမယွင်း၊

တပ်မက်လျဉ်းခဲ့ ဟူသောသဘောကို ပြောပြီး နေရင်းရပ်ဌာနေကို တပည့်ဖြစ်သူကိုပြန်လွတ်လိုက်ပါတော့တယ်။ ။



ကျမ်းညွှန်း ။ ။ ခုဒ္ဒကနိကာယ် ဇာတ်အဋ္ဌကထာ ဣတ္ထိဝဂ်၊ အသာတမန္တဇာတ်။

ပလီပလာ တီတီတာတာ သာယာသောစကားတို့ကို ခုံမင်နှစ်သက်စွဲလန်း

ငြိတွယ်နေကြကုန်သော ကြီးငယ်မဟူ သတိချပ်လော အသိကပ်လော

ငယ်စဉ်အခါက ဖတ်ခဲ့ဘူးသော ဇာတ်တော်လေးကို

စာပေချစ်ခင်သူ မိတ်ဆွေများ အတွက်လက်ဆောင်မွန်




မမပေးပို့ ပါတယ်

No comments:

Post a Comment